မုန့်လက်ဆောင်း

 by ရွှေရည်ဖြိုး for Food Magazine

          နွေရာသီရဲ့ အပူဒဏ်တွေကို မုန့်လက်ဆောင်းချိုချို မွှေးမွှေးအေးအေးလေး သောက်ပြီး ကျော်ဖြတ်လိုက်ပါနော်။

ပါဝင်ပစ္စည်းများ

မုန့်လက်ဆောင်းဖတ်  –  ၁ ပြည်

အုန်းသီး  –  ၁ လုံး

နံ့သာပုဆီ  –  အနည်းငယ်

ထန်းလျက်  –  ၅၀ ကျပ်သား

ဆား  –  အနည်းငယ်

ရေ  –  နို့ဆီဘူး ၁၀ ဘူး

အုန်းနို့

အုန်းသီး  –  ၇ လုံး

သကြား  –  ၅၀ ကျပ်သား

ဆား  –  အနည်းငယ်

ရေခဲ  –  ၁ ထုပ်

ပြုလုပ်နည်း

ထန်းလျက်

၁။       ထန်းလျက်ကို ရေ နို့ဆီဘူး ၁၀ ဘူးနှင့် ဆားအနည်းငယ် ထည့်ပြီး ကျို၍ စစ်ထားပါ။

၂။       အုန်းသီးကို ခြစ်ထားပါ။

၃။       ထန်းလျက်ရည်အေးသွားလျှင် မုန့်လက်ဆောင်းဖတ် အနည်းငယ် ထည့်၍ ရေခဲထည့်ပြီး အုန်းသီးဖတ်ကလေးများ ဖြူးပါ။ နံ့သာပုဆီ တစ်စက်၊ နှစ်စက် ပေါက်၍ အေးအေးလေး သုံးဆောင်နိုင်ပါပြီ။

၎။       အငန်အနည်းငယ် ကြိုက်သူများအတွက် နှမ်းထောင်းလေးများ ထည့်၍လည်း သုံးဆောင်နိုင်ပါပြီ။

အုန်းနို့

၁။       အုန်းသီးကို ခြစ်၍ နို့ဆီဘူး ၁၅ ဘူးစာ အရည်ညှစ်ထားပါ။

၂။       သကြားကို ရေ နို့ဆီဘူး ၂ ဘူးစာနှင့် ဆားထည့်ပြီး ကျို၍ စစ်ထားပါ။

၃။       မုန့်လက်ဆောင်းဖတ် အနည်းငယ်နှင့် သကြားရည်၊ အုန်းနို့ရည် ရောစပ်၍ ရေခဲတုံးလေးများထည့်ပြီး အုန်းနို့မုန့်လက်ဆောင်းအဖြစ် သုံးဆောင်နိုင်ပါပြီ။

Facebook Comments