
by ရွှေရည်ဖြိုး for Food Magazine
ဒီမုန်လေးမှာ ကြက်ဥပါဝင်ပြီး မုန့်ရဲ့အပေါ်မှာ နံနံပင်နှင့် ပဲပြုတ်ကို ဖြူးစားလိုက်ရင် အိဆိမ့်ပြီးတော့ စားလို့အလွန်ကောင်းတဲ့ မုန့်ဖြစ်ပြီး လုပ်ရတာလည်း လွယ်ကူပါတယ်။
ပါဝင်ပစ္စည်းများ
ဆန်ချော – ၁ ပြည်
ကြက်ဥ – ၃ လုံး
ဆား – လက်ဖက်ဇွန်း ၁ ဇွန်း
နံနံပင် – ၁၀ ကျပ်သား
ပဲပြုတ် – ၂၀ ကျပ်သား
ဆော်ဒါ – အနည်းငယ်
ဆီ – ၁၀ ကျပ်သား
နှမ်းထောင်း – ၁၀ ကျပ်သား
ပြုလုပ်နည်း
၁။ ဆန်ချောကို ရေစင်အောင် ဆေးပြီး ၄ နာရီခန့် ရေစိမ်၍ ကြိတ်ပါ။
၂။ မုန့်နှစ်ရည်ကို အရည်ကြည်ခံပြီး ၂ နာရီခန့်ကြာလျှင် အပေါ်အရည်ကြည်ကို သွန်ပါ။
၃။ ကြက်ဥ၊ ဆားနှင့် ဆော်ဒါတို့ကို မုန့်နှစ်နှင့် သမအောင် ရောမွှေပါ။
၎။ ၁ နာရီခန့် မုန့်ဖောက်ချိန်ပေးပြီး အပေါ်မီးများများ၊ အောက်မီးနည်းနည်းနှင့် ဒယ်အိုးကို ဆီသုတ်၍ ဖုတ်ပါ။
၅။ ရေဆေးပြီး ပါးပါးလှီးထားသော နံနံပင်နှင့် ပဲပြုတ်ကို မုန့်နှစ်ပေါ်မှာ ဖြူးထားပါ။
၆။ ၃ မိနစ်ခန့်ကြာလျှင် အထက်အောက် လှန်ပေးပြီးလျှင် မုန့်ကျက်ပါပြီ။
၇။ မုန့်ကျက်လျှင် အပေါ်မှာ နှမ်းထောင်းလေးဖြူး၍ လိုသလိုပုံသွင်းပြီး အဆင်သင့် စားသုံးနိုင်ပါပြီ။