Health Benefits of food (Healthy Recipe and Health Benefits of Quail Egg)

SL_healthy food 1

      ငုံးဥဆို ကလေး၊ လူကြီး ကြိုက်နှစ်သက်သလို စားရတာအင်မတန်အဆင်ပြေသော ဥလည်းဖြစ်ပါတယ်။ England နိုင်ငံက ကျန်းမာရေးနှင့် အာဟာရ ပညာရှင်တွေက လေ့လာမှုတွေများစွာလုပ်ပြီးနောက်မှာ ငုံးဥကို စူပါအစားအစာစာရင်းထဲမှာ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။ ဒါပေမဲ့ ငုံးဥထဲမှာဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။ သူ့ရဲ့ သေးပြီး ချစ်ဖို့ကောင်းသော အဖြူ အမည်းအခွံနှင့် အရွယ်အစားကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စားဖိုမှူးများရဲ့ လက်ဆွဲလည်းဖြစ်ပါတယ်။ ကလေးအများ စုကလည်း သဘောကျ စားသုံးသော ဥလည်းဖြစ်ပါတယ်။ အဆာပြေအစားအစာကနေ အချိုပွဲအထိ လုပ်ဆောင်ပေးနိုင်သော သူ့ရဲ့အရသာ အစွမ်းကလည်း အံ့မခန်းဖွယ်ရာပါ။ အခုအခါမှာ အလှကုန်ပစ္စည်းများမှာလည်း ပါဝင်အသုံးပြုလာတာကို လေ့လာတွေ့ရှိရပါတယ်။ သူ့ရဲ့ လှပသောအခွံက အခုအခါမှာ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများမှာ အသုံးပြုလာတာကလည်း တကယ်ပဲ စိတ်ဝင်စရာကောင်းပါတယ်။ ငုံးဥထဲမှာပါတဲ့ အာဟာရဓာတ်အားက ကြက်ဥနှစ်လုံးစာနဲ့ ညီမျှတယ်ဆိုတာကို မသိကြပါဘူး။ ငုံးဥဟာ လူရဲ့အဆုတ်နဲ့ သရက်ရွက်ကို အားကောင်းစေပါတယ်။ ဒါကြောင့် ဒီလ ငုံးဥအကြောင်း တစ်စေ့တစ်စောင်း လေ့လာလို့ရအောင် Healthy food and Health benefit မှာ Benefits of Quail Egg Article နဲ့အတူ Quail Egg and herbs Fruit Skewers လုပ်နည်းလေးပါ ပူးတွဲဖော်ပြလိုက်ပါတယ်။ ငုံးဥက ရောဂါအတော်များများကို ကာကွယ်တိုက်ဖျက်ပေးနိုင်သော စွမ်းအားရှိတာကြောင့် တရုတ် တိုင်းရင်းဆေးဆရာတွေက ရောဂါများကို ကုသမှုတွေမှာ ကြက်ဥထက်စာရင် ငုံးဥက ပို၍အစွမ်းထက်ကြောင်း ဆိုထားပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့တရုတ်ဟင်းလျာအတော်များများမှာ ငုံးဥကို ထည့်သွင်းချက်ပြုတ်ထားတာကို တွေ့ရပါတယ်။ ငုံးဥကို နေ့စဉ်စားသုံးခြင်း ဖြင့် စိတ်ဖိစီးမှုများကို လျော့ပါးစေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အသက်အရွယ်နဲ့ စိတ်ဖိစီးမှု အတိမ်အနက်ပေါ်မူတည်ပြီး ငုံးဥအလုံးအရေအတွက် အတိုးအလျော့ လုပ်ပြီး စားသုံးသင့်ပါတယ်။ ကလေးငယ်တွေကို ငုံးဥ တစ်နေ့တစ်လုံး စားသုံးစေခြင်းဖြင့် ကိုယ်စိတ်ကျန်းမာ ခြင်းကို တိုးတက်စေပါတယ်။ ဆံပင်များလည်း ကျန်းမာ သန်စွမ်းစေပါတယ်။ ကလေးနို့တိုက်နေသော မိခင်များ ပုံမှန်စားသုံးပါက နို့ထွက်လည်း ပိုကောင်းစေပြီး နို့မှာ အာဟာရဓာတ်တွေ အပြည့်အဝပါဝင်တာကြောင့် မိခင်ကော ကလေးအတွက် ကျန်းမာကောင်းမွန်စေပါတယ်။ ငုံးဥမှာပါဝင်တဲ့ ပိုတက်စီယမ်၊ မက်ဂနီစီယမ်လို သတ္တု ဓာတ်များနဲ့ ဗီတာမင် B6 ကြောင့် ကျောက်ကပ်၊ အသည်းနဲ့ သည်းခြေအိတ်တွေမှာ ကျောက်တည်နိုင်ချေကို လျော့ပါးစေ ပါတယ်။ Gym ကစားသူတွေလည်း ငုံးဥစားသုံးပေးမယ်ဆိုရင် အသားဓာတ်ကို ပိုမိုရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ငုံးဥမှာပါဝင်တဲ့ Ovomucoid ပရိုတင်းနဲ့ Lysozyme ဟာ ကြမ်းထော်ပြီး အနီပိန့်တွေ ထွက်တတ်တဲ့ Psoriasis ၊ နှင်းခူနဲ့ ပန်းနာရင်ကျပ်ရောဂါတွေမှာဖြစ်တဲ့ ပိုးဝင်မှုနဲ့ ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်ပါတယ်။

