
by May’s Healthy Food for Food Magazine
ကျောင်းဖွင့်ရာသီရောက်ပြီဆိုတာနဲ့ ထမင်းဘူး အတွက်ဆို မေမေတိုင်း ဘာထည့်ရမလဲလို့ ခေါင်းနောက် ရတာ အမှန်ပါပဲ။ ဒီနေ့တော့ လုပ်ရတာလည်း လွယ်ပြီး ပရိုတင်းအပြည့်အဝရရှိစေမယ့် ဟင်းအမည်တစ်မျိုးနဲ့ မိတ်ဆက်ပေးပါမယ်။ ကလေးတွေ အကြိုက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ပါဝင်ပစ္စည်းများ
အမဲသား (သို့) ဝက်သား
(ကြိတ်သား) ဟင်းချိုပန်းကန် ၁ လုံးစာ
ကြက်သွန်ဖြူအရည်
ချင်း
အရည်ညှစ်
ဆား
အနည်းငယ်
ငရုတ်ကောင်းမှုန့်
အနည်းငယ်
ခရုဆီ
ထမင်းစားဇွန်း ၁ ဇွန်း
ကြက်ဥအကာ
၁ လုံး
ဂျုံ
ကြက်ဥ
၁ လုံး (ခလောက်ထား)
ပေါင်မုန့်ခြောက်
အနည်းငယ်
ငုံးဥ
၅ လုံး (ပြုတ်ပြီးသား)
ဆီ
ပြုလုပ်နည်း
၁။ အသား၊ ကြက်သွန်ဖြူ၊ ချင်းအရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီနှင့် ကြက်ဥ အကာတို့ကိုရော၍ သမအောင်နယ်ပြီး အနည်းဆုံး ၁ နာရီခန့် ရေခဲသေတ္တာထဲမှာ နှပ်ထားပါ။
၂။ ငုံးဥပြုတ်ပြီး အခွံနွှာထားပါ။
၃။ အချိန်စေ့လျှင် အသားကို အလယ်မှာ ငုံးဥထည့်ပြီး လုံးပါ။
၎။ ငုံးဥအသားလုံးကို ဂျုံမှုန့်ကပ်ပါ။ ထို့နောက် ကြက်ဥခလောက်ထားတဲ့ အရည်ထဲ နှစ်၍ ပေါင်မှုန့်ခြောက်ကပ်ပြီး ဆီပူပူမှာ ကြော်ပါ။
၅။ မီးအလယ်အလတ်ဖြင့်သာ ကြော်ပါ။ မီးပြင်းလျှင် အတွင်းသားမကျက်ဘဲ ဖြစ်တတ်ပါတယ်။
၆။ အအေးခံပြီးမှ ထမင်းဘူးထဲ ထည့်ပါ။
၇။ ကိုယ်ခံစွမ်းအားကို မြင့်မားစေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာပါဝင်တဲ့ ပန်းပွင့်စိမ်းကို ရေနွေးဆူဆူမှာ ဆားခတ်ပြီး ၅ မိနစ်ခန့်ပြုတ်ပါ။ ရေခဲရေစိမ်ပြီး ရေစစ်၍ ထမင်းဘူးထဲ ထည့်ပါ။ အာဟာရစုံတဲ့ ထမင်းဘူးလေးက ကလေးတွေအတွက် အကောင်းဆုံးပါ။