အရိုးကျန်းမာရေးအတွက် ဘာတွေစားကြမလဲ

by ဒေါက်တာ ညီညီကျော် for Food Magazine

ယခုနောက်ပိုင်းမှာ လူအများစုဟာ လှုပ်ရှားမှု နည်း လာတာက တစ်ကြောင်း၊ အစားအသောက်မမှန်တာ၊ စား ရတဲ့ အစားအစာတွေက အတုအပတွေ ဖြစ်နေတာက တစ်ကြောင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် လူတွေရဲ့ ကျန်းမာရေးကို နည်းမျိုးစုံနဲ့ ထိခိုက်နေပါတယ်။ အဲဒီ

အထဲ မှာ အရိုးကလည်း အစားအသောက်တွေကြောင့် ထိခိုက်တဲ့ ကိုယ်အင်္ဂါအဖွဲ့ အစည်းထဲက တစ်ခု အပါ အဝင်ဖြစ်ပါတယ်။ ယခုလ ဆောင်းပါးမှာတော့ အရိုး ကျန်းမာရေးအတွက် ဘယ်လိုစားကြမလဲ ဘာတွေ ရှောင်သင့်လဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

၁။        ကယ်လ်ဆီယမ်ြွကယ်ဝတဲ့ အစားအစာကို  စားပေး ပါ။ ဥပမာ- နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဂျပန်တိုဟူး၊ ပဲပုပ် စေ့၊ ဗာဒံစေ့၊ ပန်းပွင့်စိမ်း၊ ငါးသေတ္တာ စသည်တို့ကို

စားပေးဖို့ လိုပါတယ်။

၂။         ဗီတာမင်ဒြွီကယ်ဝတဲ့ အစားအစာ စားပေးရပါမယ်။ ဥပမာ- ဆော်လမွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ ကြက်အသည်း၊ ဝက်အသည်း၊ အမဲအသည်း၊ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့ နွားနို့၊ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့ လိမ္မော်ရည်၊ ကြက်ဥ၊ ကိုလက်

စထရော လျှော့ထားသော ထောပတ် စသည်တို့ ကနေ ဗီတာမင်ဒီ ရပါတယ်။ အသည်းတွေကတော့ ဗီတာမင်ဒီ ပါဝင်ပေမယ့် ကိုလက်စထရောများတဲ့ လအတွက် အမြဲ မစားသင့်ပါဘူး။

၃။        ဇင့်ဓာတ်ြွကယ်ဝတဲ့အစားအစာများကို စားပေးပါ။ ဥပမာ- အနီရောင် အသား၊ ကြက်သား၊ ငါး၊ ပဲ အမျိုးမျိုး စားပေးရပါမယ်။

၄။        အသားဓာတ်ပြည့်ဝအောင်စားပါ။ အဓိက အကျဆုံး အချက်လို့ ဆိုနိုင်ပါတယ်။ အသားဓာတ် ပြည့်ဝမှ သာ ြွကက်သားနှင့် အရိုးကို ကြံ့ခိုင်ကျန်းမာလာစေ ပါတယ်။ ဥပမာ- အဖြူရောင်အသားတွေဖြစ်တဲ့ ကြက်သား၊ ငါး၊ အနီရောင် အသားတွေဖြစ်တဲ့ အမဲသား၊ ဆိတ်သား၊ ဝက်သား စသည်တို့အပြင် နွားနို့၊ ပဲနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ပဲအမျိုးမျိုးတို့ကို စားပေးရပါမယ်။ အနီရောင်အသားတွေကိုတော့ တစ်ပတ် နှစ်ကြိမ်ထက် ပိုမစားသင့်ပါ။

၅။        အပြင်းအထန် ဝိတ်လျှော့တာကို ရှောင်ကြဉ်ရပါ မယ်။ တစ်နေ့လုံးနေမှ အသီးအရွက်ပဲ စားပြီး ဝိတ်လျှော့လိုက်မယ်ဆိုရင် လိုအပ်တဲ့ အသားဓာတ် ကို မရတော့တဲ့အတွက် အရိုးကို ထိခိုက်စေနိုင်ပြီး အရွယ်မတိုင်ခင် အရိုးပွတာ၊ အရိုးပါးတာတွေ ဖြစ်စေ နိုင်ပါတယ်။

၆။        လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ဥပမာ- ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခြင်း၊ သင့်တော်သော အလေး တုံးမခြင်း စသည်တို့ကို လုပ်ပေးရပါမယ်။

၇။        ဆေးလိပ်သောက်တာကို ရှောင်ကြဉ်ရပါမယ်။ အရိုးကျိုးစေတဲ့ Risk ကို ပိုတက်စေလို့ပါ။

၈။        အရက်သောက်တာကို ရှောင်ကြဉ်ရပါမယ်။

၉။        ဆားကို တစ်နေ့ လက်ဖက်စားဇွန်း ၁ ဇွန်းထက် မပို ပါစေနှင့်။

၁၀။      ကော်ဖီ တစ်နေ့ ၂ ခွက် မှ  ၃ ခွက်ထက် မပိုပါစေနှင့်။

၁၁။      BMI 18.5 အောက် မရောက်ပါစေနှင့်။

Facebook Comments

Menu