     ငုံးဥကိုစားမယ်ဆိုရင် တစ်နေ့မှာ ၃ လုံးကနေ ၅ လုံးထိ စားသုံးဖို့သင့်လျော်ပါတယ်။ ငုံးဥမှာပါတဲ့ Vitamin-B ဟာ ဆီးချိုရောဂါကို ကူညီကုသပေးနိုင်ပါတယ်။ အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်းနာခြင်းကိုပါ ကုသပေးနိုင်တယ်။ ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေပါဝင်တာကြောင့် ဝနေတဲ့ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ငုံးဥမှာပါဝင်တဲ့ဓာတ်တွေကြောင့် သွေးကျစေပြီး သွေးကြောကောင်းမွန်အောင် ကာကွယ်ထိန်းပေးပါတယ်။ သွေးကြောမှာ သွေးခဲခြင်း၊ သွေးခဲ တာကြောင့် သွေးဖတ်ပိတ်ခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြောရောဂါသည်တွေရဲ့ အားဖြည့်အစာလည်း ဖြစ်ပါတယ်။ ငုံးဥဟာ သန္ဓေသားနဲ့ ကလေးငယ်တွေအတွက် အားကောင်းစေတာမို့လို့ ကိုယ်ဝန်ဆောင်မိခင်တွေ ငုံးဥကို များများစား ပေးသင့်ပါတယ်။ ငုံးဥနှင့်တွဲစားလို့ ရရှိသောကောင်းကျိုးလေးတွေလည်း ရှိသလို ဆိုးကျိုးများလည်းရှိပါတယ်။ ကောင်းကျိုးလေးတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ ငုံးဥနဲ့ နွားနို့ကိုတွဲစားလျှင် သွေးအားနည်းသူ၊ ကိုယ်ခန္ဓာအင်အားချည့်နဲ့နေသူ၊ အစာအိမ်အားနည်းနေသူအတွက် အကျိုးရှိပါတယ်။ ငုံးဥနှင့် ဆန်ပြုတ်လုပ်စားပါက သွေးတိုးသမားကို သွေးကျစေပါမယ်။ ထို့အပြင် အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးပါတယ်။ ငုံးဥကို တရုတ်ကြက်သွန်မြိတ်နှင့် တွဲကြော်စားရင် ကျောက်ကပ်အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေ၊ ပန်းညှိုးခြင်းများကို ပြန်လှည်ကောင်းမွန်စေနိုင်ပါ တယ်။ တီဘီရောဂါ၊ အဆုတ်အားနည်းပြီး ချောင်းအကြာကြီး ဆိုးနေသူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း အားဖြည့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစားသင့်ပါ။ တွဲစားမိရင်တော့ ဝမ်းပျက်ခြင်း၊ ဝမ်းဖောရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်သွေးကြော မကောင်းသော သူတွေကတော့ ငုံးဥကို အလွန်အကျွံမစားသင့်ပါ။ ငုံးဥမှာ ပရိုတင်း၊ ဆိုဒီ ယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ကန့်ညို(ဆီလီနီယမ်)၊ သတ္တုဓာတ်အဆီ၊ သံဓာတ် လက်စီသင် (Lecithin)၊ Vitamin-A ၊ Vitamin-B1 ၊ B2 Calcium နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်ပါတယ်။ အခုခေတ်မှာတော့ ငုံးဥရဲ့ ကောင်းကျိုးလေးတွေကို နားလည်ပြီး စားသုံးရာတွင်မက ငုံးဥအနှစ်ကိုအသုံးပြုပြီး မျက်နှာဖုံးပေါင်းတင် Mask အဖြစ်အသုံးပြုမယ်ဆိုရင် အရေပြားကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး တောက်ပရွှန်းစိုစေပါတယ်။ ငုံးဥအကာကို ခေါင်းလျှော်ရာမှာသုံးရင် တောက်ပပြီး သန်စွမ်းထူထဲတဲ့ဆံပင်ကို ပိုင်ဆိုင်မှာပါ။ ငုံးဥဝယ်ရာမှ လတ်ဆတ်ဖို့က အရေးကြီးပါတယ်။ အက်နေသော၊ အချိန်ကြာနေသော ငုံးဥများကိုမဝယ်မိစေဖို့ သတိထားရမှာပါ။ ငုံးဥကိုဝယ်ပြီး ရေခဲသေတ္တာထဲမှာ သေချာသိမ်းထားပါ။ ငုံးဥကို စားသုံးသင့်တဲ့သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီးခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဒါလောက်ဆိုရင် ငုံးဥအကြောင်းကို စုံသလောက်တော့ ရှိပြီထင်ပါတယ်။ နောက်လမှာဖော်ပြမယ့် အစားအစာက ဘာဖြစ်မလဲဆိုတာ စောင့်မျှော်ဖတ်ရှုကြပါဦးနော် . . . ။

Healthy Eating and Happy life …..

မှတ်ချက် –     မစည်သင်ယူထားသည် Healthy Benefit of Egg နှင့် www.the-health-benefits-of-egg.com ကို အတူပူးတွဲ ဖော်ပြလိုက်ပါတယ်။ ငုံးဥကိုစားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း ရောဂါပပျောက်ချင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

…………………………………………………

♦   Syi Lwin (foodsgarden)   ♦

………………………………………………..

Facebook Comments