အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှ ပစ္စည်းများကို အသုံးပြုနည်းအကြောင်း သံချေးတက်နေသော မီးဖိုချောင်သုံး ပစ္စည်းလေးများအကြောင်း (The Effects of Eating From Rusted Utensils)

by Syi Lwin Foods Garden for Food Magazine

          မီးဖိုချောင် အသုံးအဆောင် ပစ္စည်းအများစုကို သံထည်၊ ကြွေရည်သုတ်၊ ဒန်သတ္တုများဖြင့် အသုံးပြုလေ့ရှိကြပါတယ်။ အဲဒီအထဲကမှ လူအများစုဟာ မီးဖိုချောင်ထဲ အသုံးပြုတဲ့ ပစ္စည်းများကို အသုံးတည့်လျှင်ပြီးရော၊ အသုံးအဆောင်ပစ္စည်းများ သုံးလို့ရလျှင် ပြီးရောဖြင့်သာ အသုံးပြုနေကြပါတယ်။ အမှန်တော့ သံချေးတက်လာလျှင်၊ ဆေးကွာလာလျှင်၊ သံမှိုတက်လာလျှင်၊ သံစများထွက်လာလျှင် လုံးဝအသုံးပြုလို့ မသင့်တော့ပါ။ သင်အသုံးပြုနေသော မီးဖိုချောင်သုံးပစ္စည်းအချို့ကို မည်သည့်အချိန်အထိ အသုံးပြုလို့ရသလဲ၊ မည်သည့်အချိန်မှာ လဲလှယ်အသုံးပြုသင့်သလဲဆိုတာတွေကို သိထားသင့်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်းများကြောင့် ကျန်းမာရေးအတွက် ထိခိုက်စေနိုင်တဲ့ အစားအစာတွေ ဖြစ်စေပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို မီးဖိုချောင်ထဲမှာ ဖန်တီးဖို့ဆိုတာ မီးဖိုချောင်ထဲမှာသုံးတဲ့ မီးဖိုချောင်သုံးပစ္စည်းများကြောင့် ဆိုတာကို  သုတေသနကျမ်းပြုပညာရှင်တချို့က ကမ္ဘာတစ်ဝန်းမှာ အငြင်းပွားမှုတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ သံထည် မီးဖိုချောင်သုံးပစ္စည်းများကတော့ နှစ်ပေါင်းများစွာကြာမြင့် ကတည်းက အကောင်းဆုံး အသုံးပြုပစ္စည်းများ ဖြစ်ခဲ့တာကတော့ အမှန်ပါ။ အဲဒါကြောင့် ကိုယ့်အတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး မီးဖိုချောင်သုံးပစ္စည်းများကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ သင်နှင့် သင့်မိသားစုအတွက် ကျန်းမာသောမိသားစုရဲ့ ထမင်းပွဲအတွက် သေချာလေ့လာစမ်းသပ်ပြီးမှ အသုံးပြုပါ။ ဒီလ  စာဖတ်သူပရိသတ်တွေအားလုံး “သံချေးတက်နေသော မီးဖိုချောင်သုံး ပစ္စည်းလေးများအကြောင်း”ကို This & That မှာ လေ့လာဖတ်ရှုနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

          ယခင်အဆက်ဆက်က အသုံးပြုလာခဲ့တဲ့ မီးဖိုချောင်သုံးပစ္စည်းအများစုဟာ သံချေးအမြဲတက်ခဲ့ကြပါတယ်။ အဲဒီလို သံကြေးတက်လာလျှင် အများစုရဲ့ ဖြေရှင်းနည်းကတော့ ဓားသွေးစက်၊ ကျောက်ခဲ၊ ကော်ပတ်တိုက်သောအရာများဖြင့် တိုက်ချွတ်ပြီး ဖယ်ရှားတတ်ကြပါတယ်။ အမှန်ကတော့ တချို့သော ပစ္စည်းများက  ယခုလိုနည်းလမ်းဖြင့် သန့်ရှင်းအောင် ပြုလုပ်လို့ရပေမယ့် တချို့ကတော့ သန့်ရှင်းသွားခြင်း မရှိကြပါဘူး။ ကျန်နေတဲ့ သံချေးစ၊ သံချေးအမှုန့်တွေက အဲဒီပစ္စည်းနဲ့ အသုံးပြုလိုက်ပါက အစား အစာတွေထဲ ပါဝင်သွားလျှင် မေးခိုင်ပိုးက အလိုလိုနေရင်း ခန္ဓာကိုယ်အတွင်း ပျံ့နှံ့ရောက်ရှိစေပါတယ်။

          သံချေးတက်နေတဲ့  ပစ္စည်းများကို အသုံးများလာလျှင် အစာချေဖျက်တဲ့အခါမှာလည်း အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ အစာကြေညက်အောင် ချက်ပေးတဲ့အခါ အစာအိမ်မှာ သံဆိပ်တွေက အစိုင်အခဲအဖြစ်နဲ့ ရှိနေသောကြောင့် သာမန်အစာကို ကြေညက်အောင် ကောင်းစွာမလုပ်နိုင်တော့ပါ။ အလွန်ဆိုးရွားသော ရောဂါများကို ဖြစ်တတ်ပါတယ်။

