
Chedder Cheese Dark Cherry Whisk Cake
ခုလုပ်ပြတဲ့ကိတ်က ချိစ်အရသာကြောင့် ကလေးငယ်တို့အကြိုက်ပါပဲ။ ကိတ်သားကို ကိုယ်ကြိုက်နှစ်သက်သလို ပေါင်ကိတ်၊ စပန့် (Spong)၊ ဝှစ်ကိတ် (Whisk Cake) ကြိုက်နှစ်သက်သလို ပြုလုပ်နိုင်ပါတယ်။ ခုကတော့ ဝှစ်ကိတ်နည်း (Whisk Cake Method) နဲ့လုပ်ထားပါတယ်။ ကြည့်ရအောင်။
► ပါဝင်ပစ္စည်းများ
♦ ကြက်ဥ – 4 pcs
♦ သကြား – 120 g
♦ ကိတ်ဂျုံ (Cake Flour) – 120 g
♦ ဘေကင်ပေါင်ဒါ (Baking Powder) – 1 teaspoon
♦ SP (Shortaning) – 20 g
♦ Heavy Cream (ခရင်မ်) – 40 g
♦ ဆီ – 40 g
♦ သကြားရည် (Sugar Syrup) – အနည်းငယ်
(ကိတ်သားမခြောက်စေရန် သုတ်လိမ်းရန်)
♦ Chedder Cheese – အနည်းငယ် (အပေါ်မှဖြူးရန်)
♦ Dark Cherry – ၄ လုံး
► ပြူလုပ်ပုံ
၁။ မုန့်ဖုတ်ရန် (၄)လက်မအရွယ် မုန့်ဖုတ်ခွက်ကို ဆီစိမ်စက္ကူခံထားသော မုန်ဖုတ်မည့်ဗန်းပေါ်တွင် အသင့်ပြင်ထားပါ။ ကိတ်ဂျုံ၊ ဘေကင်ပေါင်ဒါ တို့ကို ရောပြီးဆန်ခါချထားပါ။
၂။ သကြား၊ ကြက်ဥ၊ SP တို့ကို အဖြူရောင်သမ်းလာပြီး ပွလာသည်ထိ လျှပ်စစ်မွှေစက် (Electric Mixer) မွှေတံ (Whisk) ဖြင့် ရိုက်ပါ။ SP မပါဘဲ ရိုက်လည်းရပါတယ်။ (သို့သော် နောက်ပိုင်း ဂျုံ၊ ဘေကင်ပေါင်ဒါတို့နဲ့ ရောလျှင် ပွလာအောင် ရိုက်ထားသည်များ မကျသွားအောင် သတိထားနယ်ရပါမယ်။ SP ထည့်ထားပါက စိတ်ချလက်ချ ရောနယ်နိုင်ပါတယ်။)
၃။ ပွလာပြီဆိုရင် မွှေတာရပ်ပြီး Heavy Cream၊ ဆီ၊ ဆန်ခါချထားသော ကိတ်ဂျုံအရောကိုထည့်ပြီး လက်နဲ့ သမသွားအောင် အပေါ်အောက်လှန်ပြီး ဖြည်းဖြည်းနယ်ပေးပါ။ ထို့နောက်ရလာသည့်အရောကို အသင့်ပြင်ထားသော မုန့်ဖုတ်ခွက်ထဲသို့ တစ်ဝက်အပြည့်ထည့်ပြီး 180ံC ၄၅ မိနစ်လောက် ဖုတ်ရင် Whisk Cake ကိတ်သားရပါပြီ။
Whisk Cake ဖုတ်ထားတုန်း Butter Cream Cheese လုပ်ပါမယ်။
► Butter Cream Cheese ပါဝင်ပစ္စည်းများ
♦ ဆားလွတ်ထောပတ် (Unsalted Butter) – 200 g
♦ Powder Sugar – 80 g
♦ Cream Cheese – 200 g
ပါဝင်ပစ္စည်းအားလုံးရောပြီး အဖြူရောင်သမ်းပြီး ခပ်ပျော့ပျော့အနေအထား ခရင်မ်ဖြစ်သည်အထိ လျှပ်စစ်မွှေစက် Paddle နှင့်ရိုက်ပါ။ (၁၅) မိနစ် မိနစ် (၂ဝ) လောက် ကြာနိုင်ပါတယ်။
ကိတ်သားရလာပါက အအေးခံ၊ ပုံစံခွက်ထဲမှထုတ် အလွှာသုံးလွှာရအောင် လွှသွားပါသော ဓားဖြင့် ဖြတ်လှီးပါ။ အောက်ဆုံးလွှာကို အပေါ်မှ သကြားရည် စုတ်တံဖြင့် သုတ်လိမ်းပါ။ ပြီးရင် အပေါ်မှ Butter Cream Cheese ကို လိုချင်သလောက် အထူရအောင် သုတ်လိမ်းပါ။ ဒုတိယအလွှာတွင်လည်း ၄င်းကဲ့သို့ပြုလုပ်ပါ။ အပေါ်ဆုံးတွင်လည်း Butter Cream Cheese သုတ်လိမ်းပါ။ နောက်ဆုံး Chedder Cheese ကို ဆန်ခါခွက် (Grater)ဖြင့် ခြစ်ပြီး အပေါ်မှဖြူးပေးပါ။ Chedder Cheese Whisk Cake ရပါပြီ။ ကလေးငယ်တို့နဲ့အတူ မြည်းစမ်းကြည့်ရင်း ပျော်ရွှင်နိုင်ကြပါစေ။
http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet