
by May’s Healthy Food
ယခုခေတ်မိဘအတော်များများက Oatmeal ကို ပုံစံမျိုးစုံ နဲ့ ကျွေးလာကြပါပြီ။ အဲဒီမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာကြည့်ရအောင်နော်။
ကလေးတွေရဲ့ ဖွံ့ ဖြိုးကြီးထွားမှု မှတ်ဥာဏ်စွမ်းအားတွေ အတွက် အထောက်အကူ အများကြီးပေးပါတယ်။
USDA ရဲ့ လေ့လာတွေ့ရှိချက်အရဆိုရင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ပါဝင်မှုက မြင့်မားတယ်လို့ ဆိုပါတယ်။
Calcium, Iron, Phosphorus, Magnesium, Potassium, Sodium, Zinc စသည်တို့ ပါဝင်ပါတယ်။
Calcium, Phosphorus က အရိုးတွေကို ဖွံ့ ဖြိုးကြီးထွား စေပါတယ်။Iron ဓာတ်ဟာ Hemoglobin Magnesium က စွမ်းအင်နဲ့သွားတွေအတွက် အထောက်အကူပေးပါတယ်။
Potassium, Sodiumြွကက်သားနဲ့ ဦးနှောက်ဖွံ့ ဖြိုးမှု အတွက် ဗီတာမင်တွေ ပါဝင်မှုလည်း မြင့်မားပါသေးတယ်။
Thiamin, Niacin, Riboflavin, Folate, Vitamin B- 6, Vitamin K, Vitamin E တို့ ပါဝင်ပါတယ်။
ပါဝင်တဲ့ ဗီတာမင်တွေက ကလေးတွေရဲ့ ကြီးထွားဖွံ့ ဖြိုးမှု တွေအတွက် အများကြီး အထောက်အပံ့ဖြစ်စေပါတယ်။
အစာအိမ်နဲ့ အစာချေဖျက်ရာမှာလည်း လွယ်ကူပါတယ်။ ကိုယ်ခန္ဓာရဲ့ အသုံးမလိုတဲ့ အဆိပ်အတောက်တွေကိုလည်း ချေဖျက်ပေးပါတယ်။
ဒီလိုအာဟာရပြည့်စုံတဲ့ မနက်စာကို ပုံစံမျိုးစုံလုပ်ကျွေးလို့ ရတဲ့အထဲကမှ ပြီးခဲ့တဲ့ လမှာတော့ (၁) နှစ်အောက် ကလေးတွေ အတွက် ပြင်ဆင်ပုံကို ပြောပြထားပြီး ယခုလမှာတော့ အသက် (၃) နှစ်ကျော် ကလေးတွေအတွက် အဆင်ပြေပြီး ကြိုက်ကြမယ့် ချောကလက်ကို ထည့်ပြီး ပြုလုပ်ပုံကို တင်ပြပါ့မယ်။
ပါဝင်ပစ္စည်းများ
Oatmeal – ထမင်းစားဇွန်း ၃ ဇွန်း
နွားနို့ – ၁/၂ ခွက်
စပျစ်သီးခြောက်
ချောကလက်
ပျားရည်
သစ်ကြံပိုးခေါက်အမှုန့် – အနည်းငယ်
ရေသန့် – ၁/၂ ခွက်
ပြုလုပ်နည်း
၁။ Oatmeal ကို ရေထည့်ပြီး ၅ မိနစ်ခန့် မီးအေးအေးဖြင့် ကျိုပါ။(မွှေပေးနေရပါမယ်)
၂။ ကျိုချက်ပြီးတဲ့ Oatmeal ကို အအေးခံပြီး နွားနို့ထည့်ပါ။ စပျစ်သီးခြောက်ထည့်ပြီး ချောကလက်ထည့်၍ မနက်စာအဖြစ် ကျွေးပါ။
၃။ ကျောင်းသွားခါနီးကလေးတွေအတွက် အာဟာရပြည့်ဝပြီး ကျွေးသင့်တဲ့မနက်စာပါ။