Cheese Bread Roll

by May’s Healthy Food for Food Magazine

          Food Magazine ပရိသတ်ကြီးအားလုံးပဲ မင်္ဂလာပါနော်။ အာဟာရလည်းပြည့်မယ့် သရေစာလေးတစ်ခုလောက် လုပ်ကြည့်ရအောင်လား။ ကလေးရဲ့ နေ့လယ်အဆာပြေအစားအစာဟာ ဈေးဆိုင်က ၀ယ်ကျွေးတဲ့ အသင့်စား ကြာရှည်ခံအောင်လုပ်၊ အရသာအတွက် MSG တွေပါပြီး အလှပြကျွေးရုံ သရေစာထက် သစ်သီးတွေကျွေးမယ်။ အိမ်လုပ်မုန့် ကွတ်ကီးတွေ ကျွေးမယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ ကလေးကိုကျွေးတဲ့ အစားအစာတိုင်းဟာ အာဟာရပြည့်နေဖို့ လိုအပ်တယ်။ ဒါမှသာ ကျန်းမာဖွံ့ဖြိုးပြီး ကလေးရဲ့ ဘက်စုံဖွံ့ဖြိုးမှုကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ချိစ်မှာ ကယ်လ်စီယမ်၊ Vitamin D နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်တာမို့  ကလေးတို့ရဲ့ အရိုးအဆစ်ကို ဖွံ့ ဖြိုးသန်မာစေပါတယ်။ ဂျုံ၊ ကြက်ဥ စသည်တို့ကလည်း ကလေးအတွက် အာဟာရဖြစ်စေမယ့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် စတဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်  –  ၅ ချပ်

Cheddar Cheese  –  ၅ ပြား

ကြက်ဥ  –  ၁ လုံး

ပေါင်မုန့်ခြောက်

ဆီ

ပြုလုပ်နည်း

၁။       ပေါင်မုန့်ကို ဘေးသားလှီး၍ တလိမ့်တုံးဖြင့် ပြားနေအောင်လှိမ့်ပြီး ချိစ်အပြား ထည့်လိပ်ပါ။

၂။       ကြက်ဥတစ်လုံးကို ခလောက်ထားပါ။

၃။       ပေါင်မုန့်လိပ်ကို ကြက်ဥနှစ်၊ ပေါင်မုန့်ခြောက်ကပ်ပြီး ဆီပူပူမှာ မီးအလယ်အလတ်ဖြင့် ကြော်ပါ။ မီးများလျှင် မြန်မြန်တူးနိုင်ပြီး မီးနည်းလျှင် ပေါင်မုန့်က ဆီစုပ်နိုင်တာကို သတိပြုပါ။

Facebook Comments