
အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။
အချက်အပြုတ်ကို ကျွန်တော် ၁၂ နှစ်သားလောက် ကတည်းက ကြက်ဥစကြော်တတ်တာ။ အဲဒီကတည်းက စပြီးတော့ ဝါသနာပါခဲ့တာပါ။
အခု ကော်ရည်ဆမ်းသီးရွက်စုံကြော်လေးကို ပရိသတ်ကို လုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။
ဒါလေးကတော့ အသီးရွက်ပေါင်းစုံလေးနဲ့ ကြော် ထာတာဖြစ်လို့ ကျန်းမာရေးနဲ့လိုက်ဖက်တယ်။ ကျွန်တော် လည်း ကြိုက်တော့ ချက်ပြဖြစ်သွားတာပါ။
ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေး ရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။
ပထမဆုံးလုပ်ဖြစ်တာဆိုရင် ကြက်ဥကြော်ဖြစ်တာ ပါ။ အရသာအနေအထားဆိုရင် ပထမဆုံး ကြက်ဥကြော် ကတော့ တူးသွားပါတယ်။ စားလို့တောင် မရပါဘူး။ ဒါပေမဲ့ နောက်တစ်လုံးကို ထပ်ကြော်တော့ အဆင်ပြေတယ်။ အမေ့ကို သား ကြက်ဥကြော်တတ်ပြီ။ စားကြည့်ပါလား ဆိုပြီး သွားပြတော့ အမေက စားကြည့်ပြီး ကောင်းတယ်လို့ ပြောတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိသွားတယ်။
ညီလေးချက်တဲ့ ဟင်းထဲမှာ လူကြိုက်အများဆုံးက ဘာဟင်းဖြစ်မလဲ။
ကျွန်တော်ချက်တဲ့အထဲမှာ လူကြိုက်အများဆုံးက ပြည်ထမင်းသုပ်ပါ။ ကျွန်တော်က ပြည်ဇာတိဆိုတော့ ပြည်ထမင်းသုပ်တို့ဘာတို့ဆိုရင် လူကြိုက်များတယ်လို့ ထင်တယ်။ တော်တော်စားကြတယ်။
အဲဒီလို ညီလေးသုပ်တဲ့ ပြည်ထမင်းသုပ်ကို စားပြီး ပထမ ဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။
အဲဒီလိုမျိုးဆိုရင်တော့ အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်လုပ်တာကို စားသောက်ပြီး ဟာ… ကောင်းလိုက် တာဆိုပြီး အပြောခံရတဲ့ ခံစားချက်က စိတ်လည်း ကျေနပ် သွားတယ်။ တကယ်စားလို့ ကောင်းတယ်ဆိုရင် အရမ်း ပီတိ ဖြစ်တယ်။ ကိုယ်လုပ်ကျွေးလိုက်တဲ့ အရာတစ်ခုက တကယ်စားလို့ကောင်းတယ်ဆိုရင် ကိုယ့်ရင်ထဲမှာအတိုင်း မသိ ဝမ်းသာသွားတယ်။ နောက်ထပ်လည်း လုပ်ကျွေးချင် စိတ်ရှိလာတယ်။ ဒါကတော့ ကျွန်တော်တင်မကဘူး လူတိုင်းပဲလို့ ထင်ပါတယ်။
အချက်အပြုတ်ကို ဘယ်သူ့ဆီက အဓိက သင်ယူဖြစ်လဲ။
အဓိကကတော့ ကျွန်တော့် အဘွားရယ်၊ ကျွန်တော့် အဖေနဲ့ အမေပေါ့။ ကျွန်တော်တို့က တစ်မိသားစုလုံး ချက်တတ်တယ်။ သူတို့ဆီက အဓိကသင်ဖြစ်တာပါ။
ငယ်ငယ်က ကြိုက်ပြီး ကြီးမှမကြိုက်တာ၊ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှကြိုက်တာမျိုးဆိုရင်ရော။
အဲဒါဆိုရင် ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တဲ့ အစားအစာတော့ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်က ငယ်ငယ်လေးကတည်းက နံပြီး အနံ့ပြင်းတဲ့ အရာတွေ ဆိုရင် မကြိုက်ဘူး။ ဥပမာ- နံနံပင်၊ ပူဒီနာတို့ကို ဘာမှ မစားဘူး။
အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက် လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံး မျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။
အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်ရှိတယ်။ ဘာလဲဆိုတော့ ကျောင်းတက် တုန်းက သူငယ်ချင်းကောင်မလေးက သင်္ဘောသီးသုပ် ယူလာပြီး စာသင်ချိန်မှာ ခိုးပြီးကျွေးတော့ ဆရာမမိသွား လို့ အရိုက်ခံရတာလေးပါပဲ။
မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်း တွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။
မနက်စာကိုတော့ ရှုတင်မရှိဘူးဆိုရင် ကျွန်တော်က ၈ နာရီ၊ ၉ နာရီလောက်မှ ထတယ်ဆိုတော့ ၉ နာရီလောက်မှ စားဖြစ်တယ်။ ရှုတင်ရှိတယ်ဆိုရင်တော့ ပဲပြုတ်ထမင်း၊ ထမင်းကြော်၊ ကော်ဖီသောက်ဖြစ်ပါတယ်။ နေ့လယ်စာကျ တော့ ၁၂ နာရီ၊ ၁ နာရီလောက်မှ စားဖြစ်တယ်။ ညစာကျ တော့ ည ၈ နာရီလောက်မှ စားဖြစ်တယ်။ ဒါပေမဲ့ အခု နောက်ပိုင်း ညစာသိပ်မစားဖြစ်ဘူး။ ရှောင်ဖြစ်ပါတယ်။
ညစာကိုရော မိသားစုနဲ့ အိမ်မှာ စားဖြစ်တာများလား။
ကျွန်တော်က ညစာပဲ စားစား၊ မနက်စာပဲ စားစား မိသားစုနဲ့ ဝိုင်းဖွဲ့ ပြီးစားဖြစ်တာများတယ်။
စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက် အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။
တစ်သက်မမေ့လောက်တာကတော့ ကျွန်တော့် အဘွားချက်ကျွေးတဲ့ မြေအိုးအမဲသားနှပ်ပါ။ အဲဒါက ကျွန်တော့်ဘဝမှာ တစ်သက်လုံးမမေ့တဲ့ အစားအစာပါ။ နောက်ပြီး ကျွန်တော်တို့အိမ်က အမဲသားမစားဘူး။ အဘွား ကတော့ အမဲသားစားတယ်။ အဘွားက စားချင်ရင် အိမ် အပြင်ထွက်ချက်ရတယ်။ ဒါပေမဲ့ ရိုးရိုးဒယ်အိုးနဲ့ချက်ရင် တောင် အဲဒီလောက်အရသာကောင်းမှာ မဟုတ်ဘူး။ မြေအိုးနဲ့ချက်ပြီး နှပ်ထားတာမို့ အိပြီးတော့ အရမ်းစားလို့ ကောင်းပါတယ်။ အခုကျတော့ ကျွန်တော်က အမဲသား မစားတော့ဘူး။ ဖြတ်လိုက်ပါပြီ။
စားဖူးသမျှထဲမှာ ထူးထူးဆန်းဆန်း ဖြစ်တာမျိုးရော စားဖူးလား။
ထူးထူးဆန်းဆန်းဆိုရင် စားဖူးတယ်။ အဲဒါက ကျွန်တော် မသိလိုက်တဲ့အချိန်မှာ ကျွန်တော့်ကို ညာပြီး တော့ ကျွေးတြွဲ့ကက်သားပါ။ ကျွန်တော်က ြွကက်ကို အရမ်းကြောက်တယ်။ ရွံလည်း ရွံတယ်။ ကျွန်တော့်ကို ကြက်သားဆိုပြီး ညာကျွေးတာ။ သိလည်း သိရော ကျွန်တော် အရမ်းရွံပြီး အန်မိတော့တာပါပဲ။ သတိရတိုင်း လည်း လက်ထိုးပြီး တစ်နေ့လုံးကို အန်နေတော့တာပါပဲ။ ဒုက္ခကိုရောက်ရော။
အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။
ရှိပါတယ်။ အားလပ်ရက်တွေမှာ ကျွန်တော်တို့ မောင်နှမတွေ နဲ့ မုန့်တီလုပ်သောက်တယ်။ ဆန်ခေါက်ဆွဲ သုပ်၊ ပြည်ပလာတာ။ အိုဆာကာခေါက်ဆွဲ၊ ပြည် ထမင်းသုပ် လုပ်စားတယ်။ ပြည်အစားအစာတွေက များသောအားဖြင့် လုပ်စားဖြစ်ပါတယ်။
ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်း ချင်စိတ် ရှိလား။ ဘယ်လိုအရသာမျိုးကို မြည်းစမ်းချင်လဲ။
ကိုယ်မစားဖူးတဲ့အစားအသောက်ဆို မြည်းစမ်း ချင်စိတ် ရှိပါတယ်။ ဒါပေမဲ့ အချို့အကောင်တွေဘာတွေ ဆိုရင်တော့ မမြည်းချင်ပါဘူး။ ချဉ်တာတို့၊ စပ်တာတို့
ဘက် နွယ်တာမျိုးဆို ပိုမြည်းစမ်းချင်ပါတယ်။
တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့ တွေဖြစ်ရင် အစားအများကြီးစားဖြစ်တာရှိတယ်။ ညီလေး ကရော…။
