မုန့်ကျွဲသည်း

by ရွှေရည်ဖြိုး for Food Magazine

          မြန်မာ့ရိုးရာ မနက်ခင်းစာအတွက် အိအိလေးနဲ့ စားလို့ကောင်းတဲ့ မုန့်ကျွဲသည်းလေးပါနော်။

ပါဝင်ပစ္စည်းများ

ဆန်ကြမ်း  –  ၃ လုံး

ထန်းလျက်  –  ၅၀ ကျပ်သား

ရေ  –  နို့ဆီဘူး ၁၀ ဘူး

ထုံး  –  အထုပ်သေး ၁ ထုပ်

ဆား  –  လက်ဖက်ဇွန်း ၁ ဇွန်း

အုန်းသီး  –  ၁ လုံး

ပြုလုပ်နည်း

၁။       ဆန်ကြမ်းကို ရေစင်အောင် ဆေး၍ ထုံးနှင့် ရောမွှေပြီး တစ်ညသိပ် (သို့) ၆ နာရီခန့် ရေစိမ်ပါ။

၂။       တစ်ညသိပ်၍ ရေစိမ်ထားသော ဆန်ကြမ်းကို ရေ ၃ ထပ်ခန့် ဆေးပြီး ကြိတ်ပါ။

၃။       ထန်းလျက်ကို ရေ နို့ဆီဘူး ၁၀ ဘူးနှင့် ကျိုပြီး စစ်ထားပါ။ ဆား အနည်းငယ်ထည့်ပါ။

၎။       ကြိတ်ပြီးသော ဆန်နှစ်ရည်နှင့် ကျိုထားသော ထန်းလျက်ရည်တို့ကို ရောစပ်ပြီး ကျိုပါ။

၅။       အောက်မီးများများနှင့် မိနစ် ၂၀ ခန့် ကျိုပြီး မီးလျှော့ပါ။

၆။       ၂၅ မိနစ်ခန့် ညောင်စေးကျသည်အထိ ကျိုပါ။

၇။       ညောင်စေးကျလာလျှင် ဆီအနည်းငယ်သုတ်ထားသော မုန့်ဗန်းထဲ လောင်းပြီး အအေးခံပါ။

၈။       မုန့်အပေါ်မှာ ဖြူးပြီး စားရန် အုန်းသီးခြစ်ထားပါ။

၉။       အအေးခံပြီး ၂ နာရီအကြာမှာ ဓားတွန့်ဖြင့် လှီး၍ လိုသလို ပုံသွင်းပြီး အုန်းသီးလေးများ အပေါ်မှာ ဖြူး၍ အဆင်သင့်စားသုံးနိုင်ပါပြီ။

Facebook Comments