
by စီစီဝင်း၊ ဆုလွင်ထိုက် for Food Magazine
(Good Handling Practice – GHP)
အစားအစာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများအားလုံးသည် အစားအစာကို ကောင်းမွန်စွာ ကိုင်တွယ်ခြင်းအလေ့အကျင့် (Good Handling Practice – GHP) ကို သိရှိနားလည်ရမည် ဖြစ်ပါသည်။ သို့မှသာလျှင် အစားအစာများမှတစ်ဆင့် ဖြစ်ပွားသော မကျန်းမာမှု (Foodborne Illness) ကို စားသုံးသူများအတွက် ကာကွယ်နိုင်မည် ဖြစ်ပါသည်။
အစားအစာဘေးကင်းမှုကို စီမံအုပ်ချုပ်ထားခြင်းဖြင့် အဆိုပါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ အစားအစာများဘေးကင်းမှု မရှိခြင်းမှာ အောက်ပါ အကြောင်းရင်းများ ဖြစ်သည့် –
– အပူချိန်ထားရှိမှု မကောင်းခြင်း။
– တစ်ကိုယ်ရေသန့်ရှင်းမှု ညံ့ဖျင်းခြင်း။
– အသုံးပြုပစ္စည်းတွင် အညစ်အကြေးကပ်တင်နေခြင်း။
– လုံလောက်စွာ အအေးခံမှုမထားရှိခြင်း။
– ဘေးမကင်းသောနေရာများမှ အစားအစာများရယူခြင်းတို့ကြောင့် ဖြစ်ပါသည်။
မကျန်းမာမှုဖြစ်စေနိုင်မှုများမှာ-
- Personnel (အစားအစာကိုင်တွယ်သူ)
- Purchasing (ဝယ်ယူခြင်း)
- Storage (သိမ်းဆည်း/သိုလှောင်ခြင်း)
- Preparation (ပြင်ဆင်ချက်ပြုတ်ခြင်း)တို့ ဖြစ်ပါသည်။
အစားအစာလုပ်ငန်းတွင် ဆောင်ရွက်သူများကို
- တစ်ကိုယ်ရေသန့်ရှင်းမှု အမူအကျင့်ကို လေ့ကျင့်သင်ကြားထားခြင်း။
ဥပမာများမှာ-
– လက်မှ ပါးစပ်အတွင်း ထည့်သွင်းခြင်း။
– မကြာခဏ လက်ဆေးကြောခြင်း။
– သန့်ရှင်းတူညီဝတ်ဆုံဆင်မြန်းခြင်း။
- အခြားအန္တရာယ်ကင်းလုပ်ဆောင်မှုနည်းလမ်းများ သင်ကြားထားခြင်း။
အစားအစာများ ဝယ်ယူခြင်းတွင်-
- ပရိုတင်းနှင့် ရေပါဝင်မှုများသော high-risk အစားအစာသည် အဏုဇီဝပိုးများ ကပ်တင်မှု ဖြစ်လွယ်ပါသည်။ ဥပမာ- အမဲ/ဝက်သား၊ ကြက်သား၊ ငါး၊ နို့ထွက် ပစ္စည်း၊ ဥများ၊ စွပ်ပြုတ်ရည်၊ ဆော့စ်၊ Tofu နှင့် အဆာသွတ်များ။
- အဏုဇီဝပိုးမွှားများ ပေါက်ပွားမှုတွင် အချဉ်ကိန်း (>pH 4.6) နှင့် လေနှင့်ထိတွေ့မှုသည် အရေးပါပါသည်။
- လေ့ကျင့်သင်ကြားထားသော အလုပ်သမားများကို ရေးသားထားသည့် စံသတ်မှတ်ချက်များနှင့် စောင့်ကြည့်စစ်ဆေးမှုကို ပေးဝေထားပါ။
