
by May’s Healthy Food for Food Magazine
နွားနို့မှာ အမိုင်နိုအက်စစ်တွေ အစုံအလင်ပါဝင်လို့ ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ရေးအတွက် အလွန် အသုံးဝင်ပါတယ်။ ဒါကြောင့် တစ်နှစ်ကျော်ကလေးတွေ သောက်သုံးပေးမယ်ဆိုရင် အရိုးနဲ့ြွကက်သားတည် ဆောက်မှုကို အားပေးပါတယ်။ အသက် ၃၀ ကျော် လူကြီး တွေ၊ အထူးသဖြင့် အမျိုးသမီးတွေ အရိုးပွရောဂါမဖြစ် အောင် အရိုးကြံ့ခိုင်မှု လျော့နည်းလာခြင်းကို နှေးကွေး စေပါတယ်။
ကလေးတွေမှာ နွားနို့က ပရိုတင်းနှင့် ဓာတ်မတည့် တဲ့သူတွေ ရှိပါတယ်။ လူကြီးတစ်ယောက် နွားနို့သောက် တယ်ဆိုရင် နွားနို့ထဲက ပရိုတင်းတွေဟာ အူထဲကို တိုက်ရိုက်စုပ်ယူခြင်း မခံရပါဘူး။ ပထမအဆင့် အူထဲမှာ Peptide ဆိုတဲ့ ဓာတ်ပေါင်းတွေအဖြစ် ပြိုကွဲသွားတာပါ။ Peptide တွေဟာ အမိုင်နိုအက်စစ်အဖြစ် ထပ်မံပြိုကွဲပြီး အူကနေ စုပ်ယူပါတယ်။ ခန္ဓာကိုယ်ထဲရောက်လာတဲ့ အမိုင်နိုအက်စစ်တွေဟာ ပရိုတင်းအသစ်တွေ ပြန်လည် တည်ဆောက်ဖြစ်ပေါ်ပါတယ်။ လသားကလေးတွေဟာ လူကြီးရဲ့ အူနံရံတွေလို မခိုင်ခံ့ပါဘူး။ ဒါကြောင့် ပရိုတင်း တွေဟာ မပြိုကွဲဘဲ တိုက်ရိုက် စုပ်ယူခံရတဲ့အတွက် ကလေးခန္ဓာကိုယ်ဟာ လက်မခံနိုင်ဘဲ နည်းအမျိုးမျိုးနဲ့ တုံ့ပြန်ကြပါတယ်။ အဲဒီလိုတုံ့ပြန်တဲ့အခါ ဓာတုပစ္စည်း တွေထွက်လာပြီး ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ လေပွခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ ရင်ကျပ်ခြင်း စသည်တို့ကို ခံစားရ ပါတယ်။ အသက် ၁ နှစ်ကျော်မှသာ တိုက်သင့်ပါတယ်။ တချို့လူတွေမှာလည်း နို့သောက်ပြီး ဝမ်းပျက်ခြင်း၊ ဗိုက်ပွ ခြင်း စတဲ့ နို့နဲ့မတည့်သူတွေလည်း ရှိပါတယ်။ နို့မှာပါတဲ့ လက်စ်တို့သကြားကို အစာမခြေနိုင်တဲ့သူတွေမှာ ဖြစ် တတ်ပါတယ်။
နို့မှာပါတဲ့ အဆီတွေနဲ့ပတ်သက်ပြီး သိထားသင့် တာက ပါဝင်တဲ့အဆီတွေက ပြည့်ဝဆီတွေပါ။ ပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေဟာ သွေးထဲက ကိုလက်စထ ရောကို ပမာဏမြင့်စေပါတယ်။ လူကြီးတွေအနေနဲ့က တော့ အဆီထုတ်ထားတဲ့နို့ကို ရွေးချယ် သောက်သုံးသင့် ပြီး ကလေးတွေအတွက်ကတော့ ပြည့်ဝဆီတွေ လိုအပ် ပါသေးတယ်။
၁ နှစ်ကနေ ၃ နှစ်အထိ ကလေးငယ်တွေဟာ တစ်နေ့ကို ၅၀ဝ မီလီ (တစ်ခွက်မှာ ၂၅၀ မီလီ နှစ်ခွက်) အထိ သောက်သုံးနိုင်ပါတယ်။ ၄ နှစ်ကနေ ၈ နှစ် ကလေးဟာ ၆၀ဝ မီလီ၊ အရွယ်ရောက်ပြီး လူတစ်ယောက် အတွက်တော့ တစ်နေ့ သုံးခွက်ပါ။
