အဆစ်အမြစ်ရောင် ဝေဒနာရှင်များအတွက် စားသင့်သည့် အစားအစာများ

အဆစ်အမြစ်ရောင် ဝေဒနာရှင်များကတော့ ရောင်ရမ်းတာ သက်သာစေမယ့် အစားအစာတွေကို အဓိကထားပြီး ရွေးချယ်စားပေးဖို့ လိုအပ်ပါတယ်။

စားသုံးသင့်သော ဆီအမျိုးအစား

ဆီဆိုရင်တော့  အများသိတဲ့အတိုင်း ပြည့်ဝဆီ (Saturated Fat) နှင့် မပြည့်ဝဆီ (Unsaturated Fat) ဆိုပြီး အဓိက (၂) မျိုး ရှိပါတယ်။ မပြည့်ဝဆီ (Unsaturated Fat) မှာလည်း Monounsaturated Fatty Acid (MUFA) နှင့် Polyunsaturated Fatty Acid (PUFA) ဆိုပြီး (၂) မျိုးရှိပါတယ်။

Monounsaturated Fatty Acid (MUFA) ကတော့ မကောင်းတဲ့ ကိုလက်စထရော (LDL) ကို ကျစေပြီး ကောင်းတဲ့ ကိုလက်စထရော (HDL) ကို တက်စေပါတယ်။

Polyunsaturated Fatty Acid (PUFA) ကတော့Total Cholesterol ကို ကျစေပါတယ်။

ဆီတစ်မျိုးက ကျန်းမာရေးအတွက် ကောင်း မကောင်းဆိုတာ  အဲဒီဆီမှာ ပါဝင်တဲ့ ပြည့်ဝဆီနှင့် မပြည့်ဝ ဆီပါဝင်တဲ့ အချိုးအဆအပေါ်မှာ မူတည်ပါတယ်။

ဥပမာ-

၁။        သံလွင်ဆီ – ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပြီး လူသိများတဲ့ ဆီတစ်မျိုးပါ။ တစ်နည်းအားဖြင့် Monounsaturated Fatty Acid (MUFA)  ပါဝင်မှုအချိုးအစား များတဲ့အတွက်ကြောင့်ပါ။ ဒါ့အပြင် ရောင်ရမ်းခြင်းကို သက်သာစေတဲ့ Antiinflammatory Action ရှိတဲ့ အာဟာရဓာတ် တွေဖြစ်တဲ့ Polyphenols Oleocanthal, Oleuropein, Hydroxytyrosol,Lignans တို့ ပါဝင်တဲ့ အတွက် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ သံလွင်ဆီသုံံးရင် သတိထားရမယ့် အချက်တွေ ကတော့ အဖုံးဖွင့်ပြီး ၆ လအတွင်း ကုန်အောင် သုံးပေးရပါမယ်။ ရေခဲသေတ္တာထဲ ထည့်သိမ်းစရာ မလိုပါ။ သံလွင်ဆီ (Extra Virgin Olive Oil) က အပူချိန် သိပ်မခံနိုင်တဲ့အတွက် ဖြစ်နိုင်ရင် ကြော်တဲ့ နေရာမှာ မသုံးဘဲ  အသုပ် (Salad) တွေမှာ သုံးတာ က ပိုအဆင်ပြေပြီး သင့်တော်ပါတယ်။

၂။         Canola Oil –  ယခုနောက်ပိုင်း စူပါမားကက်တွေ မှာ အလွယ်တကူ ဝယ်လို့ရလာတဲ့ Canola Oil ကလည်း ကျန်းမာရေးကို အထောက်အကူ ပြုပါ တယ်။ Monounsaturated Fatty Acid ရော Polyunsaturated Fatty Acid ပါ (၂) မျိုးစလုံး ပါဝင်ပါတယ်။ Canola Oil ကို အသုံးပြုတဲ့နေရာမှာ သတိထားသင့်တဲ့ အချက်ကတော့ အဖုံးဖွင့်ပြီး

၆ လ အတွင်း ကုန်အောင် သုံးရပါမယ်။ အပူချိန် တော်တော်ခံနိုင်တဲ့အတွက်ကြောင့်  ကြော်လှော် တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

၃။        Avocado Oil

၄။        Walnuts Oil

၅။        Grapeseed Oil စတဲ့ ဆီတွေလည်း သုံးပေးလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တော့ ရှားပါတယ်။

၆။        နနွင်း- နနွင်းမှာ Curcumin လို့ခေါ်တဲ့ အာပာရ ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် Anti Inflammatory (ရောင်ရမ်းတာကို သက်သာစေတဲ့) အကျိုး ကျေးဇူးရှိတဲ့အတွက် အဆစ်အမြစ်ရောင်ရမ်းနေ သူတွေအတွက် အသုံးဝင်ပါတယ်။

၇။        အစေ့အဆန်တွေမှာလည်း အိုမီဂါ ၃ ပါတဲ့အတွက် အဆစ်အမြစ်ရောင်တဲ့ သူတွေအတွက် အဆင်ပြေ ပါတယ်။

၈။        ပင်လယ်ငါးတွေဖြစ်တဲ့ ဆော်လမွန်၊ တူနာ၊ ငါးကွမ်း ရှပ်၊ ငါးတန် စတဲ့ ငါးတွေမှာလည်း အိုမီဂါ ၃ ြွကယ်ဝ စွာပါဝင်တဲ့အတွက် အရိုးအဆစ်တွေ ရောင်ရမ်း နာကျင်တာအတွက် ကောင်းပါတယ်။

၉။        ကန်စွန်းဥခရမ်းမှာလည်း Anthocyanin ပါတဲ့ အတွက် အရိုးအဆစ် ရောင်ရမ်းတာကို တစ်ဖက် တစ်လမ်းကနေ သက်သာစေနိုင်ပါတယ်။

Facebook Comments