သိမ်းဆည်းသိုလှောင်ခြင်းတွင်-
အဏုဇီဝပိုးမွှားများ ပေါက်ပွားမှုဟန့်တားရန် အပူချိန်/ထားသိုချိန် အရေးကြီးပါသည်။
သိမ်းဆည်း/သိုလှောင်ခြင်းတွင်-
၁။ ၄ နာရီ (အများဆုံး) ထက် မကျော်လွန်စေရ။
၂။ အပူချိန်
အစားအစာပြင်ဆင်ခြင်းဆောင်ရွက်ရန် အဆင့်များမှာ-
၁။ ကြိုတင်ပြင်ဆင်ပြုလုပ်ခြင်း (Pre-preparation)
၂။ အပူပေး/ချက်ပြုတ်ခြင်း (Cooking/Heating)
၃။ ထားသိုခြင်းနှင့် ဝန်ဆောင်မှုပြုခြင်း (Holding & Servicing)
၎။ အအေးခံခြင်း (Cooling)
အဆင့် (၁) ကြိုတင်ပြင်ဆင်ခြင်းတွင်
မချက်ပြုတ်မီ-
၁။ ရေခဲရေပျော်စေခြင်း (Thawing)
ဘေးကင်းသောနည်းလမ်း (၄) မျိုးမှာ-
(၁) ရေခဲသေတ္တာအတွင်း ပြောင်းထည့်၍ ရေပျော်စေခြင်း။
(၂) ရေစီးကျနေသောအောက်တွင် ထားရှိခြင်း။
(၃) Microwave အတွင်း ထားရှိ၍ ချက်ခြင်း။
(၄) ချက်ပြုတ်နည်းစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆောင်ရွက်ခြင်း။
၂။ တစ်ဆင့်ကူးစက်ပျံ့နှံ့/ကပ်တင်ခြင်း (Cross-Contamination)
- အသားအစိမ်းနှင့် အကျက်ကို ပူးကပ်မထားရ။
- အစားအစာနှင့် တိုက်ရိုက်ထိတွေ့မည့်မျက်နှာပြင်ကို သေချာစွာ စောင့်ကြပ်ပါ။
(ဥပမာ- လက်၊ ဇွန်း၊ ဓား၊ စဉ်းတီတုံး) တို့ ပါဝင်သည်။
အဆင့် (၂) အပူပေးခြင်းနှင့် ချက်ခြင်းတွင်
အစားအစာအမျိုးမျိုးရှိ အဏုဇီဝပိုးမွှားများ ပျက်စီးရန် လိုအပ်သော အနည်းဆုံး အတွင်းသားအပူချိန် (Minimal Internal Temperature) မှာ အောက်ပါအတိုင်းဖြစ်သည်။
အဆင့် (၃) ကိုင်တွယ်ထားရှိခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်း
အစားအစာများကို အန္တရာယ်ရှိဇုန်အပိုင်းအခြား (Danger Zone) အပြင်ဘက်၌သာ ထားရှိရမည် ဖြစ်ပါသည်။
အဆင့် (၄) အအေးခံထားရှိခြင်း
ဘေးကင်းထားရှိနည်း (၄) မျိုးမှာ-
၁။ ဇောက်မနက်သောခွက် (shallow container) အတွင်း ထားခြင်း။
၂။ အစားအစာများ အတုံးအသေး (small size) အဖြစ် ထားခြင်း။
၃။ ရေခဲအုံထားခြင်း (ice-water bath)
၎။ အမြန်အေးခဲခြင်း (blast chiller) တို့ဖြစ်သည်။
အချိန် ၄ နာရီအတွင်း 40° F (4° C) ရောက်အောင် အမြန်အအေးခံပါ။
