Banana Pound Cake

kid_1

Banana Pound Cake

            ကလေးငယ်လေးတွေနဲ့ မီးဖိုချောင်ဝင်မယ်ဆိုတော့ ခပ်လွယ်လွယ် လုပ်နည်းလေးတွေ စဉ်းစားမိတာအမှန်ပါ။ အဓိက က သူတို့တွေနဲ့ စကားတွေပြောပြီး အဖွဲ့ကျဖို့လို့ ထင်ပါတယ်။ သို့ပေမဲ့လည်း လွယ်ကူဖို့အပြင် စိတ်ဝင်စားစရာကောင်းဖို့လည်း လိုပါမယ်။ သိကြတဲ့အတိုင်း ပေါင်ကိတ်ဆိုတာ ထောပတ်၊ သကြား၊ ဂျူံ တို့ကို ဆတူထည့် ကြက်ဥကို အချိုးစားတိုင်းထည့်ရင် ဘယ်လိုလုပ်လုပ်ဖြစ်ပါတယ်

            တကယ်တော့ Banana ဆိုတာ သကြားအညိုရောင် သုံးပြီး၊ Cinnamon နံ ပြင်းပြင်း၊ ကိတ်သားကြမ်းကြမ်းနဲ့ ခပ်ညိုညိုအရောင် ဖြစ်ရပါမယ်။ ခုလုပ်ပြမည့် Pound Cake ကတော့ ရိုးရိုးသကြားကို သုံးပြီး ပေါင်ကိတ်အချိုးအစားအတိုင်း လုပ်ထားတာပါ။ သီမွှေးငှက်ပျောသီးနံသင်းသင်းနဲ့ ကလေးငယ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။ လုပ်ကြည့်ကြရအောင် . . .

►   ပါဝင်ပစ္စည်းများ

♦   ထောပတ်ပျော့ပျော့   –   300 g

♦   သကြား   –   300 g

♦   ကိတ်ဂျူံ   –   300 g

♦   သီးမွှေးငှက်ပျောသီး   –   ၃ လုံး

♦   ကြက်ဥ   –   ၆ လုံး

♦   ဘေကင်ပေါင်ဒါ   –   စားပွဲဇွန်း ၁ ဇွန်း

♦   Cinnamon ပေါင်ဒါ   –   စားပွဲဇွန်း ၁ ဇွန်း

♦   နွားနို့   –   စားပွဲဇွန်း ၂ ဇွန်း

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

►   ပြူလုပ်ပုံ

၁။        မုန့်ဖုတ်ခွက် ၃ ခုကို ဘေးဘယ်ညာ ထောပတ်သုတ်ပြီး ဆီစိမ်စက္ကူခင်း အသင့်ပြင်ထားပါ။

၂။        ကိတ်ဂျူံ၊ ဘေကင်ပေါင်ဒါ၊ Cinnamon ပေါင်ဒါတို့ကို ဆန်ခါချထားပါ။

၃။        ထောပတ်ပျော့ပျော့ နှင့် သကြားကို Electric Mixer Bow မွှေစက်ထဲထည့် ထောပတ်အဖြူရောင် သမ်းလာပြီး သကြားနဲ့ရောသွားတဲ့အထိ paddle နှင့် (Beat) ရိုက်ပါ။ ဆက်ပြီး ကြက်ဥများကို တစ်လုံးချင်း ထည့်ပြီး ဆက်ရိုက်ပါ။ ကြက်ဥကုန်လျှင် ငှက်ပျောသီးကို ခြေထည့်ပြီးဆက်ရိုက်ပါ၊

၎။        ရလာသည့် အမှတ်စဉ်(၃) အရောထဲသို့ အမှတ်စဉ် (၂) ကိတ်ဂျူံအရောကို ထည့်ပြီး၊ နွားနို့နှင့် ဆားထည့်ကာ လက်နှင့်အားလုံးသမသွားတဲ့အထိ ဖြည်းဖြည်းမွှေနယ်ပါ။ ပြီးနောက် အသင့်ပြင်ဆင်ထားသော် မုန့်ဖုတ်ခွက် ၃ ခုထဲသို့ တစ်ဝတ်စီ ဖြည့်ထည့်ပါ။ ထိုနောက် အပူချိန် 180ံC ကြိုတင်အပူပေးထားသော အာဗင်ထဲထည့်ပြီး ၄၅ မိနစ်ခန့် ဖုတ်ပါ။ မုန့်ကျက်မကျက်စမ်းသည့် တုတ်တံ (Skewer) နှင့် အလယ်တည့်တည့် ထိုးကြည့်လို့ မုန့်သားများ ကပ်ပါမလာရင် ငှက်ပျောသီးနံသင်းသင်းနဲ့ အရသာရှိတဲ့ Banana Pound Cake ရပါပြီ။

Facebook Comments