
by အာဂ for Food Magazine
အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။
အချက်အပြုတ်ကို ငယ်ငယ်ကတည်းက အိမ်မှာ ဆိုရင် အမေက ချက်ပေးတာကို ဘေးနားကနေပြီးတော့ လိုက်ကြည့်ဖြစ်တယ်။ ကူညီလုပ်ကိုင်ရင်းနဲ့ လိုက်ပြီးတော့ လုပ်ဖြစ်တာကနေ စပြီးတော့ ဝါသနာပါလာတယ်လို့ ထင်ပါ တယ်။ အခုအသက်ကြီးလာတော့လည်း ကိုယ်ချက်စား ချင်တာလေးတွေကို You Tube ကနေ ကြည့်ပြီးတော့ ချက်ပြုတ်ဖြစ်ပါတယ်။
အခု အာလူးချိစ်ကြော်လေးကို ပရိသတ်ကို လုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။
ဒါလေးကတော့ ညီမက အာလူးစားရတာ ကြိုက် တယ်။ ပြီးတော့ ချိစ်တို့လို အီတဲ့ဘက်ကိုသွားတဲ့ဟာမျိုး လေးကိုလည်း ကြိုက်တယ်ဆိုတော့ အခုလို အာလူးနဲ့ ချိစ်လေးနဲ့ ကြော်လိုက်တဲ့ ပုံစံမျိုးလေး၊ စားရတဲ့သူလည်း အဆင်ပြေအောင် အချိုပွဲပုံစံမျိုးလေး လုပ်လိုက်တာပါ။
ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိ သေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိ သလဲ။
ပထမဆုံးလုပ်ဖြစ်တာက ကြက်သားနဲ့ အာလူးနဲ့ ချက်တာပါ။ အရသာကတော့ မဆိုးပါဘူး။ ကိုယ်တစ် ယောက်ကတော့ စားလို့ရတယ်။ အိမ်ကလူတွေကတော့ နည်းနည်းပေါ့တယ်၊ ငန်တယ်ပေါ့။ တစ်ယောက်နဲ့တစ် ယောက်က အကြိုက်ချင်းမတူတော့လေ။ ဒါပေမဲ့ လွှင့်ပစ် လိုက်ရတဲ့ ဟင်းပွဲထဲမှာတော့ မပါပါဘူး။ အဆင်ပြေသွား ပါတယ်။
ညီမလေးချက်တဲ့ ဟင်းထဲမှာ လူကြိုက်အများဆုံးက ဘာဟင်းဖြစ်မလဲ။
ညီမ ချက်တဲ့အထဲမှာ လူကြိုက်အများဆုံးက လက်ဖက်သုပ်ပါ။ ညီမက လက်ဖက်ကို ချဉ်စပ်လေး ဖြစ်အောင် ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီတို့နဲ့ သုပ် တာပါ။ အိမ်က ညီအစ်မတွေလည်း ပျင်းလို့ရှိရင် သုပ်စား ဖြစ်ပါတယ်။ သူတို့လည်း တော်တော်ကြိုက်တယ်။ ဒီ လက်ဖက်သုပ်လေးကတော့ ကိုယ့်ကိုယ်ကိုယ် ဘဝင်ကျမိ ပါတယ်။
အဲဒီလို ညီမလေးသုပ်တဲ့ လက်ဖက်သုပ်ကို စားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။
အဲဒီလိုမျိုးဆိုရင်တော့ ပျော်တာပေါ့။ အရမ်းပျော်ဖို့ ကောင်းတယ်။
အချက်အပြုတ်ကို ဘယ်သူ့ဆီက အဓိက သင်ယူဖြစ် လဲ။
အိမ်မှာတော့ ညီမရဲ့ အမေဆီက အဓိက သင်ဖြစ်ပါ တယ်။
ငယ်ငယ်က ကြိုက်ပြီး ကြီးမှမကြိုက်တာ၊ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာမျိုးဆိုရင်ရော။
အဲဒါဆိုရင် ငယ်ငယ်ကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တဲ့ အစားအစာတော့ မရှိဘူး။ ဒါပေမဲ့ ညီမက ငယ်ငယ်လေးကတည်းက မကြိုက်တာ ဥပမာ- ကြက် ဟင်းခါးသီးလိုမျိုး ခါးတဲ့အရသာရှိတဲ့ ဟင်းတွေဆိုရင် အခုအသက်ကြီးတဲ့အထိ လုံးဝမစားဖြစ်ပါဘူး။
အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ် အပျက်လေးတွေ ရှိရင်လည်း ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံး မျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။
အဲဒီလို အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်ဆိုရင် ငယ်ငယ်က ပထမဆုံး ဒယ်အိုးနဲ့ စပြီးတော့ လုပ်ဖြစ်တဲ့ ဘဲဥကြော်က ကိုယ်ကြော်လည်း ကြော်လိုက်ရော တူးပြီးတော့ အမြှုပ်တွေထွက်လာလို့ မစားဘဲ ပစ်လိုက်ရတယ်။ ဒါလေးကတော့ အမှတ်တရပါပဲ။
မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာ ဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာ ကိုရော…။
မနက်စာကိုတော့ များသောအားဖြင့် ပေါင်မုန့်နဲ့ နွားနို့ လောက်ပဲ သောက်ဖြစ်တာများတယ်။ နေ့လယ်ပိုင်းကျရင် တော့ ထမင်းနဲ့ဟင်းပေါ့။ ညစာကတော့ စားဖြစ်တဲ့နေ့ လည်း စားဖြစ်တယ်။ မစားဖြစ်တဲ့ နေ့လည်း မစားဖြစ်ဘူး။သြိပ ကို ထိန်းရမှာဖြစ်တဲ့အတွက်လည်း ပါတယ်။ ဥပမာ- အလုပ်က ည ၇ နာရီ၊ ၈ နာရီလောက်မှ ပြန်ရောက်လို့ ညစာစားလိုက်ရင် ဝိတ်တက်တယ်။ ဒီတော့ ညစာကိုလည်း အသီးလေးတွေပဲ စားဖြစ်ပါတယ်။
စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့ လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရော ရှိလား။
တစ်သက်မမေ့လောက်တာကတော့ ဩဇီသွား တုန်းက စားခဲ့ရတဲ့ Beef Steak ပါ။ ဩဇီမှာကျတော့ Beef တွေက အရမ်းပေါတယ်။ ပေါတော့ အမျိုးမျိုးရှိတယ်။ ဟမ်ဘာဂါဆိုလို့ရှိရင်လည်း Beef အမျှင်လေးတွေနဲ့ပေါ့။ အဲဒါကတော့ အခုလတ်တလော အရမ်းကိုစားချင်နေတဲ့ အစားအစာလေးပါ။
စားဖူးသမျှထဲမှာ ထူးထူးဆန်းဆန်းဖြစ်တာမျိုးရော စားဖူးလား။
ထူးထူးဆန်းဆန်းဆိုရင် စားဖူးတယ်။ နိုင်ငံခြားသွား တုန်းက သိုးသားကို အကောင်လိုက်ကြီး ကင်ပြီး ကိုယ့်ကို ကျွေးတာ။ ကိုယ်ကလည်း တစ်ခါမှမစားဘူးတော့ ကြောက် လည်းကြောက်တယ်။ ဒါပေမဲ့ သိုးသားက အရမ်းစားလို့ ကောင်းပြီး အရမ်းလည်း ချိုတယ်။ အဲဒါကတော့ ကိုယ့် အတွက် အထူးခြားဆုံးပေါ့။
အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။
ရှိပါတယ်။ အားလပ်ရက်တွေမှာ စောစောက ညီမ ပြောသလို Dessert လေးတွေ လုပ်စားဖြစ်ပါတယ်။ ဥပမာ- သာဂူကျိုသောက်တာမျိုး၊ မုန့်လုံးရေပေါ် လုပ်စား တာမျိုး၊ ပေါင်မုန့်ကြက်ဥကြော်လုပ်စားတာမျိုးပေါ့။ ဒါလေး တွေက First Food လိုမျိုးဆိုတော့ အိမ်မှာ အားတဲ့အချိန် ကိုယ့်ဘာသာကိုယ် လုပ်စားဖြစ်တယ်။
ညီမက ရှုတင်တွေ ဘာတွေ သွားရင်ရော ထမင်းချိုင့် ယူလေ့ ရှိလား။
