ပြာရည်ထုပ်  (၂၀) ဦးစာ

by ရွှေရည်ဖြိုး for Food Magazine

          ကောက်ညှင်းနဲ့လုပ်ထားတဲ့ အဲဒီမုန့်လေးက ခရီးသွားရင် စားလို့ရသလို ဗာလချောင်ကြော်နဲ့တွဲစားရင်လည်း စားလို့ကောင်းလို့ လုပ်စားလို့ရအောင် လုပ်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်း  –  ၄ လုံး

လက်ချား  –  လက်ဖက်ရည်ဇွန်း ၄ ဇွန်း

ဆော်ဒါ  –  ၂ ဇွန်း

ဆား  –  အနည်းငယ်

ဝါးပိုးရွက်  –  ၁ ပိဿာ

သကြား  –  ၁၀ ကျပ်သား

အုန်းသီးနုနု  –  ၁ လုံး

ပြုလုပ်နည်း

၁။       ကောက်ညှင်းကို ရေစင်စင်ဆေး၍ ၁ နာရီခန့် ရေစိမ်ပါ။

၂။       ပြီးလျှင် ရေစင်အောင်စစ်ပြီး ဆား၊ လက်ချား၊ ဆော်ဒါများထည့်၍ နှံ့စပ်အောင် နယ်ပါ။

၃။       ဝါးပိုးရွက်လေးများကို ရေစင်အောင် ဆေးပြီး နေလှန်း၍ တစ်ရွက်ချင်းသန့်သန့်လေး ထားပါ။

၎။       ဝါးရွက်လေးများကို ကတော့ထိုး၍ နယ်ထားသော ကောက်ညှင်းကို တစ်ထုပ်ချင်းစီ ထည့်ပြီး ကြိုးချည်ထားပါ။

၅။       ပြီးလျှင် အထုပ်ကလေးများကို အိုးထဲစီထည့်ပြီး ရေမြုပ်အောင်ထည့်ပါ။ အပေါ်မှာ အလေးနှင့်ဖိပြီး ၃ နာရီခန့်ပြုတ်ပါ။

၆။       ပြီးလျှင် တစ်ထုပ်ချင်းစီ ဆယ်ယူ၍ အအေးခံပြီး ဖက်ကလေးများ ခွာ၍ မုန့်ကို ကတ်ကြေးဖြင့် တစ်ကိုက်စာလေးများ ညှပ်ပြီး အပေါ်မှာ သကြား၊ အုန်းသီးနုနု လေးများဖြူး၍ ဝါးနံ့သင်းသင်း “ပြာရည်ထုပ်” မုန့်ကလေးများကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Facebook Comments