
မြန်မာနိုင်ငံ စားသောက်ဆိုင်များအသင်း (MRA) ဖိတ်ကြားမှုကြောင့် ဂျပန်နိုင်ငံ စားသောက်ဆိုင်များ နိုင်ငံရပ်ခြားတွင် တိုးမြှင့်ဆောင်ရွက်သောအဖွဲ့အစည်း JRO က ပြည်တွင်းက စားသောက်ဆိုင်လုပ်ငန်းရှင်များအား အတွေ့အကြုံ ရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၅ရက်နေ့က Park Royal Yangon ဟော်တယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ စားသောက်ဆိုင်တွေကို နေ့စဉ်လေ့လာရာမှာရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာ လမ်းမှာရှိတဲ့ Green Elephant စားသောက်ဆိုင်တွင် နေ့လယ်စာအဖြစ် မြန်မာရိုးရာအစား သောက်ကိုသုံးဆောင်ခဲ့ပါတယ်။ အဆိုပါ JRO အဖွဲ့ဝင်များအတွက် နေ့လယ်စာကိုတော့ Green Elephant စားသောက်ဆိုင်မှာ မြန်မာရိုးရာ အစားသောက်များဖြစ်တဲ့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ မြန်မာ့ရိုးရာအကြော်စုံများ၊ မုန့်မျိုးစုံများ၊ သဘာဝအုန်းစိမ်းရည်များနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။ အပြင်အဆင်ပိုင်းကိုလည်း Green Elephant ကထုတ် လုပ်တဲ့ ကြိမ်ထည်၊ ယွန်းထည်များဖြင့် ခမ်းနားစွာပြင်ဆင်ထား ပြီး ဖျော်ဖြေရေးအတွက် လည်း ကျောက်ဆည်ဆင်အကတို့ဖြင့် JRO အဖွဲ့ဝင်များအားဖြေဖျော်ခဲ့ရာ ဧည့်သည်တော်များ အထူးသဘောကျနှစ်သက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။