မုန့်လက်ဆောင်းဖတ်

by ပန်းခရေ for Food Magazine

          သင်္ကြန်ခါ အိမ်မှာ မုန့်လက်ဆောင်းဖတ်လေးတွေ ကိုယ်တိုင်လုပ်ကြမလားရှင်။ လွယ်ကူတာမို့ ချစ်တဲ့အိမ်ရှင်မတွေလည်း လုပ်ကြည့်ပါနော်။

ပါဝင်ပစ္စည်းများ

ဆန်မှုန့်  –  ၁၅ ကျပ်သား

ကော်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ဆွမ်းမွှေးရွက် (သို့) ဆွမ်းမွှေးဆီ  –  စတီးဇွန်း ၂ ဇွန်း

အစားအစာသုံးအစိမ်းရောင် color ထုံးရေကြည်  –  ၁  ၁/၂ လီတာ

ရေခဲရေ

ပြုလုပ်နည်း

          ဦးစွာ ထုံးကို ရေ ၁ ၁/၂ လီတာ ပိုမိုထည့်ပြီး အရည်ကြည်ခံထားပါ။ ထုံးတွေ အောက်ခြေမှာ အနည်ထိုင်လာရင်တော့ အရည်ကြည်ခပ်ယူပြီး ဆန်မှုန့်၊ ကော်မှုန့်နဲ့အတူ နှံ့စပ်အောင် ရောသမပါ။ အလုံးအခဲမကျန် ချောမွတ်သွားပြီဆိုရင် မီးအေးအေးနဲ့ မီးဖိုပေါ်တင်ပြီး မွှေပါ။ အဆက်မပြတ်မွှေ နေရပါမယ်။ တဖြည်းဖြည်း မုန့်နှစ်တွေ ပျစ်လာပါမယ်။ ခပ်တင်းတင်းလေးရအောင် ခပ်ကြာကြာမွှေပါ။ ရေခဲရေ အနည်းငယ်ထဲ စမ်းပြီး အစက်ချကြည့်လို့ ခဲလာရင် ရပါပြီ။ အညာမုန့်လက်ဆောင်းဖတ် အဖြူရချင်ရင်တော့ ဒီအဆင့် ဆိုရပါပြီ။ ရန်ကုန်မုန့်လက်ဆောင်းဖတ်အစိမ်းအတွက် ဆွမ်းမွှေးဆီ စတီးဇွန်း ၂ ဇွန်းနဲ့ အစိမ်းရောင် Color ထည့်မွှေပေးပါ။ ဒါဆိုရင်တော့ မုန့် လက်ဆောင်းအနှစ်ရပါပြီ။ ပြီးလျှင် မုန့်လက်ဆောင်းဖတ်ညှစ်ပါမယ်။ ရေခဲရေအေးအေးပါတဲ့ ဇလုံထဲ အပေါက်ခပ်စိပ်စိပ် ဆန်ခါနဲ့ မုန့်လက်ဆောင်း အနှစ်တွေထည့်ပြီး ဇွန်းနဲ့အသာ ဖွဖွဖိချပေးပါ။ အားနဲ့အများကြီး ညှစ်ချရင် မုန့်ဖတ်မလှပါဘူး။ ဖြည်းဖြည်းမှန်မှန် ညှစ်ချပေးရင် ရေခဲရေထဲ ခဲသွားတဲ့ မုန့်လက်ဆောင်းဖတ်လှလှလေးရပါမယ်။

Facebook Comments

Menu