          သံထည်ပစ္စည်းများကို သံချေးက  အတိုးတက်သလို အမြဲလိုတက်လေ့ရှိပါတယ်။ ဒါကို နေ့စဉ်ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းကောင်းများနှင့် ရှာဖွေသန့်စင်ထားနိုင်ဖို့ လိုပါတယ်။ သံချေးအစကတော့ ရေဆေးတိုင်း၊ ရေနှင့် ထိတွေ့တိုင်း ရေစင်အောင် မသုတ်လျှင်၊ လေဖြင့် အခြောက်ခံထားခြင်းမရှိလျှင် ကျန်ခဲ့သော ရေ၊ ရေငွေ့ အပိုင်းအစတွေက သံထဲစိမ့်ဝင်ပြီး ဇွန်း၊ ခက်ရင်း၊ ပန်းကန်ပြား စသည်တို့မှာ သံချေးစဖြစ်စေပါတယ်။ တချို့ ပညာရှင်များက ပြောဆိုကြပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ သံဓာတ်လိုအပ်မှုများကို ယခုလို သံချေးမှလည်း အနည်းအကျဉ်းစားမိလို့ ဖြည့်ဆည်းပေးနိုင်တယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမဲ့ အခုအထိတော့ ကမ္ဘာ့ဆေးဝါးပြုစုရေးအဖွဲ့က ဘာကိုမှ တိကျတဲ့ သက်သေကို မပြနိုင်သေးပါဘူး။ သံချေးတက်သော ပစ္စည်းများဖြင့် အသုံးပြုပြီး စားသုံးပါကလည်း သံဆိပ်တက်ပြီး လူကို ထုံကျဉ်စေသော ရောဂါကို ဖြစ်စေပါတယ်။ သံချေးတက်နေသော မီးဖိုချောင်သုံးပစ္စည်းများကို အသုံးပြုမိလျှင်လည်း မေးခိုင်ကာကွယ်ဆေး သွားရောက် ထိုးထားသင့်ပါတယ်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မကျန်းမာသောသူများကို သံချေးတက်နေသော ပစ္စည်းများဖြင့် အသုံးပြုစေခြင်းမှ ရှောင်ကြဉ်ခိုင်းသင့်ပါတယ်။ သံချေးတက်နေသော အိုးများကို အသုံးပြုမိလျှင်လည်း သွေးကြောပိတ်ခြင်း၊ သွေးခဲခြင်းများ ဖြစ်တတ်တယ်လို့ ဆိုထားပါတယ်။ တချို့ သံချေးတက်လာနိုင်ဖွယ်ရှိသော ပစ္စည်းတချို့ကို ဆေးကြောခြင်း၊ သန့်ရှင်းခြင်းများ ပြုလုပ်လိုလျှင် သန့်ရှင်းရေးလုပ်၍ရသော Chemical များဖြင့် မီးဖိုချောင်သုံးပစ္စည်းများကို သေချာရေစိမ်ထားပြီး စတီးဖတ်နှင့် သေချာ တိုက်ချွတ်ဆေးကြောပါ။ စတီးဖတ်မျှင်မျှင်မျိုးနဲ့ဆိုလျှင် အဆင်မပြေနိုင်ပါ။ သံချေး တက်နေသော အကွက်နေရာများ သေချာပြောင်အောင်တိုက်ပြီး ဆပ်ပြာ၊ Chemical အရည်တို့ဖြင့် သေချာစိမ်ပြီးမှ ရေစင်အောင်ဆေးပါ။ သံချေးတက်နေသောပစ္စည်းများဖြင့် အသုံးပြုပြီး ချက်ပြုတ်ထားသော အစားအစာများကို စားသုံးမိလျှင် Nutritional Supplement မှာ Zinc ပါဝင်သော ဆေးဝယ်သောက်ပါ။ သံချေးတက်စပြုနေသော ပစ္စည်းများကို အသုံးပြုတော့မည်ဆိုလျှင် သေချာစင်ကြယ်စွာ သံဘရပ်ရှ်ဖြင့် သေချာတိုက်ဆေးပြီး ရေနွေးနွေးဖြင့် သံချေးနံ့ပျောက်သည်အထိ ကြာကြာတိုက်ဆေးပါ။ ပြီးလျှင် လေဖြင့် အခြောက်ခံပြီးမှသာ အသုံးပြုသင့်ပါကြောင်း ပြောပါရစေ။

          မီးဖိုချောင်မှာ သံထည် ပစ္စည်းများကို သေချာ လိုအပ်သလို ကျန်းမာရေးနှင့် ညီညွတ်ပြီး  အဆင်ပြေနိုင်စွာ အသုံးပြုလို့ရနိုင်ပါကြောင်း အားလုံးအတွက် ဗဟုသုတတိုးပွား ရရှိစေဖို့ စုစည်းဖော်ပြလိုက်ပါတယ်။

          စည် ကျောင်းတုန်းက သင်ခဲ့ရသော Using Steel & Iron Utensils Benefit နှင့် အတူ eHow.com မှ Information များထဲမှ စိတ်ဝင်စားစရာအကြောင်းလေးများနဲ့အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ Happy & safety Kitchen to you all !!!

မှတ်ချက်- ဖော်ပြထားသည့် Information သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများရှိလျှင် ရှိတတ်ပါသည်။

Facebook Comments