
ဒီလမှာတော့ ကလေးတွေကို နေ့လယ်စာနဲ့ ညစာ ဆန်ပြုတ်ကျွေးဖို့အတွက် ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးထားပါတယ်။
by Dr. Nyi Nyi Kyaw for Food Magazine
ပါ၀င္ပစၥည္းမ်ား
ထမင်း- ထမင်းစားဇွန်း ၃ ဇွန်း
မုန်လာဥနီ- လက်နှစ်ဆစ်
အရွက်တစ်မျိုးမျိုး – ၄ ခက်
(ကန်စွန်းရွက်၊ ဟင်းနုနယ်၊ ပန်းဂေါ်ဖီ)
ပဲတစ်မျိုးမျိုး – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲ)
ပဲဆီ- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သား (သို့) ငါး- ၃ ကျပ်သားခန့်
ခ်က္နည္း
၁။ ကြက်သား (သို့) ငါးကို ပြုတ်ပါ။
၂။ ပြီးလျှင် ပဲထည့်ပြုတ်ပါ။
၃။ ပဲနူးလာပြီဆိုလျှင် ကျန်တဲ့ပစ္စည်းများကို ထည့်ပြီး ပြုတ်ပါ။
၄။ ဆား၊ အချိုမှုန့် လုံးဝထည့်စရာ မလိုပါ။
၅။ နူးပြီး ပြဲနေအောင် ပြုတ်ပါ။
၆။ အိမ်မှာ ကြိတ်စက်ရှိလျှင် ယခုနူးပြဲနေအောင် ပြုတ်ထားတာတွေကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။ (အသက် ၉ လကျော်လျှင် ကြိတ်စက်ထဲ ထည့်ကြိတ်စရာ မလို တော့ပါ။)
၇။ အိမ်မှာ ကြိတ်စက်မရှိလျှင် ဇွန်းဖြင့် ခြေပေးပါ။
၈။ ယခုဖော်ပြထားတဲ့ ပမာဏက တစ်ကြိမ်စားဖို့အတွက် ဖြစ်ပါတယ်။ အဲဒါမျိုး တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ် ကျွေးပေးပါ။