ခရမ်းချဉ်သီးပုစွန်စပါကတီ

by May’s Healthy Food for Food Magazie

စပါကတီချက်နည်းမျိုးစုံထဲကမှ ဒီစပါကတီချက်နည်းလေးကလည်း ကလေးတွေ အကြိုက်ပါ။ ကြိုက်နှစ်သက်ရာအသားကို သုံးလို့ရပေမယ့် သူနဲ့အလိုက်ဖက်ဆုံးကတော့ ပင်လယ်စာတွေပါ။ ချိုချဉ်အရသာအတွက် ချယ်ရီခရမ်းချဉ်သီးလေးတွေနဲ့ ခရုဆီကို သုံးပေးထားပါတယ်။ ကလေးရော လူကြီးပါ အကြိုက်ဖြစ်စေမှာပါ။

ပါဝင်ပစ္စည်းများ

စပါကတီခေါက်ဆွဲ

သံလွင်ဆီ

ပန်းရောင်ဆား

ချယ်ရီခရမ်းချဉ်သီး –  ၁၀ လုံးခန့်

Parsley Leaf –  အနည်းငယ်

အိမ်လုပ် ခရမ်းချဉ်သီးဆော့စ် –  (May’s healthy food page  မှာ

ရေးသားထားပါတယ်)

ခရုဆီ –  ထမင်းစားဇွန်း ၁ ဇွန်း

ငရုတ်ကောင်း –  အနည်းငယ်

ပုစွန် –  ၃၀ ကျပ်သား (အခွံခွာပြီး ချေးထုတ်ထားပါ)

ကြက်သွန်ဖြူ –  ၃ မြွှာ (နုပ်နုပ်စဉ်း)

ပြုလုပ်နည်း

၁။        ရေနွေးဆူဆူမှာ ပန်းရောင်ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း၊ သံလွင်ဆီ လက်ဖက် ရည်ဇွန်း ၁ ဇွန်းထည့်ပြီး စပါကတီခေါက်ဆွဲကို ပြုတ်ပါ။

၂။         ခေါက်ဆွဲပြုတ်ပြီး ဆားကို ရေစစ်ထားပါ။ (ပြုတ်ရည်ကို မသွန်ပစ်ပါနှင့်။)

၃။        ဒယ်အိုးထဲ သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပြီး ကြက်သွန်ဖြူထည့်၍ ဆီသတ် ပြီး ပုစွန်ထည့်ပါ။

၄။        ပုစွန်အရသာအတွက် ပန်းရောင်ဆားအနည်းငယ်ထည့်ပါ။

၅။        ပုစွန်ကျက်ပြီဆိုလျှင် ခရမ်းချဉ်သီးဆော့စ်၊ ခရုဆီထည့်ပါ။ ခေါက်ဆွဲပြုတ်ရည် ဟင်းခပ်ဇွန်းကြီး ၁ ဇွန်းစာ ထည့်ပါ။

၆။        ခရမ်းချဉ်သီးကို တစ်ခြမ်းခြမ်းထည့်ပါ။

၇။        ဟင်းအနှစ်ပျစ်လာပြီဆိုလျှင် အပေါ့အငန်ကို လိုသလိုပြင်ပြီး ခေါက်ဆွဲထည့်ပါ။

၈။        ထို့နောက် ငရုတ်ကောင်း၊ Parsley Leaf ကို ေြွခထည့်၍ မွှေပြီး စားရန်အသင့် ဖြစ်ပါပြီ။

Facebook Comments