ရှမ်းရိုးရာစားသောက်ဆိုင် တတိယမြောက်ဆိုင်သစ်ဖွင့်လှစ်ခြင်း

ရှမ်းရိုးရာစားသောက်ဆိုင်၏ တတိယမြောက်ဆိုင်ခွဲကို ဇူလိုင်လ ၁၁ ရက်နေ့တွင် အောင်ဇေယျ လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ၌ ဖွင့်လှစ်ခဲ့ပါသည်။

ဤဆိုင်တွင် ရှမ်းပြည်ဒေသအသီးသီးမှ နာမည်ကျော် ရှမ်းခေါက်ဆွဲနှင့် အခြားခေါက်ဆွဲ

အမျိုးမျိုး၊ အဆီပါဝင်မှုနည်းသော ဆဒုံ၊ ဆတာလု၊ အသားခြောက်နှင့် ရှမ်းအအုံးများ၊ အထောင်း အမျိုးမျိုး၊ မုန်ညင်းစောနှင့် ဝါးတန်းလမ်းဆိုင်၏ လူကြိုက်များသော မူပိုင်သီပေါငါးကြင်းမြီးချက်၊ ကြက်ဥစပါယ်ရှယ်၊ ငှက်ပျောဖူးဝက်သားချက်၊ မြေပဲတိုဟူးတို့ကို ရရှိနိုင်ပြီး ပြည်တွင်းသာမက ပြည်ပစားသုံးသူများအတွက်လည်း ရွေးချယ်နိုင်သော ဟင်းလျာအမျိုးမျိုးအပြင် ကလေးများအတွက် လည်း ဆိုင်၏ ကိုယ်တိုင်လုပ်ခေါက်ဆွဲနှင့် အခြားအဆာပြေအစားအစာများကိုလည်း ရရှိနိုင်ပါ

သည်။ မြို့ ပြတွင် တွေ့ရခဲသော နေ့မူလန် (ဝက်သားအုံး) နှင့် ရာသီပေါ် ရရှိနိုင်သော ဟင်းလျာများ ကိုလည်း ရောင်းချ သွားမည်ဖြစ်သည်ဟု သိရသည်။

Facebook Comments