အများကြီးသောက်ရင် နွားနို့ထဲပါတဲ့ ကယ်လ်စီ ယမ်က အစားအစာကနေ သံဓာတ် စုပ်ယူမှုကို တားဆီး တာမို့လို့ iron ချို့တဲ့တဲ့ရောဂါဖြစ်နိုင်ပါတယ်။ နွားနို့ကို မသောက်မဖြစ် သောက်ရမယ်လို့ မဆိုလိုပါဘူး။ နွားနို့မှာ ပါတဲ့ ဗီတာမင်တွေကို တခြားအစားအစာကနေလည်း ရရှိနိုင်ပါတယ်။ နွားနို့မှာပါတဲ့ အရေးကြီးတဲ့ အာဟာရ တစ်မျိုးဖြစ်တဲ့ ဗီတာမင်အေကတော့ ခန္ဓာကိုယ်မှာ ဓာတ်ပြောင်းစရာမလိုဘဲ တိုက်ရိုက်အသုံးပြုလို့ ရပါ တယ်။ ဗီတာမင် အေဟာ ကလေးတွေရဲ့ အရိုးကြီးထွားမှု ကိုယ်ခံအား စွမ်းအားကောင်းပြီး ရောဂါကာကွယ်နိုင်စွမ်း ရှိမှုအတွက် အရေးကြီးပါတယ်။ နွားနို့တစ်ခွက်ကနေ ကယ်လ်စီယမ် ၃၀ဝ မီလီဂရမ်လောက် ရနိုင်ပါတယ်။
နို့ထွက်ပစ္စည်းတွေဟာလည်း နို့လိုပဲ အကျိုးပြုပါ တယ်။ ဒိန်ချဉ်ဟာ အာဟာရြွကယ်ဝပြီး အူနဲ့ အစာလမ်း ကြောင်း ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကယ်လ် စီယမ်လည်းြွကယ်ဝစွာ ပါဝင်ပါတယ်။ ထောပတ်နဲ့ မလိုင်ကတော့ ကယ်လစီယမ်ြွကယ်ဝစွာ မပါဝင်ပါဘူး။ ပြည့်ဝတဲ့ ဖက်တီးအက်စစ်များပြီး ကိုလက်စထရော များစေပါတယ်။
နွားနို့အကြောင်း သိပြီးတဲ့အခါ ရယ်ဒီမိတ်နွားနို့ကို သောက်သင့်သလား၊ ရိုးရိုး ဈေးက ဝယ်ပြီး ကျိုချက် သောက်သင့်သလားဆိုတာ စဉ်းစားစရာဖြစ်လာပါပြီ။
ပြည်ပမှာတော့ ပိုးသတ်ထားတဲ့ နို့ကိုသာ ရောင်းချ ခွင့်ရှိပါတယ်။ ပိုးမသတ် ထားတဲ့နို့မှာ ဗက်တီးရီးယားတွေ များစွာပေါက်ဖွားရှင်သန်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဗက် တီးရီးယားရော အန္တရာယ်မပေးတဲ့ ဗက်တီးရီးယားပါ အများကြီးပါ။ မြန်မာပြည်မှာ နို့စစ်လို့ ခြံကနေ အခုမှ ညှစ် လာတဲ့နို့ကိုပဲ တွေးကြည့်ကြရအောင်လား။ ညှစ်တဲ့သူရဲ့ လက်က သန့်ရှင်းရဲ့လား၊ ထည့်တဲ့ပုံးကရော သန့်ရဲ့လား၊ ဒီကြားထဲ နွားက ရောဂါကင်းရဲ့ လား စသည်ဖြင့်ပေါ့နော်။ ကျိုချက်တဲ့အခါ ရှိသင့်တဲ့အပူချိန် မရှိရင် မသေတဲ့ရောဂါ ပိုးတွေ အများကြီးပါ။ လူတွေကို ရောဂါဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ ပိုးသတ်ထားတဲ့ နို့ကိုသာ သောက် သုံးသင့်ပါတယ်။ တကယ်လို့ နို့ကို ပိုးသတ်ထားတာ မဟုတ်ရင် အိမ်မှာ ကျိုမယ်ဆိုရင် double boiler နည်းလမ်းကို သုံးရပါမယ်။
တကယ်လို့ double boiler မရှိဘူးဆို စတီးအိုး တစ်ခုထဲ နို့ကို ထည့်ပါ။ တခြားအိုးအကြီးတစ်လုံးထဲ ရေအနည်းငယ်ထည့်ပါ။ ရေထည့်ထားတဲ့ အိုးအကြီးထဲ နို့ထည့်ထားတဲ့ အိုးသေးလေးထည့်ပါ။
