
ဒီဟင်းကတော့ ကလေးတွေအကြိုက် ချိုချိုလေး ချက်ထားပါတယ်။ ကြာဆံကို ကိုရီးယားကန်စွန်းဥကြာဆံကို အသုံးပြုထားတာမို့ ထမင်းနဲ့မစားလည်း ကာဗိုဟိုက်ဒရိတ် ပါပြီးသားပါနော်။ ကလေးတို့အတွက် ချက်ကြည့်ရအောင်…။
by May's Healthy Food for Food Magazine
ပါ၀င္ပစၥည္းမ်ား
ကြာစွယ်- ၁ ခု
ကိုရီးယားကြာဆံ- အနည်းငယ်
ဝက်သား- ၁၀ ကျပ်သား (ခပ်ပါးပါးလှီးပါ)
ချင်း- လက်တစ်ဆစ် (အရည်ညှစ်ထားပါ)
ကြက်သွန်ဖြူ- ၂ မြွှာ (အနှစ်ရအောင် ခြစ်ထားပါ)
ဆား- အနည်းငယ်
ငရုတ်ကောင်း- အနည်းငယ်
သကြားညို- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဂျပန်ပဲငံပြာရည်- ထမင်းစားဇွန်း ၁ ဇွန်း
ဆီ- ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ဝက်သားကို ရေဆေးသန့်စင်ပြီး ခပ်ပါးပါးလှီးထားပါ။
၂။ ဆား၊ ငရုတ်ကောင်း၊ ချင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ သကြား စသည်တို့ဖြင့် နယ် ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။
၃။ ကြာစွယ်ကို သန့်စင်ပြီး အနေတော် ပိုင်းဖြတ်ထားပါ။
၄။ ကိုရီးယားကြာဆံကို ရေနွေးစိမ်ထားပါ။
ချက်ပြုတ်နည်း
၁။ အိုးထဲ ဆီထည့်ပြီး ပူလာလျှင် ဝက်သားထည့်၊ ကြာစွယ်ထည့်ပြီး မွှေးလာသည်အထိ လုံးပါ။
၂။ ထို့နောက် ရေနွေးကို မြုပ်အောင် ထည့်ပြီး ဝက်သားနူးမှ ကိုရီးယားကြာဆံထည့်ပါ။
၃။ ၅ မိနစ်ခန့် တည်ပြီးလျှင် အရသာမြည်း၍ မီးဖိုပေါ်မှ ချပါ။