နိုင်ငံတကာက နမူနာဟင်းခတ်အမွှေးအကြိုင်အရော

by ဆုမြတ်ဦး for Food Magazine

          နိုင်ငံတကာက နမူနာဟင်းခတ်အမွှေးအကြိုင်အရောတွေကို ကျွန်မတို့နှစ်သက်တဲ့ အစားအသောက်တွေထဲမှာ အလွယ်တကူ အသုံးပြုလို့ရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အရောတွေက တစ်ခါတစ်ရံမှာ လျှို့ဝှက်ပြီး သူ့မှာ မပါမဖြစ် ပါဝင်ပစ္စည်းတွေက ပြင်ဆင်ထားတဲ့ ဟင်းပွဲတစ်ပွဲကို အရသာရှိရှိနဲ့ အမှတ်ရစရာဖြစ်နေအောင် ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ စွပ်ပြုတ်လို အစားအသောက်ကနေပြီး လှော်ထားတဲ့  အဆန်အစေ့များအထိ အနံ့အရသာကို ပိုတိုးအောင် စွမ်းဆောင်နိုင်ပြီး မှုန့်နေအောင်ထောင်းထား၊ ကြိတ်ထားတဲ့ ဟင်းခတ် အမွှေးအကြိုင်များကို သောက်စရာများမှာ ထည့်သွင်းအသုံးပြုနိုင်သလို ကိုယ်ပိုင်စိတ်ကူးနဲ့ တီထွင်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်များကိုလည်း ဆန်းသစ်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

၁။       Tash’s Tamale နှင့် Taco ဟင်းခတ်အမွှေးအကြိုင်အရော

          ဟင်းသီးဟင်းရွက်များ၊ ငါးနှင့် အသားဟင်းများအတွက် စစ်မှန်တဲ့ အနံ့အရသာထွက်လာဖို့ အကောင်းဆုံးဖြစ်တဲ့ မက်စီကန်ဟင်းခတ်အမွှေးအကြိုင် အရောလေးဖြစ်ပါတယ်။ အချဉ်ဓာတ် အနည်းငယ်ရချင်တယ်ဆိုရင်တော့ ခေါင်ရန်းပန်းကို ထပ်ထည့်လို့ရပါတယ်။ တကယ်လို့ မရနိုင်ဘူးဆိုရင် သံပရာသီး ၂ လုံး အခွံခြစ်လေးတွေနဲ့ အစား ထိုးလို့ရပါတယ်။

လတ်လတ်ဆတ်ဆတ် ကလျာဏီ (နုပ်နုပ်စဉ်း)  –  စားပွဲဇွန်း၂ ဇွန်း

(သို့) ကလျာဏီ အခြောက်  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးအမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း)  –  စားပွဲဇွန်း ၁ ဇွန်း

(သို့) ကြက်သွန်ဖြူအမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်နီအမှုန့်   –   စားပွဲဇွန်း ၁ ဇွန်း

ခြေထားတဲ့ အော်ရီဂါနိုအခြောက်  –  စားပွဲဇွန်း ၁ ဇွန်း

လှော်ပြီး ကြိတ်ထားတဲ့ ဇီရာစေ့အမှုန့်  –  လက်ဖက်ရည်ဇွန်း ၅ ဇွန်း

(Guajillo) မက်စီကန်ငရုတ်သီးမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သစ်ကြံပိုးခေါက်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့

ငရုတ်ကောင်းအမည်းအမှုန့်  –  လက်ဖက်ရည် ဇွန်း ၁ ဇွန်း

ကြိတ်ထားတဲ့ (Chipotle) မက်စီကန်ငရုတ်သီး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ခေါင်းလောင်းပန်းရေနွေးကြမ်း  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

(သို့) ကြိတ်ထားတဲ့ ပွင့်ချပ်  –  ၆၊ ၈ ချပ်

ပါဝင်ဟင်းခတ်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပြီး လေလုံတဲ့ဘူးထဲမှာ သိမ်းထားပါ။

၂။     အိမ်လုပ် ရွှေဖရုံသီးပိုင်ဟင်းခတ်အမွှေးအကြိုင်အရော

          သင့်ရဲ့ မနက်ခင်းကော်ဖီ၊ နေ့လယ်စာအတွက် ကင်ထားတဲ့ ဟင်းသီးဟင်းရွက်အသုပ် (သို့) ညနေခင်းအချိုပွဲတွေထဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒီလိုအချိုလေးတွေကို ထပ်ထည့်ပြီး ဖျော်စပ်လိုက်ပါ။

