
ရှေးခေတ်အခါ ရိုးရာမပျက် အခုထိအသုံးတည့်ပြီး အထောက်အကူဖြစ်သော မီးဖိုချောင်မှ အချိန်တိုအတွင်း ဖြေရှင်းလို့ရသော နည်းလမ်းလေးတွေကို အိမ်ရှင်မ အတော်များများ အမေများမှ လက်ဆင့်ကမ်း သိရှိထားတာလေးတွေလည်း ရှိ ကောင်းရှိမှာပါ။ မသိတာလေးတွေရှိလျှင်လည်း လေ့လာလို့ရတာပေါ့။ အခု ခေတ် ခေတ်ပေါ် မီးဖိုချောင်သုံးပစ္စည်းများ များပြားလာသည်နှင့်အမျှ ရှေးရိုးရာလေးတွေလည်းပျောက်ကွယ် စပြုလာသလို အခုခတ် အိမ်ရှင်မလေးတွေလည်း မသိကြတော့ပါဘူး။ ဒါကြောင့် အိမ်ရဲ့ မီးဖို ချောင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာလေးများကို အိမ်ရှင်မတွေ လွယ်ကူစွာဖြေရှင်းနိုင်စေရန်ရည်ရွယ်ပြီး ဒီလရဲ့ This and That မှာ ဖော်ပြလိုက်ပါတယ်။ ဒီနည်းလမ်းလေးတွေ ကို “Kitchen Hacks” လို့ ခေါ်ပါတယ်။ အခုထိလည်း မီးဖိုချောင်ထဲမှာ တချို့နည်းလမ်းလေးက အသုံးဝင်စဲပါ။ အဘွားရဲ့ အဘွားလက်ထက်ထဲ အခါကနေ အဆင့်ဆင့်ပြောပြလာသော ဖြေရှင်းနည်းလမ်းလေးတွေပါ။
ဘယ်လိုနည်းလမ်းလေးတွေလည်းဆိုတာ လေ့လာကြည့်ကြရအောင် . . . ။
၁။ ကြက်သွန်ဖြူ၊/နီ လှီးပြီးလျှင် လက်မှာ အနံ့စွဲပြီးကျန်ခဲ့တတ်ပါတယ်။ အဲဒီအနံ့ကို ပျောက်အောင် စတီးဇွန်းနဲ့ လက်ကို ပွတ်တိုက်ပေးတာနဲ့ အနံ့တွေပျောက်စေ ပါတယ်။ စတီးက အနံ့ကိုစုတ်ယူစေပါတယ်။
၂။ ကော်ဖီစေ့ကလည်း အနံ့ဆိုးများကို စုတ်ယူနိုင်သော စွမ်းအင်ရှိပါတယ်။ တချို့ဆိုလျှင် ကော်ဖီစေ့အနည်းငယ်ကို အမှိုက်ပုံးထဲ အနည်းငယ်ထည့်ထားတတ်ပါတယ်။
၃။ ဟင်းရည်ချက်နေရင်း ဆားထည့်တာများသွားလို့ ငန်သွားလျှင်၊ အာလူးအခွံနွှာ ပြီးထည့်လိုက်ပါ။ အာလူးက အငန်ဓာတ်ကို စုတ်ယူစေပါတယ်။
၎။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ပြုတ်လျှင် ဆားအနည်းငယ်ထည့်ပြုတ်ပါ။ အခွံကွဲအက်ခြင်းမှ ကာကွယ်ပေး သလို အခွံခွာရတာလည်း အဆင်ပြေစေပါတယ်။
၅။ ရေခဲသေတ္တာထဲကို အချဉ်ဓာတ်ပါသောအသီး (သို့) ခရမ်းချဉ်သီးများကို မထည့်သင့်ပါ။ အအေး ကြောင့် မွှေးသော ရနံ့ပျောက်သွားတတ်ပါတယ်၊ အရသာလည်း ပြောင်းသွားတတ်ပါတယ်။
၆။ သံမီးဖိုချောင်သုံးပစ္စည်းများကိုဆေးလျှင် ပန်းကန်ဆေးဆပ်ပြာနှင့် မဆေးဘဲ ဆားဖြင့် တိုက်ပွတ် သန့်ရှင်းပါ။ ပြီးလျှင် မီးဖိုချောင်သုံး စက္ကူလက်သုတ်ဖြင့် အခြောက်သုတ်ပြီး သန့်စင်ပါ။
၇။ နွားနို့ကျိုလျှင် ပွတ်ပွတ်ဆူအောင်ထားလျှင် အတုံးအခဲတွေ ဖြစ်တတ်ပါသလား။ ဖြစ်တတ်ပါတယ်။ ကျိုသောနွားနို့ပေါ်မှုတည်ပြီး ဖြစ်ပါတယ်။ လတ်ဆတ်သော နွားနို့ကိုကျိုတာဆိုရင် ဘာမှမဖြစ်ပါဘူး။ သောက်လို့ရပါတယ်။
၈။ လျှပ်စစ်ပလတ်ကြိုးနှင့်တည်သော ရေနွေးအိုးထဲမှ အပူပေးကွိုင်မှာ ထုံးဓာတ် များ တက်နေလျှင် ရှလကာရည်တစ်ဝက် ရေတစ်ဝက်ထည့်ပြီး ပွတ်ပွတ်ဆူ အောင်တည်လိုက်ပြီး အဲဒီရေများ သွန်ပစ်လိုက်ပါ။ ရေနွေးဖြင့် ထပ်ထည့်ဖြည့်ပြီး ဆေးပေးပါ။
