ပေါင်မုန့် ပြောင်းဖူးပီဇာ

by May’s Healthy Food for Food Magazine

          ပီဇာကတော့ ကလေးတွေအကြိုက် အစားအစာတစ်မျိုးပါ။ မနက်စာအတွက် အာဟာရလည်း ပြည့်ချင်တယ်၊ လုပ်ရတာလည်းလွယ်ကူပြီး မြန်မြန်ပြီးချင်တယ်ဆိုရင် ပေါင်မုန့် အချပ်ရှိရုံနဲ့ အလွယ်ပီဇာလေး လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ပြောင်းဖူးကိုတော့ အလွယ်တကူ သုံးလို့ရတဲ့ ခြွေပြီးသား ရယ်ဒီမိတ်ကို စီးတီးမတ်ကနေ ဝယ်သုံးထားပါတယ်။ ပြောင်းဖူးအပြင် ကြက်ဥချောင်း၊ ဝက်အူချောင်းနဲ့ ဘေကွန်တို့ကို ထည့်ပေးလို့လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်  –  ၂ ချပ်

ချိစ်  –  ၂ ပြား

ခရမ်းချဉ်သီးဆော့စ်  –  အနည်းငယ်

ထောပတ်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

Oregano  –  အနည်းငယ်

Parsley  –  အနည်းငယ်

Basil  –  အနည်းငယ်

ပြောင်းဖူး  –  ထမင်းစားဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

          အိုဗင်ကို ၂၀ဝ ဒီဂရီစင်တီဂရိတ် ကြိုအပူပေးထားပါ။ ပေါင်မုန့်အချပ်ကို ထောပတ်သုတ်ပြီး ချိစ်အပြားထည့်၍ ခရမ်းချဉ်သီးဆော့စ်သုတ်ပါ။ ပြောင်းဖူးကို အပေါ်ဆုံးမှာ ဖိထည့်ပြီး အီတလီအမှုန့်အစုံနဲ့ ငရုတ်ကောင်းမှုန့်ဖြူး၍ အိုဗင်မှာ ၅ မိနစ်ခန့် ထည့်ဖုတ်ပါ။

          လုပ်ရတာလွယ်ကူပြီး အာဟာရပြည့်တဲ့ ကလေးတို့ကြိုက်တဲ့ အလွယ်ပီဇာရပါပြီ။

Facebook Comments