သစ်ကြံပိုးခေါက်မှုန့်  –  စားပွဲဇွန်း ၃ ဇွန်း

ချင်းမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

လေးညှင်းပွင့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လတ်လတ်ဆတ်ဆတ် ကြိတ်ထားတဲ့

ဇာတိပ္ဖိုလ်သီးအမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဖာလာစေ့အမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ငရုတ်ကောင်းအဖြူမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ပါဝင်ဟင်းခတ်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပြီး လေလုံတဲ့ ဘူးထဲမှာ သိမ်းထားပါ။

၃။     Somoma ဟင်းခတ်အမွှေးအကြိုင်အရော

          ကာလီဖိုးနီးရားရဲ့  ထိပ်တန်းဝိုင်ထုတ်လုပ်နေတဲ့ပြည်နယ်မှ  ထုတ်လုပ်ထားတာကို ပြန်လည်တင်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်အရောလေးကို ပီဇာ (သို့) ပါစတာဟင်းပွဲတွေမှာ အသုံးပြုလို့ရပါတယ်။

ခြေထားတဲ့ ပင်စိမ်းအခြောက်  –  စားပွဲဇွန်း ၂ ဇွန်း

ခြေထားတဲ့ Marjoram အခြောက်  –  စားပွဲဇွန်း ၂ ဇွန်း

ခြေထားတဲ့ အော်ရီဂါနိုအခြောက်  –  စားပွဲဇွန်း ၂ ဇွန်း

သိုင်းမ် (Thyme) အခြောက်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခြေထားတဲ့ ကရဝေးအရွက်အခြောက်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရို့မယ်ရီအခြောက်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၄ ၁/၂ ဇွန်း

ငရုတ်သီးအမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

လှော်ပြီး ကြိတ်ထားတဲ့ စမုန်နက်စေ့အမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ခြေထားတဲ့ ပူဒီနာအခြောက်  –  လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

ကြက်သွန်ဖြူအမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

ကြက်သွန်နီအမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

သံပရာအခွံခြစ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ဟင်းခတ်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပြီး လေလုံတဲ့ ဘူးထဲမှာ သိမ်းထားပါ။

၎။  ဟင်းအနှစ်အတွက် ဟင်းခတ်အမွှေးအကြိုင်အရော

          အိန္ဒိယရိုးရာဟင်းအနှစ်အတွက် အရမ်းကို အနံ့အရသာပြည့်ဝစေတဲ့ ဟင်းခတ်အမွှေးအကြိုင်အရော ဖြစ်ပါတယ်။ ဒီမဆလာလေးကို သစ်သီးများကို ရေနည်းနည်းနဲ့ပြုတ်တဲ့ အချိန်မျိုးနှင့် အဆန်အစေ့အချိုပွဲများကို ပိုမိုအနံ့အရသာ ပြည့်စုံလာအောင် ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။

အရောင်တင်ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၂ ၁/၂ ဇွန်း

လှော်ပြီး ကြိတ်ထားတဲ့ ဇီရာစေ့အမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

နနွင်းမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

နံနံစေ့အမှုန့်  –  စားပွဲဇွန်း ၁ ၁/၂ ဇွန်း

မီးခိုးကျပ်တိုက်ထားတဲ့ စပိန်အရောင်တင် ငရုတ်သီးမှုန့် – စားပွဲဇွန်း ၁ ဇွန်း

ပဲနံ့သာစေ့မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

မုန်ညင်းစေ့မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

လှော်ထားတဲ့ စမုန်နက်စေ့အမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း

ငရုတ်သီးအကြမ်းဖတ်  –  လက်ဖက်ရည်ဇွန်း၂ ၁/၂ ဇွန်း

ပဲနံ့သာစေ့ရွက်  –  လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း

ဖာလာစေ့အမှုန့်  –  လက်ဖက်ရည်ဇွန်း၂ ၁/၂ ဇွန်း

သစ်ကြံပိုးခေါက် ၁ x ၅ စင်တီမီတာ (၂ လက်မ)

မီးကင်ပြီး အမှုန့်ကြိတ်ထားပါ (သို့)

သစ်ကြံပိုးခေါက်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

လေးညှင်းပွင့်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

လိမ္မော်သီးအခြောက်အခွံခြစ်  –  လက်ဖက်ရည်ဇွန်း ၃/၄ ဇွန်း

ပါဝင်ဟင်းခတ်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပြီး လေလုံတဲ့ ဘူးထဲမှာ သိမ်းထားပါ။