ထမင်းချိုင့်ကတော့ အရင်က အိမ်မှာ မားမားအားရင် ထည့်ပေးပါတယ်။ နောက်ပိုင်း နေ့စဉ်လိုလို လနဲ့ချီပြီး ရိုက်ရတော့ အိမ်ကလည်း မထည့်ပေးဖြစ်တော့ဘူး။ တစ်ခါတလေ သူငယ်ချင်းတွေက ထမင်းတွေ၊ ဟင်းတွေ ချက်လာပြီး စုစားကြတာမျိုးပဲရှိတယ်။
ကိုယ်မစားဖူးတဲ့အစားအသောက်တွေကို မြည်းစမ်း ချင်စိတ်ရှိလား။ ဘယ်လိုအရသာမျိုးကို မြည်းစမ်း ချင်လဲ။
ကိုယ်မစားဖူးတဲ့ အစားအသောက်ဆို မြည်းစမ်းချင် စိတ် ရှိပါတယ်။ ချဉ်တာတို့၊ စပ်တာတို့ဘက် နွယ်တာမျိုးဆို ပိုမြည်းစမ်းချင်ပါတယ်။
တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာ တို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာ ရှိတယ်။ ညီမလေးကရော…။
အဲဒီလိုတော့ မရှိပါဘူး။ ညီမကတော့ ပျော်လည်း စားတယ်။ မပျော်လည်း စားတယ်။ စိတ်ညစ်လည်း စား တယ်။ အစားအသောက်နဲ့ကိုယ်နဲ့က အမြဲတမ်းတွဲလျက်ပဲ။အပြင်သွားပြီဆိုတာနဲ့ ဘယ်မုန့်ဆိုင်ကောင်းတယ်ဆိုတာ အရင်ဆုံး စဉ်းစားတယ်။ စားပြီးတော့ တခြား ဝယ်စရာ ရှိတာ ဝယ်တယ်။ သွားစရာရှိတာ သွားတယ်။
ညီမလေးရဲ့ အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အမြင်လေးကို ပြောပြပေးပါဦး။
အစားအသောက်နဲ့ ကျန်းမာရေးဆိုတာ တိုက်ရိုက် အချိုးကျတယ်လို့ ညီမက မြင်တယ်။ အစားအသောက်ကို မထိန်းသိမ်းနိုင်ရင် ရောဂါဘယလည်း ဝင်တတ်တယ်။ ဒီတော့ နေ့စဉ် အစားလေးလည်း ပုံမှန်စားမယ်။ ပရိုတင်း ဓာတ်ပဲဖြစ်ဖြစ်၊ ဗီတာမင်ဓာတ်ပဲဖြစ်ဖြစ် ကိုယ့်ဘာသာကို ညီမျှအောင်စားမယ်။နောက်ပြီး ကိုယ်စားလိုက်တဲ့ အစား အစာနဲ့ ကိုယ်Workout လုပ်တဲ့ ပမာဏနဲ့ ညီလား၊ မညီ လား။ ကိုယ့်အတွက် အာဟာရက ဘယ်လောက်အထိ ရနိုင်သလဲဆိုတာမျိုးလေးတွေကို ညီမက အမြဲတမ်း စဉ်းစားပြီးမှ စားဖြစ်တယ်။ ဒီတော့ အစားအသောက်နဲ့ ကျန်းမာရေးက ထပ်တူကျတယ်လို့ ထင်ပါတယ်။
အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။
အိမ်က အမေချက်တာဆိုရင် အကုန်ကြိုက်ပါတယ်။အကြိုက်ဆုံးဆိုလို့ ရှိရင်တော့ ဝက်သားနဲ့ အာလူးကို ပဲငံပြာရည်လေးနဲ့ အချိုချက် ချက်တာမျိုးကို အကြိုက် ဆုံးပါပဲ။
နိုင်ငံတကာ အစားအသောက်မှာ ဘယ်အစား အသောက်ကို ကြိုက်လဲ။
နိုင်ငံတကာအစားအသောက်တွေကျတော့ ဘယ်လို ပြောရမလဲ။ ထိုင်းနဲ့ တရုတ်စာကတော့ ညီမအစားဖြစ် ဆုံးပါပဲ။
နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို လွမ်းဆွတ်တမ်းတမိပါသလဲ။
လွမ်းတာပေါ့။ မြန်မာထမင်းဟင်းတွေဆိုရင် အရမ်း လွမ်းတယ်။ နိုင်ငံခြားသွားတုန်းက ညီမနဲ့ အရမ်းခင်တဲ့ အစ်မတွေ၊ အဒေါ်တွေအိမ်မှာနေတယ်။ သီချင်းမဆိုရတဲ့ အချိန်တွေဆိုရင် အိမ်က ဟင်းတွေ တမ်းတပြီး မားမားကို ဖုန်းလှမ်းဆက်ပြီး မားမားရေ… ဒီဟင်း၊ ဒီဟင်းလေးတော့ ချက်ချင်တယ်ဆိုပြီးပြောတော့ မာမားက ဗီဒီယို Call နဲ့ ပြောပြပြီးရင် ကိုယ့်ဘာသာကို ချက်စားရတယ်။
ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန် ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီး သတိရတာမျိုးပေါ့။
အဲဒါမျိုးဆိုရင်တော့ မာလာရှမ်းကောပါ။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် သွားစားလွန်းလို့။ သူငယ်ချင်းအသစ်နဲ့လည်း စားတယ်။ အဟောင်းနဲ့လည်း စားတယ်။ မာလာရှမ်းကော ကတော့ ကိုယ့်အတွက် အမှတ်တရပါပဲ။ နောက်ပြီးတော့ ခေါင်းအုံးမုန့်လေးတွေ၊ ပိုက်လုံးမုန့်တွေ စားမိရင်တော့ ငယ်ငယ်က ကျောင်းတက်တုန်းက ဘဝကို ပြန်ပြီးတော့ သတိရမိတယ်။
စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။
အိမ်မှာ ပိုစားချင်တယ်။
ညီမလေးတို့ စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူး ထင်တဲ့ အစားအစာဆိုရင်ရော။ ဈေးပေါပြီး တန်တယ် ထင်တာမျိုးရော ရှိလား။
ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာတွေကို ကြုံတော့ ကြုံဖူးတယ်။ တချို့ဆိုင်တွေကျတော့လည်း Decoration ဆင်နေတာနဲ့ဘာနဲ့ ကုန်ကျစရိတ်တွေ များ သွားတော့ ကိုယ်မှာတာနဲ့ ကိုယ်ရလာတဲ့ပမာဏနဲ့ မကိုက် ညီတဲ့အခါမျိုးတော့ ကြုံဖူးတယ်။ အရသာရှိရင်တော့ ဘယ်လောက်ပဲပေးရပေးရ တန်တယ်။ အချို့ကျတော့ အရသာလည်း မရှိဘူး။ ဈေးလည်းကြီးတယ်လေ။
ညီမလေးအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေရောပေါ့။
အကြိုက်ဆုံးအသီးအနှံဆိုရင် ညီမက ဖရဲသီးနဲ့ ပန်းသစ်တော်သီးကြိုက်တယ်။ အသီးအရွက်ထဲမှာဆိုရင် ချဉ်ပေါင်ရွက်အရမ်းကြိုက်တယ်။ ကန်စွန်းရွက်၊ မုန်ညင်း ရွက် ကြိုက်ပါတယ်။ သားငါးထဲမှာဆိုရင် ငါးကို ပိုကြိုက် တယ်။ ငါးဆိုရင် ငါးသလောက်ပေါင်းကို ကြိုက်တယ်။ ငါးမြစ်ချင်း ကြိုက်တယ်။ ငါးနီတူကြိုက်တယ်။ ဖျော်ရည် ထဲမှာဆိုရင်တော့ သင်္ဘောသီး၊ ထောပတ်သီးဖျော်ရည် ကြိုက်တယ်။
အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစား အသောက် စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။
တွေ့ဖူးတယ်။ ရွံလည်းရွံတတ်တယ်။ ဒါပေမဲ့ အရမ်း ကြီးတော့ မဟုတ်ဘူး။ ဥပမာ- ဆံပင်လေး တစ်မျှင်လောက် တွေ့တာလောက်တော့ မရွံတတ်ပါဘူး။ သူငယ်ချင်းတွေ စနောက်ရင်တော့ ဂရုမစိုက်ဘူး။ စားတာပါပဲ။
အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်မယ်လို့ ထင်လား။
ထင်ပါတယ်။ ဥပမာ- မြန်မာနိုင်ငံမှာဆိုလို့ရှိရင် လက်ဖက်သုပ်၊ မုန့်ဟင်းခါး၊ မုန့်လင်မယား၊ ဘိန်းမုန့်၊ လမ်းသရဲမုန့် စသဖြင့်က မြန်မာ့ရိုးရာ တကယ့်မုန့် တွေပေါ့။ ထိုင်းဆိုလည်း ထိုင်းရိုးရာအလျောက်ပေါ့။ တရုတ်ဆိုရင်လည်း တရုတ်နိုင်ငံအလျောက်ပေါ့။ ဒီတော့ အစား အသောက်က နိုင်ငံရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်ပါတယ်။
