Banana Cream Cheese Cake

            ‘အရင်တုန်းကဆိုရင် ဟင်းချက်တဲ့ မီးဖိုချောင်ဆိုရင် ကလေးနဲ့မပတ်သက်တဲ့အရာဘဲလို့ မိဘတိုင်းက ယူဆကြပါတယ်။ အနားမလာနဲ့၊ အပူလောင်မယ်၊ ဓားရှမိမယ်၊ မထိနဲ့ စသည်ဖြင့် မီးဖိုချောင်ဟာ ကလေးတွေနဲ့ လုံးဝကို မအပ်စပ်တဲ့ အရာတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ခုခေတ်မှာတော့ ကလေးတွေနဲ့ အတူတကွ ချက်ပြုတ်တာတွေကို အားပေးလာကြပါတယ်။ ဘာကြောင့်လည်းဆိုရင် ကလေးနဲ့ အတူတူ ဟင်းချက်ပြုတ်ခြင်း ဖြင့် အကျိုးအာနိသင်တွေ ရှိလို့ပါပဲ။ အဓိကကတော့ မီးဖိုချောင်မှာ တူတူချက်ပြုတ်ရင်း သူတို့လေးတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောခွင့်ရလာပါလိမ့်မယ်။

            မဟုတ်ရင် မိဘတွေကလည်း အမြဲ ရုံးအလုပ်၊ အိမ်အလုပ်နဲ့ ရှုပ်နေတာမို့ သူတို့နှင့် အေးအေးဆေးဆေး စကားပြောဖို့ အချိန်သိပ်မရှိပါဘူး။ ဒါ့အပြင် ဒီလို ကိုယ်တိုင်ပါ ဝင်ရောက်ချက်ပြုတ်ရတာမို့ ကလေးများက အစားအသောက်နဲ့ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားမှုလည်း တိုးလာစေပါတယ်။ သင့်ကလေးဟာ အရွယ်ရောက်လာရင် တစ်ခါတစ်ရံ သူတို့ဘာသာ ဟင်းပွဲတွေ ချက်ပြုတ်ခိုင်းတာမျိုးတွေကို လုပ်ခွင့်ပေးသင့်ပါတယ်။ ဒါပေမဲ့ ဟင်းတူတူချက်တဲ့အထဲမှာ ပန်းကန်တွေ ဆေးကြောခိုင်းတာတို့တော့ မပါပါဘူး။’

            အထက်ပါနိဒါန်းကတော့ င်္သသိြေါဖေငညန အမှတ်စဉ်(၁) ၂ဝ၁၂ ဇန်နဝါရီလထုတ်မှာပါတဲ့ နိဒါန်းပါ။ Wutyee Food House ချိုဝတ်ရည်က သူ့ရဲ့ကလောင်ခွဲ ဂျူလီယက် အမည်နဲ့ ကလေးငယ်နှင့် မီးဖိုချောင်ကဏ္ဍအတွက် ဘာသာပြန်ကိုးကားဖော်ပြခဲ့တာပါ။ ပေါ်လိုက်ပျောက်လိုက်နဲ့ ဒီကလေးငယ်နှင့် မီးဖိုချောင်ကဏ္ဍလေးကို ပြန်လည်ဆန်းသစ်ရင်း အမှတ်တရ ပြန်လည်ဖော်ပြလိုက်ရပါတယ်။ အားလပ်ရက်အိမ်မှာ မိသားစုကလေးငယ်လေးများနဲ့ တူတူလုပ်စားနိုင်အောင် မိသားစုပုစွန်ထမင်းကြော်နဲ့ ကလေးတို့ကြိုက်မယ့် Banana Cream Cheese Cake တို့ကို တင်ဆက်လိုက်ရပါတယ်။

By Food Magazine

Kid's_1

Banana Cream Cheese Cake

►   ပါဝင်ပစ္စည်းများ

♦   ကိတ်ဂျူံ (Cake Flour)   –   225 g

♦   ထောပတ်ပျော့ပျော့   –   125 g

♦   ကြက်ဥ   –   3 pcs

♦   သကြား(သို့) အညိုရောင်သကြား   –   150ါ

♦   ဘေကင်ဆိုဒါ   –   1/2 tsp

♦   ဘေကင်ပေါင်ဒါ   –   1 tsp

♦   Cinimon Powder   –  10 gm

♦   Topping Cream   –   60 ml

♦   သီးမွှေးငှက်ပျောသီး(ချေထားရန်)   –   250 g

♦   Cream Cheese (Philadaphia)   –   250 g

♦   ပေါင်ဒါသကြား (Icing Sugar)   –   160 gh

►   မုန့်သားပြုလုပ်ပုံ

၁။        Oven ကို 180° အပူပေးထားပါ။

၂။        ကိတ်ဂျူံ၊ ဘေကင်ဆိုဒါ၊ ဘေကင်ပေါင်ဒါ၊ Cinimon Powder တို့ကို ရောမွှေ ဆန်ခါချထားပါ။

၃။        မွှေစက် (Mixer)ကိုအသုံးပြုပြီး ထောပတ်နဲ့ သကြားကိုမွှေပါ။ ပွပြီး အဖြူရောင်သမ်းလာရင် ကြက်ဥကို တစ်လုံးချင်းထည့် သမသွားသည်ထိ ဆက်မွှေ နောက်တစ်လုံးထည့် ဆက်မွှေ နောက်တစ်လုံးထည့် ဆက်မွှေ ဒီနည်းအတိုင်း ကြက်ဥကုန်သည်ထိ မွှေပါ။

၎။        ရလာသည့်အရောကို စတီးဇောက်ဇလုံကြီးကြီးထဲသို့ ပြောင်းထည့်ပါ။ ဆန်ခါချထားသည့် ကိတ်ဂျုံအရောကိုထည့်ပါ။ ချေထားတဲ့ ငှက်ပျော်သီး၊ Topping Cream တို့ကိုထည့်ပြီး သမသည်ထိ လက်နဲ့နယ်ပါ။

၅။        အသင့်ပြင်ထားတဲ့ မုန့်ဖုတ်မဲ့ခွက်ထဲသို့ မုန့်သားများထည့်ပါ။ မျက်နှာပြင်ညှိပြီး Oven တွင် မိနစ် ၄ဝ လောက်ဖုတ်ပါ။ မုန်သားကျက်ပါက အအေးခံပါ။ မုန့်သားအပေါ်မှ ပုံတွင်ပြထားသည့်အတိုင်း Cream Cheese အရောကို သုတ်လိမ်းပြီးရင်တော့ ကလေးတို့အကြိုက် ငှက်ပျောသီးအနံ့သင်းသင်း Cream Cheese အရသာကဲကဲနဲ့ အရသာရှိလှတဲ့ Banana Cream Cheese Cake ကို သုံးဆောင်နိုင်ပါပြီ။

Kid's_2►   Tips

            Banana Cake ဆိုရင်တော့ အညိုရောင်ရင့်ရင့်ရှိသင့်ပါတယ်။ ဒါကြောင့် သကြားအညိုသုံးရင် ပိုကောင်းပါတယ်။ ဒါမှမဟုတ် သကာရည်၊ ထန်းလျက်ရည်၊ Cinnamonတို့ကိုလည်း အရောင်ရရန် အသုံးပြုနိုင်ပါတယ်။ Cream Cheese သုတ်လိမ်းပြီးရင် ရေခဲသေတ္တာထဲမှာ ခဏအအေးခံထားရင် လှီးဖြတ်ရာမှာ ပုံမပျက်လှီးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Facebook Comments