Carrot Apple Pure

ကလေး ခြောက်လကနေ တစ်နှစ်အထက် ဖြည့်စွက်စာအတွက် မုန်လာဥနီ၊ ပန်းသီးအနှစ် လုပ်နည်းလေး လုပ်ကြည့်ရအောင်။ ဒီလုပ်နည်းလေးက ကလေး ခြောက်လ အစာစတင်မိတ်ဆက်တဲ့အခါ အဆာပြေစာအတွက် သင့်တော်ပါတယ်။ သဘာဝအရသာတွေကိုပဲ ရွေးချယ်ပြီး ကျွေးဖို့ လိုအပ်ပါတယ်။ ဆားနဲ့ သကြားကတော့ တစ်နှစ်အောက် အတွက် မလိုအပ်သေးပါဘူး။ အစာသစ်စတင်မိတ်ဆက်တဲ့အခါ အရည်ကျဲကျဲလေးတွေကနေ စတင်ဖို့ အကြံပြုချင်ပါတယ်။ မုန်လာဥနီကို တစ်ပတ်မှာ ၃ ရက်၊ ၄ ရက်ထက် ပိုမကျွေးဖို့လည်း သတိပေးပါရစေ။

Facebook Comments

by May's Healthy Food for Food Magazine

ပါ၀င္ပစၥည္းမ်ား

မုန်လာဥနီ-  ၁ လုံး (အရွယ်တော်)

ပန်းသီး-  တစ်ဝက်

ပြုလုပ်နည်း

၁။        မုန်လာဥနီကို အခွံနွှာပြီး ရေဆေး၍ အနေတော်တုံးပြီး ရေနွေးခံပေါင်းပါ။

၂။         ပန်းသီးကို အခွံနွှာပြီး ရေဆေး၍ အနေတော်တုံးပြီး ရေနွေးခံပေါင်းပါ။

၃။        ထွက်လာတဲ့အရည်တွေကို မသွန်ပစ်ဘဲ နှစ်ခုစလုံးကို ရောပြီး ဖျော်စက်မှာ ချောမွတ် နေအောင် ကြိတ်ပါ။

ကလေး တစ်ခါစားလေးတွေ ခွဲပြီး လေလုံဘူးထဲထည့်၊ ရေခဲသေတ္တာထဲ သိမ်းထားပါ။