ရောင်စုံသာဂူလုံး

by ရွှေရည်ဖြိုး for Food Magazine

          ကလေးတွေလည်းကြိုက်၊ လူကြီးတွေလည်း နှစ်သက်တဲ့ ရောင်စုံသာဂူလုံးလေးကို သုံးဆောင်ရင်း သင်္ကြန်တွင်းကို ဖြတ်သန်းလိုက်ပါနော်။

ပါဝင်ပစ္စည်းများ

သာဂူစေ့  –  ၅၀ ကျပ်သား

သကြား  –  ၅၀ ကျပ်သား

ဖျော်ရည်စုံ  –  အနည်းငယ်စီ (စတော်ဘယ်ရီ၊ သစ်ခွ၊ လိမ္မော်)

ဆား  –  အနည်းငယ်

ရေ  –  နို့ဆီဘူး ၈ ဘူး

အုန်းသီး  –  ၂ လုံး (အမှုန့်)

ပြုလုပ်နည်း

၁။       သာဂူစေ့လေးများကို ဖုန်၊ သဲ၊ ခဲ ကင်းစင်ရန် ဆန်ခါနှင့် ပြာထားပါ။

၂။       ရေ နို့ဆီဘူး ၈ ဘူးကို ပွက်ပွက်ဆူအောင် တည်ပြီး ပြာထားသော သာဂူစေ့ထည့်၍

၁၀ မိနစ်ခန့် ကျိုပါ။

၃။       ပွတက်လာသော သာဂူကျိုထဲ သကြား၊ ဆား ထည့်ပြီး ၁၀ မိနစ်ခန့် ကျိုပါ။

၎။       သာဂူစေ့လေးများ မျက်ဆံမပျောက်ခင် သာဂူကျို သုံးပုံတစ်ပုံစီကို ဖျော်ရည်အရောင် တစ်မျိုးစီထည့်ပြီး အိုးလေးများထဲ ခွဲထည့်၍ ၁၀ မိနစ်ခန့် နှပ်ထားပါ။

၅။       တစ်အိုးစီ အနည်းငယ်အေးသွားလျှင် ဗန်းထဲ အနေတော်အပုံလေးများ ပုံပြီး အအေးခံပါ။

၆။       အေးသွားလျှင် တစ်လုပ်စာအလုံးလေးများ လုံးပြီး ခြစ်ပြီးသား အုန်းသီးလေးများနှင့် ငုံ၍ လုံးပါ။

၇။       အားလုံး လုံးပြီးသွားလျှင် အရောင်အသွေး စုံလင်စွာနှင့် အုန်းနံ့မွှေးမွှေး၊ ရောင်စုံ သာဂူလုံးလေးများကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments