စမတ်ကျကျ ကာဗိုစားရအောင် (၄)

ကျွန်မတို့ကြိုက်တဲ့ ကာဗိုဟိုက်ဒရိတ်ကို မီးဖိုထဲမှာ စိတ်ကြိုက်လုပ်လို့ရနိုင်မလား။ ပြိုကွဲဖို့မလွယ်တဲ့ ကစီဓာတ် (Resistant Starch) တွေကို စားသုံးမယ်ဆိုရင် ကယ်လိုရီအနည်းငယ်ကို စားယုံနဲ့ လုံလောက်တယ်လို့ ဆိုရမှာပါ။ အဲ့ဒီလို ကစီဓာတ်မျိုးက အစာချေစနစ်ထဲရောက်သွားလို့ အင်ဇိုင်းတွေက လာပြီး ချေဖျက်ပြီဆိုတဲ့အခါ လွယ်လွယ်နဲ့ မပြိုကွဲဖို့ကို စတင်ခုခံပါတော့တယ်။ ဒါကဘာကိုဆိုလိုတာလဲဆိုတော့ အူသိမ်ထဲမှာပင် ကစီဓာတ်တွေက ဂလူးကို့စ်အဖြစ် ကြေပျက်သွားပြီး ခန္ဓာကိုယ်က စုပ်ယူဖို့ လွယ်လွယ်နဲ့ မရဘူးလို့ ပြောချင်တာပါ။ အပြည့်အဝမကြေသေးတဲ့ အစာတွေက အူမကြီးဆီကို ဆက်သွားရတယ်။ ဒီလို ဆက်သွားလိုက်ခြင်းဖြင့် အူမကြီးထဲက ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေကို အစားကျွေးသလိုဖြစ်ပြီး အူကျန်းမာရေးအတွက် ကောင်းမွန်စေတယ်။ အူကျန်းမာရေးကောင်းရင် ကိုယ်ခံအားကိုလည်း မြင့်တက်စေပါတယ်။

ပြိုကွဲဖို့မလွယ်တဲ့ ကစီဓာတ် (Resistant Starch) ဖြစ်ဖို့က ရိုးရိုးလေးပါပဲ ကျွန်မတို့စားမယ့် ကာဗိုဟိုက်ဒရိတ်တွေကို အပူပေးမယ်၊ ပြန်ပြီးအအေးခံမယ်ဆိုရင် ပြိုကွဲဖို့မလွယ်တဲ့ ကစီဓာတ်အဖြစ် အသွင်းပြောင်းလဲပါမယ်။ ထမင်းတို့၊ ပေါင်မုန့်တို့ကို ရေခဲသေတ္တာထဲမှာထားပြီးမှ ပြန်နွှေးစားတာမျိုးကို ဆိုလိုပါတယ်။ ဒီနည်းက ယေဘုယျပြောမယ်ဆိုရင် ကိုယ်စားတဲ့ကာဗိုတွေကနေ သကြားဓာတ်တွေအများကြီး မစုပ်ယူတော့လို့ ဝိတ်မတတ်ဘူး၊ အဆီတွေစုလာဖို့ နည်းသွားတယ်ဆိုပေမယ့် လူတစ်ဦးချင်းစီအလိုက် ထိရောက်မှု မတူနိုင်ဘူးဆိုတာတော့ သတိထားရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် အစာချေဖျက်နိုင်စွမ်းမတူကြတာမို့ မိမိအနေနဲ့ အသုံးပြုဖို့ သင့် မသင့် ချင့်ချိန်ရပါမယ်။

Facebook Comments