METRO အရောင်းပြခန်းအသစ် ရန်ကုန်မြို့လယ်တွင် စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ ထိပ်တန်းအစားအသောက်နှင့် အခြား အရည်အသွေးမြင့် ကုန်ပစ္စည်းများ လက်ကားရောင်းဝယ်ရေး ကုမ္ပဏီဖြစ်သော METRO Wholesale Myanmar ၏ အရောင်းပြခန်းအသစ်နှင့် ရုံးချုပ်အသစ်ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် အမှတ် (၂၂/၂၄)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ ၌ ဖွင့်လှစ်ခဲ့သည်။  ထိုအရောင်း ပြခန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် အစားအသောက် တည်ခင်းဧည့်ခံပေးသော (HoReCa) ဝန်ဆောင်မှုပေးသည့် Customer များ၊ လုပ်ငန်းများနှင့် နီးစပ်သော ရန်ကုန်မြို့လယ် အချက်အချာကျသည့်နေရာတွင် တည်ရှိပြီး METRO ၏ အမျိုး အစားစုံလင်လှသည့် အစားအသောက်နှင့် အခြားအရည် အသွေးမြင့် ကုန်ပစ္စည်းများကို ပြသထားသည်။ METRO ၏ အရောင်းပြခန်းအသစ်တွင် ဟင်းသီးဟင်းရွက်များ၊ အသား ငါးများ၊ ပင်လယ်စာများ၊ ဖျော်ရည်များ၊ ခေတ်မီအအေးခန်း

တွင် သိုလှောင်ထားသည့် အစားအသောက်များ၊ စည်သွတ် ဘူးနှင့် ကုန်ခြောက်များ၊ ဝိုင်နှင့် ချိစ်များ၊METRO ကိုယ်ပိုင် အမှတ်တံဆိပ် ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးကုန်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများ စသည်ဖြင့် ကုန်ပစ္စည်းပေါင်း ၃ဝဝဝ ကျော်ကို တစ်နေရာတည်းတွင် ဈေးနှုန်းသင့်တင့်စွာ

ဖြင့် ဝယ်ယူနိုင်ပါသည်။

Facebook Comments