ကိုယ်က စေတနာအပြည်နဲ့ ပင်ပင်ပန်းပန်း ချက်ကျွေးတာကို မြိန်ရေယှက်ရေနဲ့ စားနေတယ်ဆိုရင်ပဲ ကိုယ်က ဝမ်းသာနေတာပါဆိုတဲ့ဆုဝတီ

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

အချက်အပြုတ်ကို ညီမ ၈ တန်း၊ ၉ တန်းလောက် ကတည်းက စပြီးတော့ ဝါသနာပါပြီပေါ့နော်။ အိမ်မှာ အမေဟင်းချက်ရင် ဝိုင်းကူလုပ်ပေးရင်းကနေ ဟင်းချက် တာကို စပြီးတော့ ဝါသနာပါလာခဲ့တာပါ။ နောက်ပိုင်းမှာ လည်း ကိုယ့်ဘာသာကိုယ် စမ်းချက်ရင်းနဲ့ ပိုဝါသနာ ပါသွားတယ်ပေါ့လေ။

အခုဟင်းကို ပရိသတ်ကိုလုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေး လည်း ပြောပြပေးပါဦး။

ဒါက ဆောင်းတွင်းလည်းရောက်ပြီ။ ဟင်းရည် အသောက်လေးလည်းဖြစ်တယ်။ ဒီထဲမှာ ချဉ်ပေါင်ရွက်၊ ပဲသီး စသဖြင့် အသီးအနှံတွေသုံးထားတယ်။ အချဉ်

ဘက် နည်းနည်းသန်းတော့ အအီလည်း ပြေတယ်။ ငါးလေးလည်းပါတော့ စားလို့လည်း ကောင်းမယ်။ လူတော်တော်များများလည်း ကြိုက်နှစ်သက်မယ်လို့ ထင်တယ်။ အရသာကလည်း အရမ်းကောင်းပြီး ကျန်းမာ ရေးနဲ့ညီညွတ်တဲ့ ဟင်းလေးဖြစ်လို့ စီစဉ်ဖြစ်သွားတာပါ။ ပြီးတော့ ညီမက ဟင်းချက်နည်းဆိုရင် ချက်နည်းပုံစံ အဆန်းလေးတွေလုပ်ပြရတာ ဝါသနာပါလို့ လုပ်ပြဖြစ် သွားတာပါ။

ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

ပထမဆုံးလုပ်ဖြစ်တာဆိုရင် ကြက်ဥကြော်၊ ဘဲဥ ကြော်၊ အခြားအသီးအရွက်ကြော်တာက စတာပါပဲ။ အဲဒီ တုန်းက အရသာကတော့  ကိုယ်က ကြက်သွန်လှီးတာ အတုံးကြီးသွားတာတို့၊ ငန်သွားတာတို့ ဖြစ်တယ်။ ထမင်း စချက်ရင်လည်း ပေါင်းအိုးနဲ့ချက်တာ မဟုတ်ဘဲ ဒီ အတိုင်းချက်တဲ့အခါ အစပိုင်းမှာ ပျော့သွား၊ မာသွားတာ၊ အချိုးမကျလေးတွေတော့ ရှိခဲ့တယ်။ ဒါပေမဲ့ အမေက သင်ပေးတော့ နောက်ပိုင်းအဆင်ပြေသွားပါတယ်။

ညီမချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံးဟင်း က ဘာဖြစ်မလဲ။

အရည်သောက်ဟင်းတွေကို ကြိုက်ကြတာများ တယ်။ အမေနဲ့ အဖေရော ကြိုက်ကြတယ်။ ဥပမာ- ငါးနဲ့ မျှစ်ချဉ်ချက်တာမျိုးတွေ ကြိုက်တယ်။ ပြီးတော့ ညီမက ဟင်းဆိုရင်လည်း သမားရိုးကျ ချက်စားနေတဲ့ ပုံစံမျိုး မဟုတ်ဘဲ အရွက်ဆိုရင်လည်း လေး၊ ငါးမျိုးလောက် ထည့်တယ်။ တာလပေါ၊ လယ်တောဟင်းရည်လိုမျိုး ဟင်းအဆန်းအပြားလေးတွေ ချက်ရတာကိုလည်း ကြိုက်တယ်။ ဥပမာ- ပိန္နဲသီးချက်တို့၊ တညင်းသီး ဝက်သားချက်တို့ပေါ့။ အဲဒီလို အဆန်းအပြားလေး ချက် ရတာကို ဝါသနာပါတယ်။

