THAIFEX – ANUGA ASIA 2020

The Hybrid Edition Expands Opportunities for Thai Business Operators to Meet Global Trade Partners through THAIFEXporterVirtual Trade Show
——————————————————————————————-
ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေး ဌာန (DITP) မှ ၀ယ်ယူသုံးစွဲသူများနှင့် ကုန်သွယ်ရောင်းချသူများကို ကောင်းမွန်တဲ့အခွင့်အလမ်းရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် THAIFEX-ANUGA ASIA 2020 – Hybrid Edition Trade Show ကိုပြုလုပ်ခြင်းဖြစ်ပါတယ်။ အခုနှစ်မှာတော့ ကုန်စည်ပြပွဲကို hybrid ပုံစံမျိုးပြုလုပ်ထားတဲ့အတွက် ကုန်စည်ပြသသူများအနေဖြင့် မိမိကုန်ပစ္စည်းကိုပြပွဲအတွင်းတွင် လာရောက်ပြသနိုင်သလို website ပေါ်မှလည်း Online ပြသနိုင်တဲ့အတွက် ပိုမိုအဆင်ပြေလွယ်ကူလျင်မြန်စေပါတယ်။

အခုလိုမျိုး ပြပွဲကို Hybrid Edition Trade Show ပုံစံမျိုးပြုလုပ်တဲ့အတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့၏ကုန်ပစ္စည်းများကို ၂၄နာရီအတွင်း ကမ္ဘာအနှံ့ကိုပြသနိုင်မှာ ဖြစ်ပါတယ်။
အခုကာလတွင် ကမ္ဘာအနှံ့မှာ Covid 19 ရောဂါြဖစ်ပွားနေသောကြောင့် ကူးသန်းရောင်းဝယ်၊ ရောင်းချသူများ အနေဖြင့် နိုင်ငံတကာသို့ကူးသန်းသွားလာရန် ခက်ခဲနေတဲ့ကာလဖြစ်တာကြောင့် ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနတို့က အခုလိုမျိုး hybrid (online & offline) trade show ကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကမ္ဘာအနှံ့ကိုဆက်သွယ်နိုင်မယ့် အခွင့်အလမ်းသစ်တစ်ခုကို တိုးချဲ့လိုက်ခြင်း ဖြစ်ပါတယ်။ Onlineမှတစ်ဆင့် ကမ္ဘာအနှံ့မှကြည့်ရှုသူများသည် ကုန်စည်ပစ္စည်းများကို ပြပွဲအတွင်းတွင် ကြည့်ရှုနေရသည့်အတိုင်း ၃၆၀ဒီဂရီ အသေးစိတ် ကြည့်ရှုနိုင်မှာြဖစ်သလို ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် Virtual Business Machine မှတစ်ဆင့် စီးပွားရေးဆိုင်ရာညှိနှိုင်းမှုများကို ၂၄နာရီလုံး Chat, Call နဲ့ VDO Call အစရှိသည်ဖြင့် ခေါ်ဆိုဆွေးနွေးနိုင်မှာြဖစ်ပါတယ်။

လာရောက်ကြည့်ရှုမယ့် ပရိသတ်တွေ ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှုရရှိစေရန်နှင့် ပြပွဲအတွင်း လူဉီးရေထူထပ်မှု မဖြစ်စေရန်အတွက်လည်း ပြခန်းနေရာများကို တစ်နေရာနှင့်တစ်နေရာ စိတ်ချရတဲ့အကွာအဝေးကို ထားရှိပေးထားပါတယ်။
ကျန်းမာရေးဆိုင်ရာပြဿနာများမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်မှုများအနေဖြင့်
(၁) ပြပွဲကြည့်ရှုလိုသူများသည် စမတ်ဖုန်းများမှတစ်ဆင့် online registration ကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
(၂) ပြပွဲအတွင်းသို့ ဝင်ရောက်ကြည့်ရှုချိန်ကိုလည်း မနက်၁၀နာရီမှ နေ့လယ် ၂နာရီအထိ တစ်ချိန်၊ နေ့လယ် ၂နာရီ မှ ညနေ ၆နာရီအထိ တစ်ချိန်၊ အချိန် ၂ပိုင်းခွဲပြီး ပြသပေးမှာြဖစ်လို့ တစ်ချိန်ကို လူဉီးရေ ၁၅၀၀၀ ထက်ပို၍ ဝင်ရောက်ခြင်းမရှိစေရန်လည်း ကန့်သတ်ထားပါတယ်။
(၃) ပြပွဲကြည့်ရှုသူများအနေဖြင့် ပြပွဲသို့မဝင်ရောက်မှီ DITP QUICK QR Code and Thai Chana (“Thailand Wins”) application မှာ အချက်အလက်များကို ပေးသွင်းစစ်ဆေးရမှာြဖစ်ပါတယ်။
THAIFEX-ANUGA ASIA2020 ပြပွဲကြီးကို စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ Challenger 1-3, IMPACT Muang Thong Thani မှာ ကျင်းပပြုလုပ်မှာြဖစ်ပါတယ်။

The Department of International Trade Promotion (DITP), Ministry of Commerce, brings New Normal exhibition experiences with Virtual Trade Show that is destined to create borderless opportunities for buyers and trade partners to meet with the exhibitors at THAIFEX-ANUGA ASIA 2020 The Hybrid Edition. This year trade show combines both offline and online elements, featuring both physical exhibition booths and online exhibitions via the website to offer the most convenience and speed in the new normal lifestyle.

Although COVID-19 may have impeded many international trade partners from traveling to onsite-exhibition, the Department of International Trade Promotion, Ministry of Commerce, has proactively expanded a new channel of opportunities for buyers from all over the world to join this year exhibition through the Virtual Trade Show. Global visitors can experience by exploring the exhibition virtually and viewing the product details in 360 degrees while entering business negotiations with Thai business operators through Virtual Business Matching, as well as Chat, Call, and VDO Call 24 hours a day.

For health safety and minimized crowds, apart from offering physical distance between the exhibition booths, the organizers has set precautionary measures for the participants as follows:
1. Visitors can register online in advance with their smartphones.
2. The entry is limited to 2 rounds per day: 10.00-14.00 and 14.00-18.00 (Not exceeding 15,000 people per round).
3. To enter the exhibition, visitors must scan DITP QUICK QR Code and Thai Chana (“Thailand Wins”) application.

For health safety and minimized crowds, apart from offering physical distance between the exhibition booths, the organizers have set precautionary measures for the participants as follows: days start between 25- 26 September 2020.

Facebook Comments