
CMHL နှင့် 100Plus မှ ပူပေါင်းစီစဉ်သော “Active Family Day Out” ပွဲကြီးကို ဒီဇင်ဘာ ၂၈ ရက်နေ့၊ မနက် (၆)နာရီမှ ည (၆)နာရီထိ ပြည်သူ့ရင်ပြင် ကွင်း(၁)နှင့် ကွင်း(၂)တို့မှာ တစ်နေ့တာလုံး ကျင်းပပြုလုပ်ခဲ့ပါသည်။
ပျော်စရာအစီအစဉ်များပါဝင်တဲ့ မြန်မာမိသားစုများအတွက် ကျန်းမာသော လူမှုဘဝပုံစံရရှိစေရန် ရည်ရွယ်ပြုလုပ်သွားခြင်းဖြစ်ပါသည်။ သူငယ်ချင်းများ၊ မိသားစုများ အတူ တကွ လာရောက်လမ်းလျှောက်ခြင်း၊ Game များကစားခြင်းများပြုလုပ်ခြင်း အနုပညာရှင်များနှင့် ကျွမ်းကျင်ဆရာဝန်ကြီးများမှ အသိပညာပေးဟောပြောချက်များကို သူငယ်ချင်း၊ မိသားစုများနှင့် အတူတကွ ပါဝင်ဆင်နွဲခဲ့ကြပါသည်။ “Active Family Day Out” ပွဲကြီးမှာ ပါဝင်မယ့် Activities အားလုံးဟာ ကျန်းမာရေးအသိပညာပေးဖို့နှင့် မိသားစုကို အချိန်ပေးသင့်ကြောင်း ပညာပေးရည် ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်မယ့်ကလေးရော လူကြီးပါ ပါဝင်ဆင်နွဲခဲ့ကြသည့် ပွဲတစ်ပွဲဖြစ် ပါသည်။