
by ရွှေရည်ဖြိုး for Food Magazine
ရုံးပိတ်ရက်လို အားတဲ့ရက်တွေမှာ မိသားစုနဲ့ မြန်မာမုန့်တွေ လုပ်စားရင်း အချိန်ကို ကုန်ဆုံးလိုက်ပါနော်။
ပါဝင်ပစ္စည်းများ
ကောက်ညှင်း – ၁ ပြည် ၃ လုံး
ဆန်ချော – ၁ လုံး
ထန်းလျက် – ၃၀ ကျပ်သား
ဆား – အနည်းငယ်
ပဲဆီ – ၁ ပိဿာ ၅၀ ကျပ်သား
ဆော်ဒါ – အနည်းငယ်
ချင်း – ၅ ကျပ်သား
နှမ်း – ၂၅ ကျပ်သား
ရေ – နို့ဆီဘူး ၄ ဘူး
ပြုလုပ်နည်း
၁။ ကောက်ညှင်းနှင့် ဆန်ချောရော၍ ရေစင်အောင်ဆေးပြီး ၄ နာရီခန့် ရေစိမ်၍ ကြိတ်ပါ။
၂။ မုန့်ညက်ရရန် ၄ နာရီခန့် အဝတ်ထဲထည့်ပြီး ကြိုးချည်၍ အလေးဖြင့် အပေါ်မှာဖိပြီး ရေစစ်ထားပါ။
၃။ မုန့်ညက်ရလျှင် ဆားနှင့် ဆော်ဒါထည့်ပြီး မုန့်သားကျအောင် နယ်ပါ။
၎။ ချင်းကို ထောင်းပြီး အရည်ညှစ်ထည့်၍ မုန့်ညက်ထဲ ရောနယ်ပါ။
၅။ ဒယ်အိုးထဲ ဆီပူလာလျှင် မုန့်အကွင်းလေးများလုပ်၍ ထည့်ကြော်ပါ။
၆။ ထန်းလျက်ကို ရေ နို့ဆီဘူး ၄ ဘူး ထည့်၍ ညောင်စေးမကျတကျ ကျိုထားပါ။
၇။ မုန့်လက်ကောက်ကြော် အကွင်းလေးများ ကြွပ်၍ ရဲလာလျှင် အိုးမှ ဆယ်ယူပြီး ဆီစစ်ထားပါ။
၈။ ဆီစစ်ပြီး မုန့်လက်ကောက် ကြော်လေးများကို လိုသလို ညှပ်၍ အပေါ်မှာ ထန်းလျက်ရည်လေးနှင့် ဆမ်းစားပါ။ (သို့) တို့စားပါ။