
by May’s Healthy Food
ကျောင်းဖွင့်ရာသီရောက်လာပြီမို့ ထမင်းဘူးအတွက် ခေါင်းမနောက်ရအောင် ထမင်းဘူးထဲထည့်ဖို့ အဆင်ပြေပြီး လုပ်ရတာလည်း လွယ်ကူပြီး အာဟာရပြည့်မယ့် ဝက်သားလုံးကြော်လေးကို တင်ပြပေးမယ်နော်။ ကလေးတွေရဲ့ ထမင်းဘူးမှာတော့ မပါမဖြစ်က ပရိုတင်းပါပဲ။ တစ်နေ့တာအတွက် လုံလောက်တဲ့ ပရိုတင်းကို စားပေးခြင်းဖြင့် ကလေးတွေရဲ့ ကိုယ်ခန္ဓာဖွံ့ ဖြိုးမှုကို အထောက်အကူဖြစ်စေမှာပါ။
ပါဝင်ပစ္စည်းများ
ဝက်သား – ၂၀ ကျပ်သား
ပြောင်းကော်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
ဆား – အနည်းငယ်
သကြား – ထမင်းစားဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ချင်းအရည် – ထမင်းစားဇွန်း ၁/၂ ဇွန်း
ကြက်သွန်ဖြူအမှုန့် – ထမင်းစားဇွန်း ၁/၂ ဇွန်း
ပြုလုပ်နည်း
၁။ ပါဝင်ပစ္စည်းများကို အကုန်ရော၍ ကြိတ်စက်ဖြင့် ချောမွတ်နေအောင် ကြိတ်ပါ။
၂။ ဆီကိုမြုပ်အောင်ထည့်၍ ဝက်သားကို အနေတော်အလုံးလေးတွေလုံးပြီး မီးအေးအေး ဖြင့် ကြော်ပါ။
မီးပြင်းလျှင် ပေါက်ထွက်ပြီး အထဲမှာ မကျက်ဘဲ ဖြစ်တတ်တာမို့ ဂရုစိုက်ပါ။