အင်ဇိုင်းဖြင့် ငှက်ပျောရည် (ဖျော်ရည်) စမ်းသပ်ထုတ်လုပ်ခြင်း (Enzymatic Liquefaction of Banana Juice)

by စီစီဝင်း၊ ဆုလွင်ထိုက် for Food Magazine

          အပူပိုင်းဒေသမှ ထွက်ရှိသော အသီးများဖြစ်သည့် မာလကာသီး၊ သရက်သီး၊ ငှက်ပျောသီးနှင့် ပန်းသီးများအပါအဝင် တစ်နည်းအားဖြင့် အရည်ညှစ်ယူရန် ခက်ခဲသည့် အသီးများကို အသီးရည် အလွယ်တကူရရှိနိုင်သည့်နည်းလမ်းမှာ အင်ဇိုင်းအသုံးပြုခြင်း ဖြစ်ပါသည်။

          မြန်မာနိုင်ငံတွင် လူအများစု ကြိုက်နှစ်သက်၍ ပုံမှန်စားသုံးသည့် ပေါပေါများများ ထွက်ရှိသော ရာသီထွက်သီးနှံ ငှက်ပျောသီးမှ ငှက်ပျောရည်ကို အလွယ်တကူ သောက်သုံးရန်အတွက် အင်ဇိုင်းနှင့် ဓာတ်ပြုခြင်းနည်းလမ်းဖြင့် ဓာတ်ခွဲခန်းတွင် လက်တွေ့ စမ်းသပ်ပြုလုပ်ခဲ့ပါသည်။

          ငှက်ပျောသီး (၃) မျိုးဖြစ်သည့် ဖီးကြမ်း၊ တောင်ငူသီးမွှေးနှင့် ငှက်ပျောချဉ်တို့ကို အနာအဆာကင်းမဲ့ပြီး ရင့်မှည့်မှုအဆင့် (Maturity Stage) (၆) ကို ရွေးချယ်၍ စမ်းသပ်ပါသည်။ Maturity Stage အဆင့်များကို ဇယား (၁) နှင့် ငှက်ပျောသီး၏ ဓာတုဖွဲ့စည်းပါရှိမှုများကို ဇယား (၁) နှင့် (၂) တို့တွင် ဖော်ပြထားပါသည်။

          အသုံးပြုသော အင်ဇိုင်းမှာ Pectinex Ultra SP-L Novozymes; Brand : SIGMA, USA နှင့် Enzymatic Activity မှာ 26000 PGU/ml, pH 3.5-6 နှင့် <50˚C  ဖြစ်ပါသည်။ Multi-Vortex Trading Co., Ltd. မှ မှာယူအသုံးပြုခြင်းဖြစ်ပါသည်။

          ဖော်ပြပါနည်းအတိုင်း စမ်းသပ်ပြုလုပ်ခြင်းတွင် ရွေးချယ်ခဲ့သော ပြောင်းလဲကိန်း (အင်ဇိုင်းပါဝင်မှုပမာဏ၊ ဓာတ်ပြုအပူချိန်နှင့် ဓာတ်ပြုထားရှိသည့် အချိန်) စမ်းသပ်မှုများမှ တစ်ဆင့် အကောင်းဆုံး (အသင့်တော်ဆုံး) အခြေအနေမှာ-

          စီးပွားဖြစ်ထုတ်လုပ်ထားသော အင်ဇိုင်း (commercial enzyme) ဖြင့် ထုတ်လုပ်ရရှိသော ငှက်ပျောရည် (၃) မျိုး၏ ထွက်ရှိနှုန်းမှာ ကောင်းမွန် (အရည်ပမာဏများများ ထုတ်နုတ်ရရှိနိုင်ခြင်း) ပြီး အရည်အသွေးမှာ အနံ့၊ အရသာပြည့်စုံ၍ ကြည်လင်သော အရည်များကို ရရှိခဲ့ပါသည်။

Facebook Comments