အဲဒီလို ညီမချက်တာကို စားပြီး ပထမဆုံး ချီးမွမ်းခံ ရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

အဲဒီလိုမျိုးဆိုရင် ညီမက ဝမ်းသာတာပေါ့နော်။ ကိုယ်က စေတနာအပြည့်နဲ့ ပင်ပင်ပန်းပန်းချက်ကျွေး တာကို မြိန်ရေယှက်ရေ စားနေတယ်ဆိုရင်ပဲ ကိုယ်က ဝမ်းသာ နေတာ။ သင်ယူဖြစ်တာတော့ အမေ့ဆီကလည်း သင်တယ်။ နောက်ပြီး ညီမက ဟင်းချက်နည်း စာအုပ်တွေ ဖတ်တယ်။ Facebook နဲ့ Youtube တို့လိုဟာမျိုး တွေကိုလည်း လေ့လာပြီး ချက်ဖြစ်ပါတယ်။

ငယ်ငယ်က ကြိုက်ပြီး ကြီးမှ မကြိုက်တာမျိုးဆိုရင် ရော။

ညီမဆိုရင် ငယ်ငယ်က ဝက်သား၊ ဆိတ်သား စား ဖြစ်တယ်။ အမဲသားကိုတော့ မစားဖြစ်ဘူး။ အခုနောက် ပိုင်း အသက်ကြီးလာတော့ ငါး၊ ငါးဖယ်၊ အသီးအရွက် တွေကို ပိုကြိုက်လာတယ်။ အသားငါးကို အရမ်းကြီး မကြိုက်တော့ဘူး။ ငါးတို့၊ ငါးဖယ်လောက်ပဲ စားဖြစ် လာတယ်ပေါ့နော်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ် အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ် တရအဖြစ်အပျက်က ငယ်ငယ်တုန်းက ကျောင်းမှာ အမှတ်တရဆိုရင်တော့ ကျောင်းရှေ့မှာ ရောင်းတဲ့ အစားအသောက်လေးတွေ ပြန်တွေ့မိရင် သတိရတာ မျိုးတော့ရှိတယ်။ ဥပမာ- အာတာပူစီ၊ ကပ်စေးနှဲ၊

အုန်းယို စသဖြင့် ကျောင်းတွေမှာရောင်းတဲ့ဟာ အများ ကြီးရှိတယ်။ ညီမက မန္တလေးမှာနေခဲ့တော့ မန္တလေး ကျောင်းရဲ့ရှေ့မှာရောင်းတဲ့ အစားအစာမျိုးတွေ ပြန်စား မိရင် သတိရတာမျိုးတော့ ရှိတယ်။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်း တွေနဲ့ စားဖြစ်တာ များလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။

ညီမက ရှုတင်မရှိရင် အိပ်ယာက စောစောထ၊ ဘုရားဆွမ်းတော်ကပ်ပြီး မနက် ၁၀ နာရီလောက်မှ ပဲပြုတ်ထမင်းကြော်စားသလို မန္တလေး နန်းကြီးသုပ်၊

မြီးရှေ၊ အာပူလျှာပူ စသဖြင့် အသုပ်လေးတွေကို စားတယ်။ နေ့ခင်းပိုင်းကျတော့ ထမင်းကို ဗိုက်ဝအောင် စားတယ်။ ညပိုင်းကျတော့ အဆီအဆိမ့်မစားဘဲ တတ်နိုင်သမျှ မစားဖြစ်အောင် ရှောင်ပါ တယ်။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့ လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိ လား။

