
by May’s Healthy Food for Food Magazine
စပါကတီချက်တဲ့အထဲမှာတော့ ဒါက အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်တဲ့အပြင် သမီးအကြိုက်ဆုံး စပါကတီပါ။ အီတလီ ဟင်းခတ်အမွှေးအကြိုင်ကို အဓိကထား သုံးထားပြီး ဝက်ပေါင်ခြောက်ရဲ့ အရသာတစ်မျိုးတည်းနဲ့ ပြင်ဆင်ချက်ပြုတ်ရတာပါ။ အရသာရှိမယ်၊ အာဟာရရှိမယ်၊ လွယ်ကူမြန်ဆန်မယ်ဆိုတာတော့ ပြောစရာမလိုတော့ပါဘူးနော်။
ပါဝင်ပစ္စည်းများ
စပါကတီခေါက်ဆွဲ
ပန်းရောင်ဆား – အနည်းငယ်
သံလွင်ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ – ၂ မြွှာ
ဝက်ပေါင်ခြောက်
အီတလီဟင်းခတ်အမွှေးအကြိုင် – အနည်းငယ်
ထောပတ် – ထမင်းစားဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်း – အနည်းငယ်
ပြုလုပ်နည်း
၁။ ရေနွေးဆူဆူထဲ ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး စပါကတီခေါက်ဆွဲကို ပြုတ်ပါ။
၂။ ခေါက်ဆွဲပြုတ်ပြီးသားကို ရေစစ်ထားပါ။
၃။ ဒယ်အိုးထဲ ဆီမထည့်ဘဲ ဝက်ပေါင်ခြောက်ကို အနေတော်လှီးဖြတ်ပြီး အိုးကင်ပူတိုက်ပါ။
၄။ ဝက်ပေါင်ခြောက်များြွကပ်လာပြီး ဆီထွက်လာလျှင် ကြက်သွန်ဖြူ နုပ်နုပ်စဉ်းထားတာကို ထည့်ပါ။
၅။ ကြက်သွန်ဖြူမွှေးလာပြီဆိုလျှင် ခေါက်ဆွဲထည့်ပြီး ထောပတ်ထည့်၍ မွှေပါ။
၆။ ထို့နောက် အီတလီအမွှေးအကြိုင်၊ ငရုတ်ကောင်းနှင့် ပန်းရောင်ဆားတို့ကို သင့်တော်သလို အနည်းငယ်စီထည့်ပေးပြီးလျှင် စားဖို့အဆင်သင့်ဖြစ်ပါပြီ။
ဝက်ပေါင်ခြောက်မှာ ဆားပါပြီးသားမို့ မငန်စေရန် သတိပြုပါ။