အိုးကို မီးဖိုပေါ်မှာတင်ပြီး မီးအေးအေးနဲ့ မကြာခဏ မွှေပေးနေရပါမယ်။ မီးများပြီး မမွှေလျှင် နို့ဝေကျနိုင်ပါ တယ်။ နို့အပူချိန်ဟာ ၁၄၅ ဒီဂရီဖာရင်ဟိုက်မှာ ရှိနေရ ပါမယ်။ တိုးလည်း မတိုးသွားရသလို အပူချိန်လျော့သွား လို့လည်း မရပါဘူး။
အပူချိန် ၁၄၅ ဒီဂရီဖာရင်ဟိုက်နဲ့ မိနစ် ၃၀ တည် ပေးရပါမယ်။ မိနစ် ၃၀ ပြည့်ရင် မီးဖိုပေါ်ကချပြီး နို့အိုး သေးလေးကို ရေခဲရေထည့်ထားတဲ့ ဇလုံထဲထည့်ပြီး အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက် ရောက်တဲ့အထိ မွှေပြီး အအေးခံပြီးမှ ရေခဲသေတ္တာထဲ ပြောင်းသိမ်းပါ။
နို့ကို ခဏခဏကျိုချက်မယ်ဆိုရင် အာဟာရတွေ ဆုံးရှုံးစေပါတယ်။ ပိုးသတ်ထားတဲ့ နို့ကို ပြန်မကျိုဘဲ အအေးအတိုင်းတိုက်လို့ရပါတယ်။ အအေးမသောက် လိုလျှင် နွေးတယ်ဆိုရုံ နွှေးပါ။
ပိုးသတ်ထားတဲ့နို့ကိုဝယ်တဲ့အခါ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက် ကြည့်ပါ။ ဘူးကို ဖွင့်ပြီး ရေခဲသေတ္တာထဲ ထည့်ပြီး သတ်မှတ်ရက်အတွင်း သောက်ပါ။ သတ်မှတ် ရက်ကို ရေးထားပါတယ်။
ရေခဲသေတ္တာထဲက ထုတ်ထုတ်ချင်း ချက်ချင်း အရမ်းအေးနေတုန်း မကျိုချက် ရပါဘူး။ ကျွန်မတို့နိုင်ငံမှာ ပြည်ပကနေ ဝင်တဲ့ Cowhead လို စက္ကူနဲ့ နို့ဘူးတွေကို မိဘတွေက တိုက်သင့်၊ မတိုက်သင့် ဒွိဟဖြစ်ကြပါတယ်။ အဲဒါက အပူချိန်အမြင့်ဆုံး 130˚ (275˚F) မှာ ၂ စက္ကန့် UHT နည်းပညာနဲ့ ပိုးသတ်ပေါင်ခံထားတာပါ။ ဓာတု ပစ္စည်းတွေနဲ့ တာရှည်ခံပစ္စည်းတွေ သုံးထားတာမဟုတ် ပါဘူး။UHT-Ultra Heat Treatment ပါ။ Nutrition အဆိုအရ ကယ်လိုရီနဲ့ ကယ်လ်စီယမ်ပါဝင်မှုကတော့ အတူတူပါပဲ။ ပရိုတင်း ပါဝင်မှုသာ အနည်းငယ်ဆိုရုံ ကွာသွားတာပါ။ ဗီတာမင်အနေနဲ့ကတော့ B12, Vitamin C, Thiamin တွေတော့ အနည်းငယ်ဆုံးရှုံးပါ တယ်။ အဖုံးမဖွင့်ခင်ဆို လပေါင်းများစွာ အခန်းအပူချိန် မှာ ထားလို့ရပါတယ်။ အဖုံးဖွင့်ပြီးရင်တော့ ရေခဲသေတ္တာ ထဲမှာထားပြီး တစ်ပတ်အတွင်း သောက်သုံးသင့်ပါတယ်။ နို့အေးလည်း တိုက်လို့ရသလို ခပ်နွေးနွေးအနေအထား ပြန်နွှေးပြီးလည်း တိုက်လို့ရပါတယ်။ Cowhead မှ မဟုတ်ပါဘူး။ အခြား တံဆိပ် Process Milk တွေလည်း တိုက်လို့ရပါတယ်။
Sweet ပါတာတွေကိုတော့ ရှောင်ပါ။ Natural Process Milk တွေကသာ အကောင်းဆုံးပါ။
Process Milk မှာ ကလေးတွေအတွက်ဆို Full Cream Milk ကိုသာ တိုက်သင့်ပါတယ်။ Low Fat Milk ကတော့ ဝိတ်ချတဲ့ လူကြီးတွေအတွက်ပါ။
ကျန်းမာပျော်ရွှင်ကြပါစေ