တစ်သက်မမေ့နိုင်တဲ့ အစားအသောက်ဆိုရင် ညီမက မန္တလေးသူဆိုတော့ မန္တလေးအစားအစာတွေပဲ ကြိုက်တယ်။ အခုရန်ကုန်မှာနေရတော့လည်း မန္တလေး က အစားအစာတွေကိုပဲ သတိရနေတယ်။ မြီးရှေ၊ ခိုတောင်မုန့်တီ၊ အာပူလျှာပူကအစ စမူဆာသုပ်အထိ အရမ်းကောင်းတော့  အကုန်လုံးက မမေ့နိုင်စရာတွေ

ပါပဲ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူး လား။

ထူးထူးဆန်းဆန်းအစားအသောက်ဆိုရင်တော့ ဥပမာ- နိုင်ငံခြားသွားတယ်ဆိုရင် ကိုယ်စားဖူးနေကျ အသားမဟုတ်ရင် မစားဘူး။ အလွန်ဆုံးစားရင်တောင် ဝက်သား၊ ကြက်သား၊ ငါး ဒီလောက်ပဲ။ ဒါတောင်မှ ချက်နည်းဆန်းရင်တော့ ကြိုက်တယ်။ ဒါပေမဲ့ အကောင် ရှင်တို့ ဘာတို့လိုမျိုး စိတ်ထဲမှာ ရွံစရာဖြစ်ရင်တော့ မစား ရဲဘူး။

အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။

အားလပ်ရက်တွေမှာ လုပ်စားဖြစ်ပါတယ်။ ညီမက ဟင်းချက်နည်းစာအုပ်တွေ ကြည့်တယ်။ င်္ခေနဘသသု မှာလည်း ကြည့်တယ်။ ပြီးတော့ အထူးအဆန်းလေးတွေ ဖြစ်တာဆိုရင် ဖတ်မှတ်ပြီးတော့ အားတဲ့အချိန်တွေမှာ လိုက်လုပ်စားဖြစ်ပါတယ်။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာ တို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမကရော…။

ညီမကတော့ စိတ်ညစ်ရင် မစားနိုင်ဘူး။ အဲဒီတော့ လူက ပိန်သွားရော။ စိတ်ညစ်ရင်တော့ များများအိပ်

တယ်။ တရားတွေ ဘာတွေထိုင်ရင် သက်သာသွားတယ်။  ပျော်ရင်တော့ စားတယ်။

ညီမရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ် အမြင် လေးကို ပြောပြပေးပါဦး။

ညီမအမြင်ကတော့ အစားအသောက်နဲ့ ကျန်းမာ ရေးက လိုအပ်တယ်။ အချို၊ အငန် အများကြီးစားတာတို့ ဘာတို့ဆိုရင် ဆီးချိုသွေးတိုး ဖြစ်တတ်တယ်။ ဒါကြောင့် အဆီအဆိမ့် အများကြီးမစားဖို့လည်း လိုအပ်ပါတယ်။ အသီးအရွက်တွေ များများစားပေးသင့်သလို မိမိရဲ့ တစ်နေ့တာမှာ အာဟာရမျှတဖို့အတွက် ဗီတာမင်ဓာတ် အစုံ စားသုံးပေးဖို့လည်း လိုအပ်ပါတယ် ။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

ညီမ ငယ်ငယ်ကဆိုရင် အမေက ဝက်သားနဲ့

အာလူး ချက်ကျွေးတာကြိုက်တယ်။ ပြီးတော့ အသုပ်

တွေ သုပ်ကျွေးတာ ပိုကြိုက်တယ်။

နိုင်ငံတကာ အစားအသောက်မှာ ဘယ်အစား အသောက်ကို ကြိုက်လဲ။

နိုင်ငံတကာ အစားအသောက်တွေကျတော့ ယိုးဒယားအစားအစာတွေကို  ပိုကြိုက်ပါတယ်။

နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာဆိုရင်တော့ ညီမက နိုင်ငံခြားမှာ ကြာကြာမနေဖြစ်တာ များတယ်။ ဒီတော့ အဲဒီနိုင်ငံက အစားအသောက်တွေ စားဖြစ် တာများတယ်။ တကယ်လို့ ကြာကြာနေဖြစ်ခဲ့ရင်တော့ ငါးပိရည်တို့၊ တို့စရာတို့၊ မုန့်ဟင်းခါး၊ လက်ဖက်သုပ် စသဖြင့်တော့ သတိရမိမှာပေါ့။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကိုစားလိုက်ရင် တစ်ချိန် ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီး သတိရတာမျိုးပေါ့။

အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင်  ငယ်ငယ်က ကလေးဘဝကျောင်းတက်တုန်းက မုန့်လေးတွေ ပြန်စား မိရင်လည်း ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရ မိပါတယ်။ နောက်တစ်ခုက အခုရန်ကုန်မှာနေတယ်

ဆိုရင် မန္တလေးမြီးရှေတို့ကို လိုက်ရှာပြီး စားရတယ်။ အဲဒီလိုမျိုး မန္တလေးအစားအသောက်တွေ စားမိရင် မန္တလေးကို သတိရမိတာမျိုး တွေရှိတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။

တစ်လှည့်စီပေါ့နော်။ စားသောက်ဆိုင်မှာပဲ အမြဲ စားရင် အီတယ်လေ။ အပြောင်းအလဲလေးနဲ့ အိမ်မှာ တစ်လှည့်စားဖြစ်ပါတယ်။  တစ်သမတ်တည်းတော့ မဟုတ်ပါဘူး ။

ညီမအကြိုက်ဆုံးအသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေ ကို ပြောပြပေးပါဦး။ ဖျော်ရည်တွေရောပေါ့။

အကြိုက်ဆုံးအသီးအနှံ၊ အသီးအရွက်ကတော့ ညီမက အကုန်စားတယ်။ အခုနောက်ပိုင်းတော့ ငါးနဲ့ ငါးဖယ်ကို ပိုစားဖြစ်တယ်။ ဖျော်ရည်ထဲမှာဆိုရင် တော်တော်များများ သောက်ဖြစ်တယ်။ ညီမက နှလုံး အားနည်းတော့ မုန်လာဥနီဖျော်သောက်တယ်။ ဒူးရင်း သီးဖျော်ရည် ကြိုက်တယ်။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရောတွေ့ဖူးလား။အစားအသောက် စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာ ပြောရင်ရော ရွံတတ်လား။

တွေ့ဖူးတယ်။ ရွံတတ်တယ်။ ဘေးနားမှာ ညစ်ပတ် တာတွေ၊ ရွံစရာတွေတွေ့ရင် ဆက်မစားချင်တော့ဘူး။ သူငယ်ချင်းတွေ ဘေးက စနောက်ရင်တော့ နည်းနည်း လေး ရွံမိတာမျိုး ဖြစ်တတ်တယ်။ ဒါပေမဲ့ အရမ်းကြီးတော့ မဖြစ်ပါဘူး။ ကိုယ်က တရားလည်း ရှိလို့နေမှာပေါ့။ (ရယ်လျက်)

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါ သလား။

ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာ ပြည်မှာဆိုရင်လည်း မြန်မာပြည်ရဲ့ အထင်ကရ လက်ဖက် သုပ်၊ ငါးပိရည်၊ တို့စရာ၊ မုန့်ဟင်းခါး၊ အခြား မြန်မာမုန့် တွေလည်း အများကြီးရှိတယ်လေ။ ယိုဒယားဆိုလည်း ကွေတီယို၊ တုန်ယမ်း၊ ကိုရီးယားဆိုရင်လည်း ကင်မ်ချီ စသဖြင့်ပေါ့။ နိုင်ငံတစ်နိုင်ငံတင်မှ မဟုတ်ဘဲနဲ့ ကိုယ့် ပြည်တွင်းက မြို့တွေ၊ မြို့တွေတောင်မှ အစားအသောက် က မတူဘူးလေ။ ဒီတော့ အစားအသောက်က နိုင်ငံ တစ်နိုင်ငံကို ကိုယ်စားပြုပါတယ်။

