
by ဒေါက်တာ ညီညီကျော် for Food Magazine
သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ Magnesium (မဂ္ဂနီဆီယမ်) ဟာ အရိုးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါ့အပြင်-
၁။ ဝမ်းချုပ်ခြင်း – Magnesium (မဂ္ဂနီဆီယမ်) ကို ဝမ်းနုတ်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
၂။ အစာမကြေခြင်း၊ ရင်ပြည့်၊ ရင်ကယ်၊ ရင်ပူဖြစ်နေရင်လည်း Magnesium Hydroxide (မဂ္ဂနီဆီယမ် ဟိုက်ဒရောက်ဆိုဒ်) ကို အသုံးပြုကြပါတယ်။
၃။ ကိုယ်ဝန်ဆောင်ကာလအတွင်း သွေးပေါင်ချိန်တက်ခြင်း (pre-eclampsia, eclampsia) တို့မှာလည်း သွေးပေါင်ချိန်ကို ချပေးနိုင်ပါတယ်။
၎။ Magnesium (မဂ္ဂနီဆီယမ်) ကြွယ်ဝတဲ့ အစားအစာတွေ စားပေးခြင်းဖြင့် ဆီးချိုရောဂါကို တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
၅။ ဒါ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ စသည်တို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။
Magnesium (မဂ္ဂနီဆီယမ်) ချို့တဲ့ရင် ဘာတွေဖြစ်လာမလဲ။
၁။ အစားအသောက် ပျက်ခြင်း။
၂။ အော့အန်ခြင်း။
၃။ မောပန်းလွယ်ခြင်း။
၎။ ထုံကျဉ်ခြင်း။
၅။ ကြွက်တက်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။
Magnesium (မဂ္ဂနီဆီယမ်) ကို တစ်နေ့ ဘယ်လောက်လိုမလဲ။
၁။ အသက် ၁ နှစ်မှ ၃ နှစ်အထိ – ၈၀ မီလီဂရမ်
၂။ အသက် ၄ နှစ်မှ ၈ နှစ်အထိ – ၁၃၀ မီလီဂရမ်
၃။ အသက် ၉ နှစ်မှ ၁၃ နှစ်အထိ – ၂၄၀ မီလီဂရမ်
၎။ အမျိုးသား အသက် ၁၄ နှစ်နှင့် အထက် – ၄၀ဝ – ၄၂၀ မီလီဂရမ်
၅။ အမျိုးသမီး အသက် ၁၄ နှစ်နှင့် အထက် – ၃၁၀ – ၃၆၀ မီလီဂရမ်
၆။ ကိုယ်ဝန်ဆောင် – ၃၅၀ – ၄၀ဝ မီလီဂရမ်
၇။ နို့တိုက်မိခင် – ၃၁၀ – ၃၆၀ မီလီဂရမ်
Magnesium (မဂ္ဂနီဆီယမ်) ကြွယ်ဝတဲ့ အစားအစာများ
၁။ အဆန်အစေ့အမျိုးမျိုး
၂။ အစိမ်းရင့်ရင့်ရောင်အရွက်များ
၃။ နှံစားအမျိုးမျိုး
၎။ ပဲအမျိုးမျိုး
၅။ Magnesium (မဂ္ဂနိဆီယမ်) ထပ်ထည့်ထားသော အစားအစာများ၊
ဥပမာ- Cereal, Fortified Food စသည်တို့ကို စားပေးလို့ရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြည့်စွက်အားဆေးတွေ အရမ်းသောက်လာပါတယ်။ တကယ်တော့ Magnesium (မဂ္ဂနီဆီယမ်) က ဖြည့်စွက်အားဆေး သီးသန့်သောက်စရာ မလိုပါ။ သဘာဝအစားအစာကိုသာ ပုံမှန်စားပေးရင် ပြည့်စုံလုံလောက်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်