အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ပစ္စည်းများအကြောင်း (Handy Food Covers and Tents)

This & That

     အိမ်အတွင်းပဲဖြစ်စေ၊ အိမ်အပြင်ဘက်ပဲဖြစ်စေ ဒုက္ခပေးတတ်သော ယင်ကောင်၊ ပိုးမွှား၊ အမှိုက်မှုန့် စသည်သောအရာများမှ စားသုံးရန်အစားအစာများကို လုံခြုံအောင်ဖုံးအုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ ချက်ပြုတ်ထားသော အစားအစာများကို အန္တရာယ်ကင်းကင်း မိသားစုအလွယ်တကူ ယူစားလို့ရအောင် ထားရှိနိုင ဖို့ဆိုတာကိုလည်း စဉ်းစားရပါတယ်။ ဘယ်အချိန် ဘယ်လိုရာသီပဲဖြစ်ဖြစ် ယင်ကောင်ကတော့ ထိန်းမနိုင်သော အန္တရာယ်ကောင်ဖြစ်ပါတယ်။ ယင်နှင့် တခြားပိုးမွှားများမှ ဝမ်းပျက်ဝမ်းလျှောနှင့် အစာအဆိပ်သင့်အောင် ယူဆောင်သော အညစ်အကြေးများကို အသေအချာလုံခြုံအောင် ကာကွယ်ဖုံးအုပ်ဖို့ဆိုတာ ဘယ်လိုပုံစံ ဘယ်လိုနည်းလမ်းကောင်းလေးများနှင့် အသုံးပြုကျမလဲဆိုတာရှိပါတယ်။ ပူပြင်းသောရာသီမှာ လေဝင်လေထွက်ကောင်းပြီး အစားအစာကို ချွေးမကျစေဘဲ ရှိသင့်သောအရသာအတိုင်း ရှိစေဖို့ အစားအစာများကို ဖုံးအုပ်သော ဆန်ခါ၊ ခြင်ထောင်၊ ဆန်ခါတဲလေးတွေကို လေ့လာလို့ရအောင် ဒီလရဲ့ This and That မှာ ဖော်ပြလိုက်ပါတယ်။

      လူအတော်များများရဲ့ အကြောက်ဆုံးအရာဟာ ယင်ကောင်ပါ။ အစားအစာပေါ် ယင်ကောင်နားသွားလျှင် လုံးဝစားသုံးရန်မသင့်ပါ။ ယင်ကောင်ဟာ ကျန်းမာရေး အတွက် အင်မတန်မကောင်းကျိုးပေးသော အကောင်ဖြစ်ပါတယ်။ John Hopkins ၊ UC Davis ၊ Oklahoma State Universities မှ သိပံ္ပပညာရှင်များရဲ့ ပြောကြားချက်အရ ယင်ကောင်ဟာ ရာခိုင်နှုန်းအပြည့် E.Coil ကို မစင်စွန့်ပြီး တစ်ရာရာခိုင်နှုန်းအပြည့် မျိုးစုံသောဘတ်တီးရီးယားများကို သယ်ဆောင်သော အကောင်ဖြစ်ပါတယ်လို့ အတည်ပြုထားပါတယ်။ ယင်ကောင်မှ သယ်ယူလာသော ဘတ်တီးရီးယားပိုးမွှားများပါဝင်သော အစားအစာကို စားသုံးမိသော သက်ကြီးရွယ်အို၊ လူငယ်တချို့နှင့် ခန္ဓာကိုယ်အတွင်းအားမကောင်းသူများ အများအားဖြင့် အစာ အဆိပ်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ မူးမောအော့အန်ခြင်း၊ နေမကောင်းခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ အစာအစားများကို မအုပ်မစိုင်းဘဲမထားမိဖို့ အရမ်းအရေးကြီးပါတယ်။

