
အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ဝါသနာပါခဲ့ပါသလဲ။
■ ငယ်စဉ်ကတော့ သိပ်ဝါသနာမပါခဲ့ပါဘူး။ ဒါပေမဲ့ ၈တန်း၊ ၉တန်းလောက်မှာ အမေတို့ ချက်တာတွေ ကြည့်ပြီးတော့ စပြီးတော့ ဝါသနာပါခဲ့ပါတယ်။
အေးချမ်းမိုးရဲ့ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးက ရောဘာဟင်းပွဲလေးဖြစ်မလဲ။အရသာကရောဘယ်လိုနေလဲ။
■ ပထမဆုံးချက်ဖြစ်တဲ့ ဟင်းပွဲထက် ညီမကမုန့်လုပ်တာကို ဝါသနာပါတယ်။ ဒီတော့ စမူဆာလေးတွေ၊ ကော်ပြန့်လေးတွေလုပ်ပြီး ကြော်တာပါ။ အဲဒါကလည်း ငယ်ငယ်က ညီမ အမေ၊ အဖေတို့က ကန်တင်းပုံစံမျိုး စားသောက်ဆိုင်ဖွင့်ဖူးတော့ အမေတို့လုပ်တာကြည့်ပြီး အတုခိုးရင်းနဲ့ လုပ်တတ် သွားတာပါ။ အရမ်းထွေထွေထူးထူးတော့ အရသာမပြောင်းပါဘူး။ အရသာစပ် ပြီးသားကို လုပ်ရတဲ့အခါကျတော့လေ။ ဒါပေမဲ့ ကြော်တဲ့အခါကျတော့ မကျက် တာတို့၊ တူးသွား တာတို့လည်း ဖြစ်ခဲ့ပါတယ်။
ငယ်ငယ်ကချက်တဲ့ ဟင်းကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းကခံစားချက်က ရော။
■ ညီမလုပ်တာထဲမှာဆိုရင်တော့ ပြောင်းဖူးကော်ပြန့်တို့၊ ပဲကော်ပြန့် ကြော်တာဆိုရင် အိမ်ကလူတွေကြိုက်ကြပါတယ်။ ညီမကလည်း တစ်ခုခုသင် ပေးလိုက်ရင် တတ်လွယ်တော့ အမေတို့သင်ပေးတာကို ခဏလေးနဲ့တတ်ပြီး နောက် ပိုင်း ကိုယ်တိုင်လုပ်ပေးဖြစ်တယ်။ ကြော်တဲ့နေရာမှာလည်း မိသားစုအတွက်ဆိုတဲ့ စေတနာနဲ့ကြော်ဖြစ်တော့ ပိုပြီးတော့စားလို့ကောင်းသွားတယ် ထင်ပါတယ်။ ဟင်းချက် တဲ့လူတစ်ယောက်ရဲ့ စိတ်ထဲမှာ စေတနာ၊ မေတ္တာအပြည့်နဲ့ချက်မယ်ဆိုရင် စားတဲ့လူတွေ မှာ ပိုပြီးတော့ အရသာရှိမယ်။ ပီတိလည်းဖြစ်မယ်။ ကိုယ့်ရဲ့စေတနာကိုလည်း သူတို့ ပြန်ခံစားမိမယ်လို့လည်းထင်ပါတယ်။ အဲဒီလို ကိုယ့်စေတနာနဲ့လုပ်ထားတာကို
စားပြီး တော့ ချီးမွမ်းကြ တော့ ပျော်လည်းပျော်တယ်။ ပီတိလည်းဖြစ်မိတယ်။
ဒါဆို ညီမ ကော်ပြန့်လိပ်တာတို့၊ စမူဆာလုပ်တာတို့၊ ချက်ပြုတ်တာတို့ကိုရော ဘယ်သူ တွေဆီက သင်ယူခဲ့လဲ။
■ အဓိကကတော့ ညီမအမေပါ။ အမေတို့က ရုံးထဲမှာ ကန်တင်းတစ်ခုဖွင့်ခဲ့ဖူးတယ်။ ဆိုင်မှာ ကော်ပြန့်တွေဘာတွေကြော်မယ်ဆိုရင် မေကြီးက သင်ပေးတယ်။ အဲဒီမှာ ညီမက လိုက်လုပ်ရင်းနဲ့ တော်တော်လေးတတ်သွားတာပါ။ ဆိုင်မှာဆိုရင် လုပ် အားပေးဆိုရင် ညီမ ပဲ လုပ်ဖြစ်တာများတယ်။
ငယ်ငယ်တုန်းကကြိုက်ပြီး အခုမကြိုက်တဲ့ အစားအစာ၊ ဒါမှမဟုတ် ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစား အစာရောရှိလား။
■ အဲဒီလိုမျိုးတော့ မရှိပါဘူး။ ညီမက ငယ်ငယ်က မကြိုက်တဲ့ အစားအစာဆိုရင် အသက်ကြီးတဲ့အထိ မစားဖြစ်ဘူး။
အေးချမ်းမိုးအနေနဲ့ အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖြစ် အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိ တာတို့၊ ကျောင်းမှာ မုန့်ခိုး စားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။