၉။ လေလုံဘူးအခွံများ သိမ်းဆည်းထားချင်ရင် ဆားအနည်းငယ်ထည့်ပြီး သိမ်းပါ။ အနံ့အသက် မကောင်းတာတွေ ပျောက်ကင်းပါတယ်။
၁ဝ။ ဟင်းအနှစ်လုပ်နေတုန်း တူးသွားလျှင် အိုးအသစ်ထဲ မတူးတာများ အသာခတ် ထည့်ပြီး ဆက်ချက်ပါ။ သကြားအနည်းငယ်ထည့်ပြီး ချက်ပါ။ သကြားက တူးနံ့ကို ပျောက်စေပါတယ်။ နည်းနည်းချင်း လိုသလောက်ပဲထည့်ပါ။ များသွားလျှင် ဟင်းအနှစ်အရသာ ပျက်သွားတတ်ပါတယ်။
၁၁။ ထမင်းတည်နေတုန်း တူးသွားလား။ ထမင်းအပေါ်မှနေ ပေါင်မုန့်အဖြူ ၁ -၂ ချပ် တင်ပြီး ၅-၁ဝ မိနစ်လောက် ထားလိုက်ပါ။ တူးနံ့နှင့် တူးတဲ့အရသာကို ပေါင်မုန့်မှ စုပ်ယူသွားပါလိမ့်မယ်။
၁၂။ ငရုတ်သီးမကိုင်ခင် လက်ကို ဆီအနည်းငယ်သုတ်လိုက်ပါ။ ငရုတ်သီးမှ ပူသော ဓာတ်ကို မခံစားရတော့ပါဘူး။
၁၃။ ကြက်ဥတွေ လတ်မလတ် ဘယ်လိုစစ်ရမလဲမသိရင် ဖန်ဇလုံတစ်ခုထဲ ရေများ များထည့်ပြီး ကြက်ဥ များ ထည့်ကြည့်ပါ။ မြုပ်နေသောကြက်ဥက လတ်ပါတယ်။ ထိပ်ထောင်နေသော ကြက်ဥများရှိလျှင် ချက်ချင်းအသုံးချသင့်ပါတယ်။
၁၄။ ပုရွက်ဆိတ်ကို မီးဖိုချောင်ထဲမလာအောင် ဘယ်လိုနှိမ်နင်းရမလဲဆိုတော့ ပုရွက်ဆိတ်တွေ ဘယ်က နေလာသလဲဆိုတာကို သိအောင်လုပ်ပါ။ ပြီးလျှင် Petroleum Jelly ကို ဝင်လာတဲ့အပေါက်မှာပုံပြီး ဆို့လိုက် ပါ။ Petroleum Jelly ကို ပုရွက်ဆိတ်ကြောက်ပါတယ်။ တံခါးအောက်ကနေလာတယ်ဆိုလျှင် ကြမ်းပြင်မှာ မြေဖြူ ခဲနှင့် မြင်းကြောင်းထူထူ ဆွဲထားလိုက်ပါ။ မြေဖြူခဲမှာ ပါသောဓာတ်ကြောင့် စည်းမျဉ်းကြောင်းကို ကြော်လာမှာမဟုတ်ပါ။
၁၅။ ပြောင်းဖူးစေ့ခြောက်ကို ပေါက်ပေါက်ဖောက်မယ်ဆိုလျှင် ပြောင်းဖူးစေ့များကို ၁ဝ မိနစ်လောက် ရေစိမ်ထားပါ။ ပြီးလျှင် ရေစစ်ပြီးမှဖောက်ပါ။ စိုနေသော ပြောင်းဖူးစေ့ များဟာ အပေါက်မြန်သလို ပေါက်ပေါက်ပွင့်လေးတွေကလည်း ပိုပြီး အပွင့်ကြီးကာ ကြွပ်ရွရွလေးတွေဖြစ်စေပါတယ်။
ခေတ်အဆက်ဆက်ကနေ လက်ဆင့်ကမ်းလာတာလေးတွေကို ဖတ်ရှုမှတ် သိရှိလေ့လာရ သလောက်လေးကို အပိုင်း ၁ အဖြစ် ဒီလ ပြန်လည်မျှဝေလိုက်ပါ တယ်။ နောက်လမှာ ဘယ်လိုစိတ်ဝင်စားဖွယ် အပိုင်း ၂ ကို တင်ဆက်သွားမလဲဆို စောင့် မျှော်ဖတ်ရှုကြပါအုန်းလို့ပြောရင်း ဒီလတော့ ဒီလောက်နဲ့ ကျေနပ်အားရနိုင်ပါစေ။
မစည်ရဲ့ ကျောင်းတုန်းကသင်ခဲ့ရသော Old tale of Kitchen Tips မှ စိတ်ဝင်စားစရာ အကြောင်းလေးများနဲ့အတူ housewifekitchen.com မှ ရရှိသော အကြောင်း အရာလေးများနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။
Enjoy old wives’ tales from the kitchen…
► မှတ်ချက် – ဖော်ပြထားသည့် Information သည် နိုင်ငံ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အနည်းငယ်ကွာခြားမှုလေးများရှိလျှင် ရှိတတ်ပါသည်။