      ကိုယ်ချက်ပြုတ်ထားသော အစားအစာများကို ဖုံးအုပ်မည်ဆိုလျှင် ကိုယ်အုပ်မည့်အအုပ်သည် အပူအအေးခံသလားဆိုတာ လေ့လာပါ။ တချို့က အိုးအပူကို မစဉ်းစားတော့ဘဲ ဖုံနှင့် အကောင် မကျရင် ပြီးရောဆိုပြီး ပလတ်စတစ်ဆန်ခါကို အပူ ပေါ်တင်အုပ်တော့ ပလတ်စတစ်အရည်ပျော်ပြီး အိုးထဲကျတာတွေလည်းရှိပါတယ်။ တချို့က ဝါးနှီး သဘာဝတို့ဖြင့်ပြုလုပ်ထားသော အအုပ်လေးတွေ သုံးကြပါတယ်။ တောင့်တင်းပြီး အသစ်အချိန်မှာကောင်းပေမယ့် အနည်းငယ်ပျော့ပျောင်းပြီး ဟောင်းလာလျှင် ဆက်မသုံးသင့်ပါ။ ဝါးနှီးတို့မှ အစလေးများ ဟင်းပန်းကန်၊ ထမင်းပန်းကန်ထဲ ကျတတ်ပါတယ်။ တစ်ခါတလေ ဟင်းထမင်းများနှင့် အရောင်တူ နေတာကြောင့် စားသုံးလျှင် ပါသွားတတ်ပါတယ်။ လည်ပင်း၊ အစာအိမ်တို့တွင် စူးရှ ပြီး ခွဲစိတ်ကုသရတာမျိုးတွေဖြစ်ပြီး အန္တရာယ်သိပ်များပါတယ်။ အခုနောက်ပိုင်း အိမ်အတော်များများမှာ သုံးလာကြတဲ့ ခေါက်သိမ်းရတာလည်းလွယ်ကူတဲ့ ထီးခြင်ထောင်လိုအအုပ်ကို အသုံးများကြပါတယ်။ အိမ်တွင်းမှာသုံးလျှင်တော့ အဆင်ပြေနိုင်ပေမယ့် အပြင်မှာသုံးလျှင် အဆင်မပြေနိုင်ပါဘူး။ ပေါ့ပါးသောကြောင့် အပြင်လေတိုက်လျှင် အလွယ်တစ်ကူလွင့်သွားတတ်ပါတယ်။ တချို့ကတော့ လေးပင်ပြီး သန့်ရှင်းရလွယ်ကူတယ်လို့သတ်မှတ်ပြီး သံဆန်ခါအအုပ်ကို အသုံးပြုကြပါတယ်။ သံဆန်ခါအအုပ်က သန့်ရှင်းရေးလုပ်ရတာ လွယ်ကူပေမယ့် သံစလေးများ ပဲ့တတ်၊ ကျိုးတတ်ပါတယ်။ အခုနောက်ပိုင်း အသစ်ထွက်လာပြီး ရေပန်းစားနေသော Dura Tents ကတော့ အိမ်အထဲ၊ အိမ်အပြင် သုံးရတာအဆင်ပြေသလို သိမ်းရတာလည်း ပေါ့ပါးပြီး နေရာသိပ်မယူတာကြောင့် လူကြိုက်များနေသော အအုပ်တဲလေးပါ။ non-toxic ကိုသုံးထားတာကြောင့် ကလေးများ အစားအစာလည်း ထည့်အုပ်ထား လို့ရပါတယ်။ ဘေးနှစ်ဖက်မှာ အပေါက်ပါပြီး နှစ်ဖက်လုံးအသုံးပြုလို့ရပြီး အဖုံးက အလွယ်တစ်ကူ အပေါ်လှန်ပြီး အလိုအလျှောက်ပြန်ကျသော အဖုံးမျိုးပါတာကြောင့် သုံးရတာလွယ်ကူပါတယ်။ တဲကိုပြုလုပ်ထားသော ဆန်ခါကွက်က ဆန်ခါစအ ကောင်းစားဖြစ်ပြီး အပူအအေးဒဏ်ခံနိုင်ကြောင်း အာမခံထားသော ပစ္စည်းလည်းဖြစ်ပါတယ်။ ဒီလိုအအုပ်တဲမျိုးကို ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကြီးတွေမှာ ရရှိနိုင်ပါတယ်။ အအုပ်တဲလေးများကို အရောင်တောက်သောကာလာများ အသုံးပြုသင့်ပါတယ်။

     အစားအစာ အအုပ်၊ အဖုံးကို ဆိုဒ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနှင့် အခုအခါမှာ ဝယ်ယူလို့ရရှိနေပါတယ်။ အဲဒီအထဲကမှ နေ့စဉ် ထမင်းစား စားပွဲမှာ ကိုယ် နေ့စဉ် ထားရှိသော အစားအစာများပေါ်မှုတည်ပြီး အရွယ်အစားနှင့် ပုံစံကို ရွေးချယ်သင့် ပါတယ်။

     မစည်ရဲ့ ကျောင်းတုန်းက သင်ခဲ့ရသော စိတ်ဝင်စားစရာ အကြောင်းလေးများနဲ့ အတူ foodtents.com မှရရှိသော အကြောင်းအရာလေးများနှင့် အတူပူးတွဲ ဖော်ပြလိုက်ပါတယ်။

Enjoy choosing the right food tents . . .

မှတ်ချက် –       ဖော်ပြထားသည့် Information သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ်ကွာခြားမှုလေးများရှိလျှင် ရှိတတ်ပါသည်။

Facebook Comments