၅။     Citrus Salt and Pepper ဟင်းခတ်အမွှေးအကြိုင်အရော

          ငရုတ်ကောင်းမှုန့်နှင့် ဆားအရောထဲကို အချဉ်ဓာတ် အနည်းငယ်ရအောင် ထပ်ထည့်ပြီး အသုပ်များ၊ ခံတွင်းဖွင့်စာများမှာ ထည့်သုံးနိုင်ပါတယ်။ (သို့) လတ်ဆတ်တဲ့ သစ်သီးများထဲမှာလည်း ထည့်သုံးနိုင်ပါတယ်။

အခွံခြစ်ထားတဲ့ သံပရိုသီး  ၆ ခု  (သို့)

အခြောက်ခံပြီး အမြှောင်းလေးတွေ လုပ်ထားတဲ့ သံပရိုသီး  –  စားပွဲဇွန်း ၁ ဇွန်း

အခွံခြစ်ထားတဲ့ လိမ္မော်သီး ၂ ခု (သို့)

အခြောက်ခံပြီး အမြှောင်းလေးတွေ လုပ်ထားတဲ့ လိမ္မော်သီး  –  စားပွဲဇွန်း ၂ ဇွန်း

အခွံခြစ်ထားတဲ့ သံပရာသီး ၆ ခု (သို့)

အခြောက်ခံပြီး အမြှောင်းလေးတွေ လုပ်ထားတဲ့ သံပရာသီး  –  စားပွဲဇွန်း ၁ ဇွန်း

ဆား  –  စားပွဲဇွန်း ၆ ဇွန်း

ငရုတ်ကောင်းအမည်းစေ့  –  စားပွဲဇွန်း ၃ ဇွန်း

အခြောက်ခံထားတဲ့ ပန်းရောင်ငရုတ်ကောင်းစေ့  –  စားပွဲဇွန်း ၁ ဇွန်း

အခြောက်ခံထားတဲ့ အစိမ်းရောင်ငရုတ်ကောင်းစေ့  –  စားပွဲဇွန်း ၁ ဇွန်း

ဆီးရီးယားငရုတ်သီးအကြမ်းဖတ်  –  စားပွဲဇွန်း ၂ ဇွန်း

          အချဉ်ဓာတ်ရတဲ့ အခွံခြစ်တွေ အားလုံးကို ဗန်းတစ်ခုထဲမှာ ဖြန့်ခင်းထားပါ။ Oven ထဲမှာ မီးအရှိန်အနည်းဆုံးနဲ့ အခွံခြစ်တွေ အားလုံးအခြောက်သွားတဲ့အထိ ၁ နာရီကြာ ထည့်ထားပေးပါ။ ခြောက်သွားပြီဆိုလျှင် ပန်းကန်ထဲထည့်ပြီး ဆား၊ ငရုတ်ကောင်းစေ့များနှင့် ငရုတ်သီးအကြမ်းဖတ်များကို ထည့်ပါ။ အားလုံးကိုသမအောင် ရောမွှေပါ။ ဖန်ခရား (သို့) ဆားထည့်တဲ့ ပုလင်းလေးတွေမှာ ထည့်သိမ်းပါ။ ကြိတ်ပေးဖို့ လိုအပ်မည်ဆိုလျှင် ကြိတ်ပေးလို့ရပါတယ်။

၆။     အရှေ့တိုင်းပုံစံဟင်းခတ်အမွှေးအကြိုင်အရော

          ဒီဟင်းခတ်အမွှေးအကြိုင်လေးကိုတော့ အကြော်တွေ၊ စွပ်ပြုတ်၊ အသား၊ ငါးများနှပ်ရန်နှင့် ကြက်တောင်ပံတွေအတွက် အရမ်းကို သင့်တော်ပါတယ်။

နာနတ်ပွင့်အမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း+ စားပွဲဇွန်း ၁ ဇွန်း

စီချွမ်ငရုတ်ကောင်းမှုန့် (သို့) ငရုတ်ကောင်း အမည်းမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

စမုန်နက်စေ့အမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

သစ်ကြံပိုးခေါက်အမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

လေးညှင်းပွင့်အမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ချင်းမှုန့် (သို့) Galangal  –  စားပွဲဇွန်း ၁ ဇွန်း

ဆား (လိုအပ်သလောက်)  –  စားပွဲဇွန်း ၁ ဇွန်း

လိမ္မော်အခြောက်အခွံခြစ်  –  စားပွဲဇွန်း ၁ ဇွန်း

          ပါဝင်ဟင်းခတ်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပြီး လေလုံတဲ့ ဘူးထဲမှာ သိမ်းထားပါ။

Facebook Comments