
ဒိုမီနိုဆိုတာတော့ ကလေးတွေအကြိုက်ပေါ့။ တစ်ခွက်လုံး သူတို့အကြိုက် အချိုတွေ ချည်းပဲမို့ပါ။ နွေရာသီလည်းဝင်ခါနီးဆိုတော့ တစ်ခါတလေ ချိုချိုလေး နဲ့ အေးအေးလေးကို မေမေတို့သားသမီး လေးတွေအတွက် လုပ်ကျွေးသင့်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
♦ အသီးစုံ (သင်္ဘောသီး၊ နာနတ်သီး၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ ငှက်ပျောသီး)
♦ Vanilla ရေခဲမုန့်
♦ သီးစုံအခြောက်လေးများ (စပျစ်သီးခြောက်၊ သီဟိုဠ်စေ့၊ ကျောက်ဖရုံယို)
♦ Ready Made ဂျယ်လီလေးများ
♦ နို့အပျစ်
♦ သကြားရည်
♦ စတော်ဘယ်ရီယို (ခ) ချောကလက်ရည်
ပြုလုပ်နည်း
၁။ ပထမဆုံးသကြားကို ရေနဲ့စပ် ပျစ်ပျစ်ဖျော်ထားပါ။ အပူပေးပြီး ဖျော်ရမှာဖြစ်ပါတယ်။ အအေးခံပြီးရင် double cream တစ်စက်ခန့် မွှေးအောင်ထည့်လိုက်ပါ။
၂။ ဂျယ်လီ၊ အသီးအစုံကို အတုံးလေးများ လှီးထားပါ။ နို့အပျစ်အစား Rose Syrup, နို့စိမ်းကို သုံးလို့ရပါတယ်။ ကဲ… အဲဒီလိုအဆင်သင့်ဖြစ်ပြီဆိုရင်
၃။ ဒိုမီနိုလုပ်မယ့် ဖန်ခွက်ရှည်ရှည်လေးထဲကို သကြားရေ နှစ်ဇွန်းထည့်လိုက်ပါ။ သီးစုံ အခြောက်လေးတွေကို ထည့်ပါ။ လှီးဖြတ်ထားတဲ့ ဂျယ်လီလေးများထည့်ပါ။ အဲဒီအပေါ်ကမှ သစ်သီးအစုံ အတုံးလေးများတင်ပါ။ ဒီအပေါ်ကမှ ရေခဲမုန့်တုံးလေး တင်ပေးပါ။
၎။ နို့အပျစ်လေးကို ဆမ်းပေးပါ။
၅။ Wipping Cream ရှိရင် တင်ပြီး စတော်ဘယ်ရီယို (သို့) ချောကလက်ရည် ကြိုက်နှစ် သက်ရာဆမ်းပြီး စားသုံးနိုင်ပါပြီ။