
– ဖြည့်စွက်စာကို ကလေးရဲ့ခေါင်း သေချာမတ်နိုင်ပြီး ထိုင်နိုင်တဲ့အရွယ် ခြောက်လလောက်မှာ စကျွေးလို့ ရပါပြီ။ ဖြည့်စွက်စာကို ခြောက်လမတိုင်ခင် ကျွေးချင် တယ်ဆိုရင် ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီးမှကျွေးပါ။
– ဖြည့်စွက်စာ စကျွေးတဲ့အခါ အရည်ကျဲကျဲကနေ တဖြည်းဖြည်း ပျစ်သွားရမှာပါ။ မျိုချနိုင်တဲ့ အခြေ အနေအပေါ်လိုက်ပြီး ပြောင်းလဲကျွေးသွားပါ။
– သတိထားရမှာက လသားကလေးတို့ကို ဖြည့်စွက် စာ စကျွေးတဲ့အခါ အစာသစ်တွေနဲ့ တည့်မတည့် သိနိုင်စေဖို့ အစာတစ်မျိုးကို ၄ ရက်ကနေ တစ်ပတ် ကျွေးရပါမယ်။ တစ်မျိုးတည်းကို အစာအိမ်နဲ့ ယဉ်ပါး အောင်လို့ပါ။ နောက်ပြီး ဓာတ်မတည့်တာတွေ မဖြစ် အောင်နဲ့ ဖြစ်လာခဲ့ရင်လည်း ဘယ်ဟာနဲ့ မတည့်ဘူး ဆိုတာ သိသာ ထင်ရှားအောင်လို့ပါ။
– Allergy ဖြစ်တယ်။ မတည့်တဲ့ လက္ခဏာတွေက ဝမ်းသွားတာ၊ အန်တာ၊ အနီအစက် အပျောက် အပိန့်အဖု စတဲ့Rushes တွေ ထွက်တာတို့ ဖြစ်ပါ တယ်။ ဒါဆို အဲဒီအစားအစာနဲ့ ကလေးက မတည့် ဘူး။ သူ့အတွက် အဆင်မပြေဘူးဆိုတာ သိနိုင်ပြီး ရှောင်ကြဉ်ရမှာပါ။ တကယ်လို့ ဆိုးဆိုးရွားရွား ဖြစ်တယ်ဆိုရင် ကလေးဆရာဝန်ကို ပြသပေးပါ။
– နို့သောက်ရာကနေ ဖြည့်စွက်စာ စကျွေးတဲ့အခါ ကလေးရဲ့ ဝမ်းအရောင်တွေလည်း ပြောင်းတတ် ပါတယ်။ ဝမ်းအကြိမ်အရေအတွက်လည်း များလာ တတ်ပါတယ်။ ဒါပေမဲ့ စိတ်မပူရပါဘူး။
– နောက်အရေးကြီးတာက သံဓာတ်ပါ။ ကလေး ၆ လ အထက် ရောက်လာတဲ့အခါ ကျွေးတဲ့ဖြည့်စွက်စာ မှာ သံဓာတ်ကို ဂရုစိုက်ရပါမယ်။ ဟင်းသီးဟင်း ရွက်နဲ့ အသားငါးကို လုံလောက်စွာ ကျွေးရပါမယ်။ ကလေးကို လအလိုက် ကျွေးရမယ့် စာရင်းလေးကို အောက်မှာ ဖော်ပြထားပါတယ်။
၁။ White Rice Cereal (၆ လ)
Brown Rice Cereal (၇ လ)
Oat Cereal (၇ လ)
Wheat Cereal ( ၈ လ)
၂။ ကန်စွန်းဥ
ရွှေဖရုံသီး
အာလူး
မုန်လာဥနီ
ဟင်းနုနွယ်
ဂေါ်ဖီပန်းစိမ်း
ခရမ်းချဉ်သီး အစေ့မပါ (၁၀ လ)
Peas
၃။ ပန်းသီး (ပေါင်းပြီး ခြေကျွေးပါ)
သစ်တော်သီး (ပေါင်းပြီး ခြေကျွေးပါ)
ဆီးသီးခြောက် (Prunes) (ခြေကျွေးပါ)
ငှက်ပျောသီး (ခြေပြီး ဒီအတိုင်းကျွေးနိုင်)
ထောပတ်သီး (ခြေပြီး ဒီအတိုင်းကျွေးနိုင်)
ကီဝီ (၈ လ ကြိတ်ခြေပြီး ဒီအတိုင်းကျွေးနိုင်)
သင်္ဘောသီး၊ စတော်ဘယ်ရီ
(၁၀ လ ခြေပြီး ဒီအတိုင်း ကျွေးနိုင်)
၄။ ဒိန်ချဉ်
ချိစ်
(၈ လ)
၅။ (ဝက်သား/အမဲသား/ကြက်သား)
ပင်လယ်ငါးနှင့် ပုစွန်တို့ကို ၈-၉ လ
၉ လ မတိုင်ခင် ကြက်ဥအနှစ် မကျွေးရပါ။
ဆား၊ သကြား မကျွေးရပါ။
ဆီအနည်းငယ် သုံးလို့ရပါတယ်။