
တရုတ်ဒေသအစားအစာများတွင် အလွန်အရေး
ပါသော ဟင်းခတ်ဖြစ်သည့် ရှစ်မြှောင့်သဏ္ဌာန် အနား စွန်းလေးများနှင့် ဓာတ်ပုံရိုက်လျှင် အလွန်လှပသော ဤ ဟင်းခတ်အမွှေးအကြိုင်သည် ကျန်းမာရေးအတွက် ဆေး တစ်လက်ပင်ဖြစ်သည်။ ရောင်ရမ်းခြင်း၊ စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်းနှင့် နာကျင်မှုများကို ကုသရန်အတွက် တရုတ်တိုင်းရင်းဆေးအဖြစ် ကြာရှည်စွာအသုံးပြုလာခဲ့ သည့် နာနတ်ပွင့် (သိပ္ပံအမည် -Anisi Stellate Fructus) တွင် ဗက်တီးရီးယားသေစေနိုင်သော (antibacterial) မှိုသေစေနိုင်သော (antifugal)၊ ဓာတ်တိုးဆန့်ကျင်သော (antioxidant) ဂုဏ်သတ္တိများ ပါဝင်သည်။ နာနတ်ပွင့် တွင်shikimic acid ဟု ခေါ်သည့် တုပ်ကွေးရောဂါကို တိုက်ဖျက်နိုင်သော ဓာတ်ပစ္စည်းလည်းပါဝင်သည်။ အစေ့ များမှ လပေါင်းများစွာ ကြာမြင့်သည့်လုပ်ငန်းစဉ်ဖြင့် ဖြည်းဖြည်းချင်း ထုတ်ယူရရှိသည့် ဤအက်စစ်သည် ယနေ့ခေတ်တွင် အရေးပါသော ကာကွယ်ဆေးနည်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။
တရုတ်ပြည်တောင်ပိုင်းနှင့် ဗီယက်နမ်တို့တွင် ပေါက်ရောက်ရာဇာတိဖြစ်သော အမြဲစိမ်းအပင်မှ မမှည့်မီ ခူးယူရရှိသည်။ ယင်းနောက် ပန်းပွင့်သဏ္ဌာန်ရှိသည့် အစိမ်းရောင်အသီးများကို နေလှမ်းရသည်။
ရာစုနှစ်များစွာ ကြာမြင့်လှပြီဖြစ်သည့် တရုတ် ဟင်းခတ်အမွှေးအကြိုင် အရောအနှောဖြစ်သော တရုတ် ရိုးရာ ဟင်းခတ်ငါးမျိုးတွင် အနံ့အရသာအတွက် အဓိက ပါဝင်ပစ္စည်းဖြစ်သည့် နာနတ်ပွင့်တွင် သစ်ကြံပိုးခေါက်၊ ရှောက်သီး၊ လေးညှင်းပွင့်နှင့် ငရုတ်ကောင်းစေ့တို့၏
အနံ့အရသာများပါရှိသည်။ နာနတ်ပွင့်၏ စူးရှသည့် အနံ့ အရသာသည် အစေ့များတွင် မဟုတ်ဘဲ အသီးတောင့်၏ အပြင်လွှာများ (သို့) အခွံတို့တွင်သာ ရှိသည်။ အချိန် ကြာကြာ ချက်ပြုတ်ရသောဟင်းလျာများတွင် နာနတ်ပွင့် လုံးကို ထည့်နိုင်သည်။ နာနတ်ပွင့်ထည့်သွင်းသည့် လူကြိုက်များသော ဟင်းလျာအချို့တွင် ဗီယက်နမ် စွပ်ပြုတ် Pho, တရုတ်ဝက်နံရိုး၊ ပီကင်းဘဲကင်၊ မဆလာ ဟင်း၊ ဂျမေကာကြက်သားချက်နှင့် မဆလာ Chai Tea တို့ ပါဝင်သည်။ နာနတ်ပွင့်အမှုန့် အနည်းငယ်နှင့် လိမ္မော်ခွံ သို့မဟုတ် တရုတ်လိမ္မော်ခွံတို့ကို ကိုကိုးပူပူတွင်ထည့်၍ အလွန်ကောင်းမွန်သော သောက်စရာတစ်ခုအဖြစ် အစာ စားပြီးနောက် သုံးဆောင်နိုင်သည်။
ထူးဆန်းစွာပင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ကတည်းက တရုတ်ပြည်တောင်ပိုင်းတွင် စိုက်ပျိုးခဲ့ကြ သော နာနတ်ပွင့်နှင့် စပိန်နိုင်ငံဇာတိဖြစ်သည့် နာနတ်ပွင့် (သို့) နာနတ်စေ့တို့တွင် တူညီသော ရနံ့အဆီနှင့် ရနံ့ ဓာတ်ပေါင်းတို့ ပါဝင်သော်လည်း ရုက္ခဗေဒအရ ဆက်စပ်မှု မရှိပေ။ အီတလီမှသည် စကန်ဒနီဗာအထိ ရိုးရာဟင်းလျာ များတွင် ပါဝင်သည့် နာနတ်ပွင့်နှင့် အနည်းငယ်မြက်ပင် အနံ့ပိုရသော စမုန်နက်တို့သည် အနှစ်သက်ဆုံး ဟင်းခတ် များပင်ဖြစ်သည်။ ယနေ့တွင်မူ နာနတ်ပွင့်သည် ဈေး သက်သာမှုကြောင့်လည်းကောင်း၊ ြွကယ်ဝသောအနံ့၊ အရသာများကြောင့်လည်းကောင်း ထင်ရှားလာသည်။ ၎င်းနှင့် အနံ့၊ အရသာဆင်တူသော ဟင်းခတ်များဖြစ်သည့် စမုန်နက်စေ့၊ နွယ်ချိုနှင့်Tarragon တို့တွင် ရနံ့ဓာတ်ပေါင်း ပါဝင်ကြသည်။ နာနတ်ပွင့်အမှုန့်ကို နာနတ်ပွင့်အစေ့ အစားထိုးအဖြစ် ဟင်းလျာတော်တော်များများတွင် အသုံးပြုနိုင်သည်။
နှစ်ပေါင်းများစွာကြာမြင့်စွာ သိုလှောင်လေ့ရှိသည့် ဟင်းခတ်အမွှေးအကြိုင် ဖြစ်ခြင်းကြောင့် ကုန်သည်များ ထံတွင် အချိန်ကြာကြာတင်ရှိနေနိုင်၍ နွယ်ချိုအနံ့ အနည်း ငယ် ရမရ စစ်ဆေးကြည့်ပါ။ အောက်သိုးသိုးအနံ့ ရနေခြင်း သို့မဟုတ် အနံ့လုံးဝမရှိတော့ခြင်းများ မဖြစ်သင့်ပေ။
အိမ်တွင် နာနတ်ပွင့်ကို ကြိတ်မည်ဆိုပါက စက်ဖြင့် ဖြစ်စေ၊ ကျည်ပွေ့ဖြင့်ဖြစ်စေ၊ တလိမ့်တုံးဖြင့်ဖြစ်စေ အကြမ်း ကြိတ်ပြီးမှ လျှပ်စစ်ကြိတ်စက်ဖြင့်ဖြစ်စေ၊ မြန်နှုန်း မြင့် ကြိတ်စက်ဖြင့်ဖြစ်စေ အမှုန့်ညက်ညက်ရအောင် ကြိတ်ပါ။