အအေးခံအဆင့် (၂)ဆင့် (FDA Code)
၁။ ပထမ ၂ နာရီအတွင်း 135° F (57° C) – 70° F (21° C) မှ ဆက်လက်၍
၂။ ဒုတိယ (၆ နာရီထက်လျော့) အတွင်း 135° F (57° C) – 41° F (5° C)
သန့်ရှင်းစင်ကြယ်မှုပုံမှန်ပြုလုပ်ရန် ဇယားဖြင့် သန့်ရှင်းရေး၊ ဘေးကင်းအသုံးပြုပစ္စည်းနှင့် အထောက်အကူများ ဖော်ပြရေးဆွဲသတ်မှတ်ထားပါ။
ဆေးကြောခြင်းအပိုင်းတွင် ဆေးကြောသည့် ဘေစင်ကို အပိုင်း (၃) ပိုင်း ထားရှိပါသည်။
- အပူချိန် 110° F (43° C) အထိထား၍ ဆေးရန် ပန်းကန်/ခွက်များကို စိမ်ထားပြီး 180° F (82° C) တွင် ၁ မိနစ် နောက်ဆုံးအသန့်ဆေး(ကျင်း)ခြင်း ပြုလုပ်ရမည်။
- ပန်းကန်ဆေးစက်၏ အပူချိန် 140° F (60° C) နှင့် 160° F (71° C) အတွင်း ရှိနေရမည်ဖြစ်ပြီး အသန့်ဆေး(ကျင်း)ရမည့် အပူချိန်မှာ 180° F (82° C) နှင့် ၁၀ မိနစ်မှ 170° F (77° C) နှင့် စက္ကန့် ၃၀ (ရောဂါပိုးများအားလုံးနီးပါး သေစေရန်အတွက်) ဖြစ်သည်။
ခြောက်သွေ့စေရန် ပြုလုပ်ခြင်း
လေပူနှင့် ခြောက်သွေ့စေခြင်းသည် ဘေးကင်းပါသည်။
ပိုးမွှားထိန်းချုပ်ခြင်း (Pest Control)
- ကြမ်းခင်းမှတစ်ဆင့်ဝင်လာမှုကို ပိတ်ဆို့ထားပါ။
- အချိန်တိုအတွင်း စားရမယ့် အစားအစာအတွင်း ဝင်လာမှုကို ကာကွယ်ပါ။
- ပိုးမွှားထိန်းချုပ်ခြင်း လုပ်ကိုင်သူ (PCO) မှတစ်ဆင့် ချေမှုန်းဖယ်ရှားပါ။
အစားအစာဘေးကင်းဆောင်ရွက်မှု
၁။ FDA’s Food Code
၂။ State Health Department Inspections (ပြည်နယ်နှင့် တိုင်းအတွင်း ကျန်းမာရေးစီစစ်အဖွဲ့)
၃။ HACCP – အဆင့် (၇) မျိုး
၎။ Food Net, CDC (အမျိုးသားအဆင့်စောင့်ကြပ်ခြင်း) တို့ ပါဝင်ဆောင်ရွက်ပါသည်။
အစာဘေးကင်းမှု အရေးကြီးရခြင်းမှာ ကမ္ဘာတစ်ဝန်း၌ အစာမှဖြစ်ပေါ်သော ရောဂါဘယများ အများအပြားပေါ်ပေါက်နေပါသည်။ နှစ်စဉ် ၁.၅ ဘီလီယံ ပြဿနာများ ဖြစ်နေပြီး ၃ သန်းခန့် သေဆုံးလျက်ရှိသည်။
Singapore – ဖြစ်ပွားမှုအနည်းဆုံး (စားသုံးသည့်အစာ ၉၀%= imported)
US- Food supply – ဘေးအကင်းဆုံး
အစားအစာဘေးကင်းမှုတွင် တာဝန်ရှိနေမှုမှာ-
၁။ အစိုးရ
၂။ အစားအစာစက်ရုံ
၃။ စားသုံးသူတို့ဖြစ်ပြီး စုပေါင်းလုပ်ဆောင်မှုအားလုံး သက်ဆိုင်နေပါသည်။