ရှေ့ဆက်လုပ်မယ့် အနုပညာလှုပ်ရှားမှုလေးတွေကရော…။
အခု ညီမကMRTV-4 မှာSeason အသစ်လေး ရိုက်ထားပါတယ်။ အဲဒါလေးက မကြာမီအချိန်အတွင်း မှာ ပြသပါတော့မယ်။ နောက်ပြီးတော့ စာမျက်နှာသစ်Season (1),Season (2) ကို Canal + မှာ လွှင့်ပြီး သွားပါပြီ။ အဲဒီဇာတ်လမ်းတွဲလေးလည်းMRTV-4 မှာ ပြန်လာဖို့ ရှိပါတယ်။ အဲဒီမှာ နန့်ချစ် သရုပ်ဆောင် ထားတာလေးကိုလည်း အားပေးပါဦးလို့။ ပြီးရင် ဒီတစ်လ၊ နှစ်လအတွင်းမှာ နန့်ချစ် သီချင်းအသစ်လေး
တစ်ပုဒ်၊ နှစ်ပုဒ်လောက် ထွက်ဖို့ရှိပါတယ်။ နောက်နှစ်အတွင်းမှာဆိုရင်လည်း နန်းချစ်ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလေး ထွက်မှာပါ။ ပထမSuprise အခွေလေးကတော့ ၂၀၁၈ က ထွက်ပြီးပါပြီ။
အခု ချက်ပြတဲ့ အာလူးချိစ်ကြော်လေးကို လိုက်ချက်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။
အခုဟာလေးက ဘာပဲပြောပြော လူတိုင်းလည်း လိုက်လုပ်စားဖို့ လွယ်တယ်။ အချိန်လည်းမကုန်ပါဘူး။ငွေလည်း အများကြီးမကုန်ပါဘူး။ အာဟာရလည်းရှိတယ်။ ဒီတော့ ဒါလေးကို မိသားစုတွေ အားတဲ့ရက်မှာ လိုက် လုပ်စားကြည့်ပါလို့ ပြောချင်ပါတယ်။
အာဂ မေးမြန်းရေးသားသည်
နန့်ချစ်နဒီဇော်ရဲ့ Potato Cheese Sticks
ပါဝင်ပစ္စည်းများ
Mozzarella – ၂ဝဝ ဂရမ်
အာလူး- ရဝဝ ဂရမ်
ငရုတ်ကောင်းမှုန့်- အနည်းငယ်
ကြက်ဥ- ၂ လုံး
ပေါင်မုန့်ခြောက်မှုန့်- စားပွဲဇွန်း ၆ ဇွန်း
ဂျုံမှုန့်- စားပွဲဇွန်း ၅ ဇွန်း
ဆား- အနည်းငယ်
ဆီ- ၃၀ မီလီလီတာ (ကြော်ရန်)
ပြုလုပ်နည်း
၁။ အာလူးကို စင်ကြယ်အောင် ဆေးပါ။ ရေဆူဆူမှာ အာလူးများနူးသည်အထိ ပြုတ်ပါ။ အာလူးကို အအေးခံ၍ အခွံနွှာပြီး ကြေညက်သည်အထိ ကြိတ်ပါ။ ကြိတ်ထားသော အာလူးကို ဇလုံတစ်လုံးထဲ ထည့်၍ ဆား၊ ငရုတ်ကောင်းမှုန့် ထည့်ပြီး သမအောင် နယ်ထားပါ။
၂။ Mozzarella Cheese ကို အချောင်းပုံစံလေးတွေ လှီးထားပါ။
၃။ ကြက်ဥကို ခေါက်ထားပါ။ ပေါင်မုန့်ခြောက်မှုန့်ကို ပန်းကန်ထဲ ထည့်ထားပါ။ ဂျုံမှုန့်ကို လည်း ပန်းကန်ထဲ ထည့်ထားပါ။
၄။ ကြိတ်ထားသောအာလူးကို အချောင်းပုံစံလေးလုပ်ပြီး အချောင်းပုံစံ Mozzarella Cheese ကို အဆာသွတ်ပါ။Cheese သွတ်ထားသော အာလူးချောင်းကို ဂျုံမှုန့် ကပ်ပါ။ ပြီးလျှင် ကြက်ဥနှစ်ပါ။ ပြီးလျှင် ပေါင်မုန့်ခြောက်မှုန့်ကပ်ပြီး ဆီပူပူမှာ ရွှေညိုရောင်သန်း သည်အထိ ကြော်ပါ။ ပြီးလျှင် အအေးခံပြီး ဆော့စ်ဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။