■ ညီမငယ်ငယ်တုန်းက မိုးရာသီဆိုရင် ဝါဆိုသင်္ကန်းကပ်ဖို့အတွက် ကျိုက်ထီးရိုးဘုရားကို အဖွဲ့လိုက်သွားကြတယ်။ အဲဒီကာလဆိုရင် ကျိုက် ထီးရိုးမှာ ဒူးရင်းသီးအရမ်းပေါတယ်။ မေကြီးတို့က ဒူးရင်းသီးတွေဝယ် လာပြီး အိမ်မှာ တစ်အိမ်လုံးစားကြတယ်။ ညီမက ဒူးရင်း သီးဆိုရင် အနံ့တောင်ခံလို့မရဘူး။ အရမ်းမုန်းတာ အဲဒီ လို အိမ်ကလူတွေ ဒူးရင်းသီးစားနေတဲ့အခါမျိုးဆိုရင် ညီမတစ်ယောက်တည်း အိမ်အပြင်ကို ပြေး ထွက်ပြီး အနံ့ရှောင်နေရတာ အဲဒါမျိုးအမှတ်တရတော့ ကြုံဖူးတယ်။
ညီမက ဆေးကျောင်းတစ်ဖက် အနုပညာအလုပ်က တစ်ဖက်ဆိုတော့ အစားသောက်နဲ့ပတ်သက်ပြီးတော့ အချိန်ကို ဘယ်လိုစီမံရသလဲ။
■ ဟုတ် တစ်ခါတလေကျရင် အစားသောက်အတွက် အချိန်မပေ နိုင်တာမျိုးတော့ ဖြစ်တတ်တယ်။ မနက်အစောကြီး သွားရတဲ့အခါမျိုး ဆိုရင် မနက်စာမစားဖြစ် တာမျိုး၊ မနက်စာနဲ့ နေ့လယ်စာပေါင်းစားဖြစ်တာမျိုးပေါ့။ အဲဒီကျရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရတယ်။ တစ်ခါ တလေ တစ်နေ့လုံးမစားဖြစ်လိုက်ရင် ဗိုက်ထဲမှာ မအီမလည်နဲ့ ဖြစ် တတ်တယ်။ အဲဒီတော့ အခုဆိုရင် မနက်အစောကြီးသွားဖြစ်ရင် မုန့် လေးဘာလေး ထည့်သွားဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်တော့ အခု နောက်ပိုင်း အမြဲတမ်း ဂရုစိုက်နေရတာပေါ့နော်။
…………………………………… အေးချမ်းမိုးရဲ့ ငြထနှိေူေိ …………………………………… |
|
ပါဝင်ပစ္စည်းများ ……………• Mixed Salad – 50 g • French Veniger Dressing – 20 ml • Micro Green – 5 g • Blue Cheese – 10 g • Fried Cashewnut – 15 g |
ပြုလုပ်နည်း ……………Mixed Salad ကို French Veniger Dressing ဖြင့် ရောမွှေပါ။ပြီးလျှင် ပန်းကန်ထဲထည့်ပါ။Salad ပေါ်တွင် Blue Cheese ထည့်၊Fried Cashewnut ထည့်ပြီးလျှင် အလှဆင်ပြီး စားသုံးလို့ရပါပြီ။ |
…………………………………… အေးချမ်းမိုးရဲ့ Tuna Steak …………………………………… |
|
ပါဝင်ပစ္စည်းများ ……………• တူနာငါး – 180 g • ထောပတ် – 30 g • ဆား – အနည်းငယ် • ငရုတ်ကောင်း – အနည်းငယ် • မုန်လာဥနီ – 20 g • ဗိုလ်စားပဲ – 20 g • ပန်းပွင့်စိမ်း – 20 g • စမုံရွက် – 5 g • သံလွင်ဆီ – 15 ml |
ပြုလုပ်နည်း ……………၁။ တူနာငါးအတုံးကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ရောနယ်ထားပါ။၂။ ထောပတ်ကိုအပူပေးပြီး ငါးအသားတုံးကို နှစ်ဖက်အကျက်ညီ အောင် ကြော်ထားပေးပါ။၃။ မုန်လာဥနီ၊ ဗိုလ်စားပဲ၊ ပန်းပွင့်စိမ်းတို့ကို ရေနွေးဆူဆူမှာ ပြုတ် ထားပေးပါ။၎။ စမုံရွက်နှင့် သံလွင်ဆီကို ကြိတ်စက်တွင် ရောကြိတ်ပြီး ဆော့စ် လုပ်ထားပါ။၅။ ပြင်ဆင်မည့်ပန်းကန်ထဲတွင် အသီးအရွက်များကို အရင်ထည့် ထားပြီး အပေါ်မှ ကြော်ထားသောတူနာငါးကိုတင်ပါ။ ပြီးလျှင် ကြိတ်ထားသောဆော့စ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။ |
……………………………………………….
အာဂမေးမြန်းသည်