ကြက်ကြော်

by May’s Healthy Food for Food Magazine

ကြက်ကြော်ဆိုရင် ပုံစံမျိုးစုံနဲ့ မကြာခဏ အိမ်မှာ ကြော်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဂျုံမှုန့်ကို ကပ်ပြီး ကြော်ထားပေးပါတယ်။ အထဲက ကြက်သားက အိအိလေးနဲ့ အပြင် အခွံက ြွကပ်ြွကပ်ကလေးပေါ့။ လုပ်ရတာလည်း မခက်လို့ စမ်းကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကြက်သားပေါင် –  ၁၀ ခု (အလုံးလေးများ)

ကြက်ဥ –  ၁ လုံး

နွားနို့အအေး –  အကြမ်းပန်းကန်လုံး ၁ လုံးစာ

ပန်းရောင်ဆား –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ကြက်သွန်ဖြူဥကြီး –  ၁ လုံး

(အနှစ်ရဖို့ ညက်နေအောင် ထောင်းထားပါ)

ချင်းအရည် –  ထမင်းစားဇွန်း ၁ ဇွန်း

ဂျပန်ပဲငံပြာရည် –  ထမင်းစားဇွန်း ၁/၂ ဇွန်း

မုန်လာဥဖြူ

မုန်လာဥနီ

အာလူး

ပြုလုပ်နည်း

၁။        ရေနွေးဆူဆူထဲ စပါးလင်၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်ပြီး မွှေးလာမှ ငါးအရိုးများ ထည့်ပါ။ ဆားထည့်ပြီး မီးအေးအေးနဲ့ မိနစ် ၂၀ ခန့် တည်ပါ။

၂။         အရိုးပြုတ်ရည်ရပြီဆိုလျှင် ငါးအရိုးများကို ဆန်ခါနဲ့စစ်ပြီး အရည်ကြည်ကိုသာ ယူပြီး မုန်လာဥနီ၊ မုန်လာဥဖြူနှင့် အာလူးတို့ကို နူးအောင် ထည့်ပြုတ်ပါ။ အပေါ့အငန် မြည်းပြီး လိုသလိုပြင်ပါ။

၃။        ပြီးလျှင် ကလေးရော လူကြီးပါ မိုးရာသီအတွက် အကောင်းဆုံး အာဟာရဖြည့်တဲ့ အရိုး ပြုတ်ရည်ကို ရပါပြီ။

၄။        ငါးကြင်းကိုပေါင်းပြီး အသားနွှင်ထည့်မည်ဆိုလျှင် အချိုအရသာပိုလေးတာမို့ ပွဲပြင်တော့ ထည့်ပေးထားပါတယ်။

တစ်နှစ်အောက်ကလေးအတွက်ဆိုရင် ဆား၊ ငရုတ်ကောင်းမပါဘဲ ချက်ပါ။

Facebook Comments