Finger Food 2

ယခင်လက ကလေးတွေ အလွယ်တကူစားလို့ရမယ့် Vegetables Finger Food တစ်မျိုးကို ရေးပေးထားပြီး ဒီလမှာတော့ ပေါင်မုန့်နဲ့လုပ်တဲ့ Finger Food ကို ရေးပေးမှာပါ။ပေါင်မုန့်ကို ရှစ်လအထက် ကလေးတွေကိုသာ ကျွေးသင့်ပြီး ပေါင်မုန့်ကြမ်း  (သကြားမပါ)တာကို သုံးစေချင်ပါတယ်။ တစ်နှစ်အထက် ကလေးအတွက်ကတော့ ပေါင်မုန့်ဖြူသုံးလည်း ရပါတယ်။ မနက်စာအတွက်၊ နေ့လယ်သရေစာအတွက် ဘာကျွေးရမလဲလို့ ခဏခဏလာမေးကြတဲ့ မေမေတို့အတွက် လွယ်ကူရှင်းလင်းပြီး အာဟာရရှိတာကို ရွေးချယ် ရေးပေး ထားတာပါ။ မုန်လာဥနီအနှစ်လေးနဲ့ပဲစားစား၊ ချိစ်နဲ့ပဲကျွေးကျွေး အဆင်ပြေပါတယ်။

Facebook Comments

by May's Healthy Food for Food Magazine

ပါ၀င္ပစၥည္းမ်ား

ပေါင်မုန့်

သံလွင်ဆီ

ကြက်သွန်ဖြူအနှစ် (သို့) အမှုန့်

ပြုလုပ်နည်း

၁။        Oven ကို 150˚F အပူပေးထားပါ။

၂။         ပေါင်မုန့်ကို ဘေးသားမပါဘဲ တစ်ကိုက်စာ အနေတော်လေးတွေ လှီးဖြတ်ထားပါ။

၃။        သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်းလောက်နဲ့ ကြက်သွန်ဖြူအနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ ရောမွှေ၍

ပေါင်မုန့်ထဲ ခပ်ဖွဖွရောနယ်ပေးပြီး Oven မှာ ၁၀ မိနစ်ခန့် ဖုတ်ပါ။

တစ်နှစ်အထက် ကလေးတွေအတွက် အီတလီ ဟင်းခတ်အမွှေးအကြိုင်လေး အနည်းငယ်ဖြူးပြီးမှ ဖုတ်ပါ။