အဲဒီလိုတော့မရှိပါဘူး။ ကျွန်တော်ကတော့ ပုံမှန် ပါပဲ။ စိတ်ညစ်လည်း စားတယ်။ ပျော်လည်း စားတယ်။
ညီလေးရဲ့ အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အမြင် လေးကို ပြောပြပေးပါဦး။
အစားအသောက်နဲ့ ကျန်းမာရေးဆိုတာလည်း ဆက်စပ်နေပါတယ်။ ဥပမာ- ဟင်းသီးဟင်းရွက်စားမယ် ဆိုရင် အသားအရေလှပမယ်။ ခန္ဓာကိုယ်အတွက် ဗီတာမင် C,D တို့ စသဖြင့် ဗီတာမင်ဓာတ်တွေ ြွကယ်ဝမယ်။ ဒီတော့ အစားအသောက်ကို သင့်တင့်လျောက်ပတ်စွာ နည်းလမ်း မှန်မှန်နဲ့စားမယ်ဆိုရင် Life Style မှာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ နေနိုင်မှာပေါ့လေ။
အိမ်က မိဘတွေ ချက်တဲ့ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။
အဖေရော၊ အမေရော ချက်တဲ့ ရခိုင်တောင်ရိုး ငါးပိချက်စပ်စပ်လေးကို အရမ်းကြိုက်တယ်။
နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက် ကို ကြိုက်လဲ။
နိုင်ငံတကာအစားအသောက်တွေကျတော့ ဘယ်လို ပြောရမလဲ၊ ထိုင်းစာလေးတွေ နည်းနည်းကြိုက်တယ်။ အင်ဒိုနီးရှားစာလည်း ကြိုက်တယ်။ တရုတ်၊ ကိုရီးယား တော်တော်များများတော့ စားဖြစ်ပါတယ်။
ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကိုစားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေ ရာရာ၊ တစ်ယောက်ယောက်ကို သွားပြီး သတိရတာမျိုးပေါ့။
အဲဒါမျိုးဆိုရင်တော့ အမဲသားမြင်ရင် ကျွန်တော့် အဘွားကို သတိရမိပါတယ်။ ကျွန်တော့်အဘွားက အခုမရှိ တော့ပါဘူး။ ကျွန်တော်က အဘွားကို အရမ်းချစ်တယ်။ အဘွားနဲ့လည်း အတူတူနေလာရတယ်။ အဘွားလက် ပေါ်မှာလည်း ကြီးလာရတယ်။ အဘွားက ကျွန်တော့် အမေလိုပါပဲ။ နောက်ပြီး ငယ်ငယ်ကကျောင်းတက်တုန်း က အာတာပူစီ၊ ဒီမှာတော့ ငှက်သိုက်မုန့်လို့ ခေါ်မလား မသိဘူး။ အဲဒါလေးတွေ ကိုယ်ဝယ်စားစား၊ မစားစား လှည့်ပြီး လုပ်နေတာလေးကြည့်နေရင်တောင် ငယ်ငယ် က ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရတယ်။
စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။
အိမ်မှာ ပိုစားချင်တယ်။ ကျွန်တော်က အိမ်စာ ပို ကြိုက်တယ်။
ညီလေး စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာဆိုရင်ရော။ ဈေးပေါပြီး တန်တယ်လို့ ထင်တာ မျိုးရော ရှိလား။
ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာတွေ ကတော့ ကြုံတော့ကြုံဖူးတယ်။ ဈေးများများပေးပြီး အရသာရှိရှိ စားရရင်တော့ တန်တယ်ထင်တာပေါ့။ အခုကျ တော့ ဈေးများများပေးလိုက်ရပြီး စားလို့လည်း မကောင်း ဘူးဆိုရင် မတန်ဘူးထင်ပါတယ်။ နည်းနည်းလေးနဲ့ အရသာရှိရင်တောင် တန်တယ်ထင်သေးတယ်။ အရသာ မရှိရင်တော့ ဆိုင်ရှင်ကိုခေါ် ပြီး မင်းတို့အရင်စားကြည့် လိုက်လို့ ပြောလိုက်တယ်။ ဈေးပေါပြီး တန်တယ်ထင်တာ မျိုးဆိုရင် မုန့်တီတို့၊ ကြာဆံချက်တို့ပေါ့။ ဒါပေမဲ့ သန့်သန့် ရှင်းရှင်းဖြစ်ဖို့တော့ လိုတာပေါ့။