အခုချက်ပြတဲ့ဟင်းလေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက်  အမှတ်တရစကား လက်ဆောင် လေးကို ပြောပြပေးပါဦး။

ဒါလေးက လိုက်လုပ်စားကြည့်မယ်ဆိုရင် လွယ် ပါတယ်။ လူတိုင်းလည်း ကြိုက်မယ်လို့ ထင်ပါတယ်။ အအီပြေလေးလည်းဖြစ်တယ်။ ဆောင်းတွင်းနဲ့လည်း ကိုက်ညီတယ်။ ချဉ်ရည်ဟင်းကြိုက်တဲ့ လူတိုင်းကလည်း ကြိုက်တဲ့ ဟင်းလေးဖြစ်လို့ လိုက်လုပ်စား ကြည့်ပါလို့။

ရှေ့ဆက်ပြီး ညီမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေ ကိုလည်း သိချင်ပါတယ်။

အခုက ပွဲရာသီဆိုတော့ ပွဲတွေမှာ သီချင်းဆိုနေ ပါတယ်။ ပြီးရင် ရုပ်သံတွေမှာ ဖက်ရှင်ဝတ်စုံလေးတွေ ရိုက်ပေးတာမျိုး ရှိတယ်။ နောက် အခြား Program လေး တွေ ရိုက်ပေးတာ ရှိတယ်။ ပြီးတော့MRTV 4 နဲ့လည်း ဇာတ်လမ်းတွဲလေးတွေ ရိုက်ဖို့ ရှိနေမှာပါ။

Facebook Comments

by အာဂ for Food Magazine

ပါ၀င္ပစၥည္းမ်ား

မုန်လာဥဖြူ-  ၇၀ ဂရမ်

ရုံးပတီသီး-  ၇၀ ဂရမ်

ပဲတောင့်ရှည် –  ၅၀ ဂရမ်

ချဉ်ပေါင်ရွက်-  ၂၀ ဂရမ်

မျှစ်-  ၅၀ ဂရမ်

ငါးကြင်း-  ၁ဝဝ ဂရမ်

ကြက်သွန်နီ-  ၁ လုံး

ကြက်သွန်ဖြူ-  ၁၅ ဂရမ်

ငရုတ်သီးအစိမ်းမှုန့်-  စားပွဲဇွန်း ၁ ဇွန်း

ဆီ-  စားပွဲဇွန်း ၂ ဇွန်း

ဆား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့်-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ-  ၁ လီတာ

ပြုလုပ်နည်း

၁။        မုန်လာဥဖြူ၊ ပဲတောင့်ရှည်၊ ရုံးပတီသီးနှင့် မျှစ်တို့ကို အနေတော်အရွယ်လေးများ လှီးထားပါ။ ချဉ်ပေါင်ရွက်ကို ေြွခပြီး သေချာစွာဆေးထားပါ။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ကြေညက်အောင်ထောင်းပါ။ ငါးကြင်းကို သေချာစွာ ရေဆေးပြီး အတုံးလေးများ တုံးထားပါ။

၂။         ချဉ်ပေါင်ရွက်ကို ရေအနည်းငယ်ထည့်ပြီး ကြေညက်အောင် မွှေပါ။ အိုးထဲ ဆီထည့်ပြီး ထောင်းထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ။ ငရုတ်သီးအစိမ်းမှုန့် ထည့်ပြီး ငါးထည့်ပါ။ လှီးထားသော အသီးအရွက်များ ထည့်ပြီး ခဏမွှေပေးပါ။ ရေထည့်ပြီး ဆူအောင်တည်ပါ။

၃။        အသီးအရွက်များကျက်ပါက ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပါ။ အရသာမြည်းပြီး ထမင်းနှင့် အရည်သောက် ဟင်းရောဟင်းကို တွဲဖက်စားသုံးနိုင်ပါပြီ။