အုန်းနို့ပေါင်မုန့်သာဂူ

by May’s Healthy Food

ဒီမုန့်လေးကတော့ မြန်မာလူမျိုးတွေအတွက် မစိမ်းတဲ့ ပေါင်မုန့်အုန်းနို့ဆမ်းကိုမှ သာဂူအစိမ်းလေးတွေ၊ စပျစ်ခြောက်လေးတွေကို ထပ်ဖြည့်ထည့်ထားတာပါ။ နေ့လယ် အဆာပြေသရေစာအဖြစ် အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့မုန့်ကိုမှ ကျွေးချင်တဲ့ မေမေတို့အတွက် တင်ပြပေးတာပါ။ လုပ်ရတာလည်း မခက်လို့ အကြိုက်တွေ့စေမှာပါ။

ပါဝင်ပစ္စည်းများ

သာဂူ –  ရေနွေးကြမ်းပန်းကန် ၁/၂ စာ

ကြိုက်နှစ်သက်ရာပေါင်မုန့်

စပျစ်သီးခြောက်

အုန်းနို့ –  ၁ ဘူး

ဆား –  အနည်းငယ်

သကြား –  ထမင်းစားဇွန်း ၂ ဇွန်း

          (အချိုလိုရင် စိတ်ကြိုက်ထည့်ပါ။ ကလေးအတွက်မို့ သကြားလျှော့ ထည့်ပြီး စပျစ်သီးခြောက်ကို သုံးထားတာပါ။)

ပြုလုပ်နည်း

၁။       အုန်းနို့ကို သကြားနှင့် ဆားထည့်၍ ဆူပွက်ပြီး အနည်းငယ်ပျစ်လာအောင် ကျိုပါ။ စပျစ်သီး ခြောက်ထည့်၍ မီးပိတ်ပြီး အအေးခံပါ။

၂။       သာဂူကို  အစေ့ပျောက်အောင် ကျိုပြီး ရေအေးနှင့်လောင်းကာ အအေးခံရေခဲသေတ္တာထဲ

၁ နာရီခန့် ထည့်ပါ။

၃။       ပွဲပြင်လျှင် အုန်းနို့ပေါင်မုန့်သာဂူ ထည့်ပါ။

          (၂) နှစ်အထက် ကလေးများအတွက်ပါ။

Facebook Comments