ညီလေး အကြိုက်ဆုံးအသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေ ကို ပြောပြပေးပါဦး။ ဖျော်ရည်တွေရောပေါ့။
အကြိုက်ဆုံးအသီးအနှံဆိုရင် ကျွန်တော်က ဖရဲသီး၊ သရက်သီး ကြိုက်တယ်။ အသီးအရွက်ထဲမှာဆိုရင် ဂေါ်ဖီ ကြိုက်တယ်။ ကန်စွန်းရွက်ကြိုက်ပါတယ်။ သားငါးထဲမှာ ဆိုရင် ငါးကို ပိုကြိုက်တယ်။ အရင်တုန်းက အမဲသား ကြိုက်တယ်။ အခုတော့ အမဲသား မစားတော့ပါဘူး။ ဖျော်ရည်ထဲမှာဆိုရင်တော့ သင်္ဘောသီး၊ ဒူးရင်းသီး ဖျော်ရည် ကြိုက်တယ်။
အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာ တွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက်စား နေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။
တွေ့ဖူးတယ်။ ရွံလည်း ရွံတတ်တယ်။ ထပ်တော့ လည်း မစားချင်တော့ဘူး။ သူငယ်ချင်းတွေ စနောက်ရင် လည်း မပြောနဲ့လို့ဆိုပြီး တားလိုက်တာပေါ့။ စားနေတုန်း ဘေးနားမှာ ချောင်းဆိုးတာတို့၊ သလိပ်ထွက်တာတို့ တွေ့ရင် ဆက်ပြီး မစားဖြစ်တော့ဘူး။
အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်မယ်လို့ထင်လား။
ထင်ပါတယ်။ ကိုရီးယားဆိုရင်လည်း ပဲခေါက်ဆွဲ နာမည်ကြီးတယ်။ ကျွန်တော်တို့ နိုင်ငံဆိုရင်လည်း မုန့်ဟင်းခါးက မြန်မာပြည်ရဲ့ အမှတ်အသားတစ်ခုလိုပါပဲ လေ။ မြန်မာလူမျိုးတိုင်း မုန့်ဟင်းခါး ကြိုက်ကြတာပဲလေ။ ဒီတော့ အစားအသောက်က နိုင်ငံရဲ့ယဉ်ကျေးမှုကို ဖော် ဆောင်နိုင်တယ်လို့ ထင်ပါတယ်။
ရှေ့ဆက်လုပ်မယ့် အနုပညာလှုပ်ရှားမှုလေးတွေကရော။
ကျွန်တော် က MRTV-4 Forever Group နဲ့အတူ ဇာတ်လမ်းတွဲတွေ ဆက်ရိုက်ဖို့ အစီအစဉ်တွေရှိပါတယ်။ လောလောဆယ်တော့ ဆရာမ မစန္ဒာရဲ့ ဝတ္ထု ဂျီဟော့သူ ဇာတ်လမ်းလေး ရိုက်ဖြစ်ဖို့ရှိပါတယ်။
အခုချက်ပြတဲ့ ကော်ရည်ဆမ်း သီးရွက်စုံကြော်လေးကိုလိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။
စောစောက ပြောခဲ့သလိုပါပဲ။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ အရသာလည်းရှိတယ်။ အာဟာရလည်း ပြည့်ဝတယ်။ ချက်စားရတာလည်း လွယ်ကူလို့ လိုက်လုပ် စားကြည့်ပါလို့ ပြောချင်ပါတယ်။
ကော်ရည်ဆမ်း သီးရွက်စုံကြော်
By အာဂ for Food Magazine
ပါ၀င္ပစၥည္းမ်ား
ကညွတ် – ၁ဝဝ ဂရမ်
ပန်းကော်ဖီစိမ်း – ၁ဝဝ ဂရမ်
မုန်လာဥဖြူ – ၁ဝဝ ဂရမ်
မုန်လာဥနီ – ၁ဝဝ ဂရမ်
ရွှေဖရုံသီး – ၁ဝဝ ဂရမ်
Mother’s Choice ထောပတ် – အနည်းငယ်
ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့် – အနည်းငယ်
ဆား – အနည်းငယ်
ကြက်သွန်ဖြူ – အနည်းငယ်
ကော်မှုန့် – အနည်းငယ်
ပြုလုပ်နည်း
၁။ အသီးအရွက်များကို အနေတော်ပုံစံလေးများ လှီးပြီး ဆေးကြောသန့်စင်ပါ။
၂။ အိုးထဲ ထောပတ်အနည်းငယ်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူများကို ဆီသတ်ပါ။
၃။ လှီးထားသော အသီးအရွက်များကို ထည့်ပြီး ရေ အနည်းငယ်ထည့်ပါ။ အသီးအရွက် များ ကျက်သည်အထိ ၅ မိနစ်ခန့် ဆက်၍ချက်ပါ။
၄။ ရေနှင့်ဖျော်ထားသောကော်မှုန့်၊ ပဲငံပြာရည်၊ အရသာတို့ထည့်ပြီး သုံးဆောင်နိုင် ပါပြီ။