
by ရွှေရည်ဖြိုး for Food Magazine
ကျောက်ကျောအနေနဲ့ပဲစားစား၊ မုန့်လက်ဆောင်းထဲမှာပဲ ထည့်စားစား စားလို့ကောင်းမယ့် အုန်းစိမ်းကျောက်ကျောလေးပါနော်။
ပါဝင်ပစ္စည်းများ
အုန်းသီးစိမ်း – ၅ လုံး (ဇွန်းခြစ်)
အာဂါးကျောက်ကျောအပြာထုပ် – ၂ ၁/၂ ထုပ်
သကြား – ၄၀ ကျပ်သား
ပင်ပွား – ၁ ဇွန်း
ဆား – အနည်းငယ်
အုန်းစိမ်းရည် – နို့ဆီဘူး ၁၀ ဘူး
ပြုလုပ်နည်း
၁။ အုန်းစိမ်းရည်ကို ပွက်ပွက်ဆူအောင် တည်ပါ။
၂။ အာဂါးကျောက်ကျော၊ သကြားနှင့် ဆားတို့ကို သမအောင် မွှေထားပါ။
၃။ အုန်းသီးသားနုနုကို လိုသလိုပုံဖော်ပြီး ခြစ်ထားပါ။
၎။ ပင်ပွား ၁ ဇွန်းကို ရေစိမ်ထားပါ။
၅။ အုန်းစိမ်းရည် ပွက်ပွက်ဆူလာလျှင် သမအောင် မွှေထားသော ကျောက်ကျောမှုန့်ကို ထည့်ကျိုပါ။
၆။ ပွက်ပွက်ပြန်ဆူလာလျှင် မီးလျှော့ပြီး ၃ မိနစ်ခန့် ကျိုပါ။
၇။ မုန့်ဗန်းထဲ ဆူထားသော ကျောက်ကျောရည်လောင်းထည့်ပြီး အပေါ်မှာ ခြစ်ထားသော အုန်းသီးသားနုအဖတ်များနှင့် ပင်ပွားများကို လှလှပပ ညီညီညာညာလေးဖြူးပြီး အအေးခံပါ။
၈။ အအေးခံပြီး ၁ နာရီကျော်အကြာမှာ မုန့်သားအေးခဲသွားပြီ ဖြစ်သဖြင့် ဓားဖြင့် လှီး၍ လိုသလို ပုံဖော်အလှဆင်ပြီး စားသုံးနိုင်ပါပြီ။