Becon Cheese Rice Roll

by May’s Healthy Food for Food Magazine

          ကလေးအများစုက ထမင်းကို ထမင်းပုံစံ ရိုးရိုးထက် ပုံစံအဆန်းတွေဆိုရင် စိတ်ဝင်စားတတ်ကြပါတယ်။ ဒီထမင်းဆုပ်နည်းလေးက ကျောင်းထမင်းဘူးထည့်ပေးရင်လည်း အဆင်ပြေစေပါတယ်။ ပါဝင်တဲ့အာဟာရကတော့ ထမင်းက ရမယ့် ကာဗိုဟိုက်ဒရိတ် ရယ်၊ အသားဓာတ်အတွက်ကတော့ ဝက်ပေါင်ခြောက်ကို သုံးထားတယ်။ ချိစ်ကတော့ ကလေးအကြိုက်တွေထဲက တစ်ခုပေါ့။ ချိစ်ကတော့ နို့ထွက်ပစ္စည်းတွေထဲ ပါဝင်တာမို့ အရိုးအဆစ်အတွက် ကောင်းစေတယ်။ ဒီနည်းလေးက ကလေးတွေလည်း မီးဖိုချောင်မှာ ပါဝင်လို့ ရတာကြောင့် သူတို့လေးတွေကို အစားအသောက် စိတ်ဝင်စားလာအောင် ပြုလုပ်ပေးရာလည်း ရောက်စေမှာပါ။ လုပ်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ချက်ပြီးသား ထမင်း  –  ပန်းကန်လုံး  ၁ လုံးစာ

ဆား  –  အနည်းငယ်

နှမ်းဆီ  –  အနည်းငယ်

ရေညှိခြောက်  –  အနည်းငယ်

ဝက်ပေါင်ခြောက်

ချိစ်အပြား

ပြုလုပ်နည်း

၁။       ချက်ပြီးသားထမင်းကို ဆား၊ နှမ်းဆီ၊ ရေညှိခြောက် အနည်းငယ်ဖြင့်နယ်ပြီး အနေတော်အရွယ် ဆုပ်ထားပါ။

၂။       ထမင်းဆုပ်ကို ချိစ်၊ ဘေကွန်နဲ့ပတ်ပြီး လှိမ့်ပါ။

၃။       ဘေကွန်ထမင်းလိပ်ကို Oven မှာ ၂၀ဝ ဒီဂရီဖြင့် ၁၅ မိနစ်ခန့် ကင်ပါ။ ပြီးလျှင် ကလေးကျွေးဖို့ အသင့်ဖြစ်ပါပြီ။

Facebook Comments