ရွှေရင်အေး

by ပန်းခရေ for Food Magazine

          အတိတ်ကောင်း၊ နိမိတ်ကောင်းလေးနဲ့ ရွှေရင်အေးလေး နှစ်သစ်အတွက် လက်ဆောင်ပါရှင်။

ရွှေရင်အေးအတွက် အုန်းနို့ဖျော်ရန် ပါဝင်ပစ္စည်းများ

အုန်းသီး  –  ၂ လုံး

သကြား  –  ၃၀ ကျပ်သား

နိုစိမ်း  –  ၁ ဘူး

ကျောက်ကျောကျိုရန် ပါဝင်ပစ္စည်းများ

တယ်လီဖုန်းကျောက်ကျော  –  ၁ ထုပ် (အထုပ်သေး)

အုန်းသီး  –  ၂ လုံး (အရည်ညှစ်ထား)

သကြား  –  ၂၅ ကျပ်သား

ဆား  –  စတီးဇွန်း ၁  ၁/၂ ဇွန်း

ကောက်ညှင်းဆန်  –  ပေါင်းအိုးဆန်ခြင်ခွက် ၂ ခွက်

မုန့်လက်ဆောင်းဖတ်  –  နို့ဆီဘူး ၂ ဘူး

သာကူစေ့  –  ပေါင်းအိုးဆန်ခြင်ခွက် ၁ ခွက်

ပေါင်မုန့်  –  ၁ ထုပ်

ပြုလုပ်နည်း

          ရွှေရင်အေးထဲ ဆမ်းရန် ညှစ်ယူထားတဲ့ အုန်းနို့ကို ရေစစ်နဲ့ စစ်ယူထားပါ။ သကြားကိုလည်း ခပ်ပျစ်ပျစ်ကျိုပြီး စစ်ယူထားပါ။ နို့စိမ်းဘူးကို ဖောက်ထားပါ။ ကျောက်ကျောကျိုမယ်ဆိုရင်တော့ ရေလီတာဝက်ထဲ သကြား၊ ဆားနှင့် ကျောက်ကျောမှုန့်ကို ပျော်ဝင်အောင် မွှေပြီး အပူပေးပါ။ ဆူပွက်လာရင် အုန်းနို့ရည်လောင်းပါ။ အုန်းနို့ရည်လည်း ဆူပွက်လာပြီဆိုရင် ဗန်းထဲလောင်းပြီး အအေးခံပါ။ ၂ ထပ်ကျောက်ကျော လှလှလေးရပါမယ်။ ကောက်ညှင်းကို ချက်ထားပါ။ သာကူကို ရေနွေးထဲ မျက်စိပျောက်အောင် ပြုတ်ပြီး ရေအေးစိမ်ထားပါ။ အရောင် ပါရချင်ရင်တော့ အစားအစာမှာသုံးတဲ့ င်္သသိ ခသူသမ ကို ရေထဲထည့်ဖျော်ပြီး သာကူစေ့လေးတွေ စိမ်လိုက်ရင် အရောင်လှလှရပါမယ်။ သာကူစေ့ထဲ အရောင်ကူးပြီး စွဲသွားမှ ရေပြန်ဆေးရင် ရပါပြီ။ ပွဲပြင်တဲ့အခါ မုန့်လက်ဆောင်းဖတ်၊ ကျောက်ကျော၊ သာကူ၊ ကောက်ညှင်းပေါင်း၊ မုန့်လက်ဆောင်းနှင့် ပေါင်မုန့်တို့ကို လှပစွာစီထည့်ပြီး အပေါ်ကနေ အုန်းနို့ရည်၊ သကြားရည် နှင့် နို့စိမ်းတို့ကို လိုသလိုဆမ်းပြီး ရွှေရင်အေးစေတဲ့ ရွှေရင်အေးလေး သုံးဆောင်လို့ရပါပြီ။

Facebook Comments

Menu